၁၀ နှစ်​အရွယ်​မှာ လိင်​ပို်​င်းဆိုင်​ရာအကြမ်းဖက်​ခံခဲ့ရ​ကြောင်း ရင်​ဖွင့်​လာခဲ့တဲ့ မင်းသမီးခရစ္စတီးနား

342

သမီး​လေး ဗစ်​တိုးရီယားရဲ့အမှုကိစ္စဟာ မလိုအပ်​ပဲ အရှုပ်​အ​ထွေးများစွာနဲ့ ပြည်​သူအများ ရင်​နဲ့မဆံ့ခံစား​နေရတဲ့ အမှုကိစ္စတစ်​ခုဖြစ်​သလို သက်​ငယ်​မုဒိမ်းမှုကို အထိ​ရောက်​ဆုံးကိုင်​တွယ်​​ပေးဖို့ဟာ ALinnMyay ပရိသတ်​ကြီးနဲ့အတူ ပြည်​သူအများလိုလား​နေတဲ့ ရင်ထဲက​ဆန္ဒအမှန်​ဖြစ်​ပါတယ်​။

နာမည်​ကြီးအနုပညာရှင်​​တွေဟာလဲ ဒီသက်​ငယ်​မုဒိမ်းမှုနဲ့ပတ်​သက်​ပြီး ပြည်​သူ​တွေ နဲ့ တစ်​သားတည်းရှိ​နေခဲ့တာ အားလုံးအသိပဲဖြစ်​ပါတယ်​။ အခုအခါမှာ​တော့ သရုပ်​​ဆောင်​ခရစ္စတီးတစ်​​ယောက်​ သူငယ်​စဉ်​ချိန်​ကလဲ လိင်​ပိုင်းဆိုင်​ရာအကြမ်းဖက်​မှုကို ကိုယ်​တိုင်​ကြုံ​တွေ့ ခံစားခဲ့ရဖူး​ကြောင်း ရင်​ဖွင့်​​ပြောပြလာခဲ့လို့ AlinnMyay ချစ်​ပရိသတ်​ကြီးတို့ ဖတ်​ရှုနိုင်​ကြ​​ပြီး မျှ​ဝေခံစားနိုင်​ရ​အောင်​ တင်​ဆက်​​ပေးလိုက်​ရပါတယ်​။

” ဘယ်​လို​ပြောရမှန်း​တောင်​မသိဘူး။ ​တော်​​တော်​ကြီးကိုဆိုးရွားခဲ့တယ်​။ ​တော်​​တော်​ပဲ။ အသက်​ ၁၀ နှစ်​ဆိုတဲ့ က​လေးတစ်​​ယောက်​က ဘာမှကိုမသိဘူး​ပေါ့​နော်​။ အဲ့လိုအချိန်​မျိုးမှာ ငါ့ကိုဘာလုပ်​သွားတာလဲ… ဘာကြီးလဲ… အရမ်းကြီးကို တစ်​မျိုးကြီး​ပေါ့​နော်​။ ရှက်​လို့ ဘယ်​သူ့ကိုမှ အစ်​မမ​ပြောပြဘူး။ အဲ့ကိစ္စကို မ​ပြောဘဲနဲ့ ၁၃ နှစ်​၊ ၁၄ နှစ်​​လောက်​​ရောက်​မှ အစ်​မအ​မေကို စ​ပြောတာ…. ဒီကိစ္စကြီးကို အစ်​မတစ်​​ယောက်​တည်းခံစားရတာ​ပေါ့​နော်​။

အိမ်​​အောက်​မှာ အစ်​မကစား​နေရင်းနဲ့​ပေါ့။ ဒီလိုမျိုးလိင်​ပိုင်းဆိုင်​ရာ​စော်​ကားအကြမ်းဖက်​ခံခဲ့ရတာ​ပေါ့​နော်​။ အသိအကျွမ်းထဲက လူကြီးတစ်​​ယောက်​က လုပ်​ခြင်းကိုခံရတာပါ။ နှစ်​နှစ်​သုံးနှစ်​​လောက်​​ တစ်​​ယောက်​တည်းကြိတ်​ခံစားခဲ့ရတယ်​။ အ​ဖေကသ​ဘောင်္လိုက်​​နေတာဆို​တော့ အဲ့ဒီ အချိန်​ကအရမ်းအားငယ်​ခဲ့ရတယ်​ ” လို့ ခရစ္စတီးနားက သူ အသက်​ ၁၀ နှစ်​မှာ ကစား​နေရင်းနဲ့ အသိအကျွမ်းလူကြီးတစ်​​ယောက်​​ကြောင့်​ လိ​င်​ပိုင်း​ဆိုင်ရာေ​စာ်​ကားခံခဲ့ရတဲ့ သူ့အ​တွေ့အကြုံနဲ့ရင်းပြီး ခံစား​ရင်​ဖွင့်​​ပြောဆိုသွားခဲ့တာဖြစ်​ပါတယ်​။

” ဒီလိုကိစ္စ​တွေကို အစ်​မအရမ်းရွံတယ်​။ အစ်​မအရမ်းမုန်းပါတယ်​ ” လို့ ခရစ္စတီးနားဟာ သက်​ငယ်​မုဒိမ်းမှုတရားခံ​တွေကို ​သေဒဏ်​ကျခံ​စေချင်​​ကြောင်း ​ပြောဆိုခဲ့သလို ​သေဒဏ်​မဟုတ်​လို့ ​တစ်​သက်တစ်​ကျွန်းပြစ်​ဒဏ်​ချမယ်​ဆိုရင်​​တောင်​ ​ယောကျာင်္းအချင်းချင်းကျူးလွန်​နိုင်​​သေးတာ​ကြောင့်​ ကျူးလွန်​သူကို တိုက်​ပိတ်​အကျဉ်းချ​ထားသင့်​​ကြောင်း အကြုံပြသွားခဲ့ပါတယ်​။

က​လေးငယ်​​တွေအတွက်​ လိင်​ပိုင်​ဆိုင်​ရာအသိပညာ​ပေးဖို့လိုအပ်​​လာပြီဖြစ်​​ကြောင်း “က​လေး​တွေကို ဗဟုသုတအ​နေနဲ့ သင်​တန်း​တွေ​တောင်​ပို့ချ​ပေးဖို့လို​နေပြီ” လို့ ထုတ်​​ဖော်​​ပြောဆိုခဲ့သလို သူကိုယ်​တိုင်​လည်းဘာမှမသိ​သေးတဲ့ ပီိဘိက​လေးအရွယ်​မှာ ကြုံခဲ့ရတဲ့အ​ခြေအ​နေကို ကိုယ်​ချင်းစာနှိုင်းယှဉ်​ပြီး​ပြောပြသွားခဲ့ပါတယ်​။

EFIL-AlinnMyay(အလင်းမြေ)

Credit..AlinnMyay(အလင်းမြေ)