အစ်မတို့ မိသားစုက နိုင်ငံခြားဆန်တယ်ဆိုတဲ့ ဒေါက်တာမြဝတ်ရည်

221

အွန်လိုင်းပေါ်မှာ မီးသတ်ဌာနနဲ့ ပြသာနာဖြစ်တဲ့ ကိစ္စကစလို့ လူသိများလာတဲ့ ခွဲစိတ်ဆရာဝန် ဒေါက်တာမြဝတ်ရည် ကတော့ငယ်ရွယ်ပြီး ထက်ထက်မြက်မြက် သွက်သွက်လက်လက် ဆရာဝန်တစ်ယောက် ဆိုတာသိပြီးလောက်မှာပါ။ မဟုတ်မခံဆက်ဆက်ကျဲလေးမို့ ဒေါက်တာမြဝတ်ရည် ကိုဝန်းရံကျတဲ့ ချစ်ပရိတ်သတ်များစွာလဲရှိပြီး လက်ရှိမှာ လူသိများတဲ့ ဆရာဝန်တစ်ယောက်လဲ ဖြစ်ပါတယ်။ ဒေါက်တာမြဝတ်ရည်ကတော့ ပညာတော်တဲ့ သူတယောက်ဖြစ်သလို သူ့မိဘတွေ ငယ်ငယ်ကနေ အခုချိန်တွေထိ ဘယ်လိုနေထိုင်တက်အောင် သင်ကြားပေးတယ်ဆိုတာလေးကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေအပေါ်အဖေကဘာပြောလဲ ဆိုတာကိုတော့” အစ်မမိဘတွေရဲ့တိုက်စ်က သူများတွေအနေနဲ့ကြည့်ရင် သူမိဘတွေက ဒီလောက်သူသားသမီး ဒီလိုဖြစ်တာတောင် မလာကျဘူးပေါ့ ဒီလိုမျိုးထင်လိမ့်မယ် အစ်မမိဘတွေက အစ်မတို့ကိုပျိုးထောင်တဲ့ စနစ်ကနိုင်ငံခြားဆန်တယ် ငယ်ငယ်ကဆို အဖေက အမကိုအချစ်ဆုံးလို့တောင်ပြောလို့ရတယ် အမတို့ငယ်ငယ်က ရှမ်းပြည်မှာနေတာ ရန်ကုန်သူသွားစရာရှိလို့ ကွန်မာဘူးလှလှလေးတွေ ဝယ်လာတယ် ကျောပိုးအိတ်လှလှလေးတွေ ဝယ်လာတယ်။

အမတို့ကမောင်နှမ လေးယောက်ရှိတယ် အစ်ကိုကြီးရယ် အမကဒုတိယပေါ့ အောက်မှာညီမ နှစ်ယောက်ရှိသေးတယ် အဲ့တုန်းက အစ်မက မိသားစုထဲ စာအတော်ဆုံးဆိုတော့ ပစ္စည်းတွေကို အစ်မကိုဘဲ Choice လုပ်ခိုင်းတာ နိုင်ငံခြားပြစ်ပစ္စည်းတွေပါလဲ အစ်မကကို အရင်ရွေးစေပြီးမှ ကျန်တဲ့လူကိုရွေးခိုင်းတယ် အစ်မက နောက်ပြီးဆယ်တန်းအောင်တော့ ပထမနှစ်ကို အစ်မ မကွေးမှတက်တယ် တစ်ခေါက်တော့ အဖေတို့လိုက်ပို့တယ် အဲ့အချိန်က အဖေကဝန်ထမ်းပေါ့ ဆေးပင်စင်ယူလိုက်တော့ လိုက်ပို့ပေးတယ်။

ဒုတိယ တစ်ခေါက်တော့ ကျောင်းပိတ်လို့ ပြန်လာတဲ့အချိန်မှာ အစ်မ အသက်ကအဲ့တုန်းက ၁၈နှစ်ပြည့်ပြီးစဘဲရှိသေးတယ် အဲ့အချိန်က အဆောင်နေရတာ အဆောင်ဖိုးတွေ ထမင်းဖိုးတွေရှိတယ် ဒါပေမဲ့ဆယ်တန်းပြီးကာစမှာ မကွေးလိုနေရာမျိုးမှာ ကိုယ်ဟာကို စီမန်ခန့်ခွဲပြီးနေရတာ သူများမိဘတွေကတော့ အလျှိုလျှိုလာကျတယ် အစ်မ တစ်ခါမှမိဘတွေကို ငါမိဘတွေကတော့ မဝန်းရံဘူးမလုပ်ပေးဘူးလို့ အစ်မဘယ်တော့မှအပြစ် မတင်ဘူး အစ်မမိဘတွေ သင်ကြားပေးတဲ့ပုံစံနဲ့ သူများမိဘတွေ သင်ကြားပေးတဲ့ပုံစံမတူဘူး အစ်မကိုရေကူးသင်ရင် လွတ်ချပေးလိုက်သလိုမျိုးပေါ့။

အစ်မတို့အကုန် ဒီထမင်းစားလခကို အိမ်ကပေးတဲ့ပိုက်ဆံ နဲ့ ချွေတာပီးသုံးတက်အောင် လုပ်တယ် ပိုက်ဆံကိုခွဲချမ်းစိတ်ဖြာ သုံးနိုင်အောင်အိမ်ကစီမန်ပေးတယ် နောက်တခု အစ်မ၁၈ပြည်ပြီး အိမ်ပြန်တဲ့အချိန်မှာ အဖေက အစ်မကို မကွေးထိလိုက်မပို့တော့ဘဲ ကလောကားဂိတ်ထိဘဲပို့ပြီး ဒီကားကဘယ်ရောက်မယ် ပြီးရင် ဟိုလိုသွားဒီလိုသွားဆိုပြီးဘဲ သင်ပေးလိုက်တာ ၁၈နှစ်ဆိုတာအရမ်းငယ်သေးတဲ့အချိန် အဖေလုပ်ပေးလို့ အစ်မ ပထမဆုံးခရီးသွားဘူးတာ အရမ်းတော့ ကြောက်တယ် မိန်ခလေးတစ်ယောက်ထဲ ကားစီးရတဲ့အချိန်မှာ ယောက်ျားလေးတွေအသားယူတာ အဲ့အချိန် အစ်မတစ်ယောက်ထဲ အခက်ခဲတွေကို တွန်းလှန်တယ်။

၁၈ နှစ်ဆိုတဲ့အရွယ်နဲ့တင် အစ်မကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိလာတယ် အဖေက နိုင်ငံခြားမှာ ဆို၁၈နှစ်ဆို ကိုယ်ပိုက်ဆံကိုယ်ရှာနေပြီ ကိုယ်ဟာကိုစီမန်တက်နေပြီ ၁၈နှစ်ပြည့်တာ ခရီးဘဲအိမ်က နင့် ကိုလွတ်လိုက်တာ ပိုက်ဆံကအိမ်ကပေးနေတာ အဲ့လိုသင်ပေးတာ အဲ့လိုဆိုတော့ အစ်မမိဘတွေက အဖေဒါလုပ်ချင်တယ် ဟိုဟာလုပ်ချင်တယ် ခွင့်တောင်းစရာမလိုဘူး အကောင်းအဆိုး ဖြစ်လာတာနင့်ခံနိုင်ရင်လုပ် အဲ့လိုသင်ပေးတယ် အဖေတစ်ယောက်အနေနဲ့တော့ ကိုယ်သားသမီး အဆဲခံနေရတာတော့ စိတ်မကောင်းဘူးပေါ့ အစ်မကဘဲ မိဘတွေကိုနှစ်သိမ့်ပေးလိုက်တယ် ” ဟု ဖြေကြားသွား ခဲ့ပါတယ်။ AlinnMyay ချစ်ပရိသတ်ကြီးထဲမှာလည်း ဒေါက်တာမမကို ဝန်းရံကြတဲ့သူတွေ ပါကြလား။ AlinnMyay(အလင်းမြေ)

Credit..AlinnMyay(အလင်းမြေ)