သမီးလေး ဗစ်တိုးရီယားလေးရဲ့အမှုမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝန်းရံပါဝင်ဆောင်ရွက်သူတွေ၊ အလှူရှင်တွေရဲ့ ဝိုင်းဝန်းလှူဒါန်းမှုနဲ့ အလှူငွေလက်ခံထားရှိတဲ့ သမီးလေးဗစ်တိုရီးယားကိုကူညီရန် သီးသန့်ပြုလုပ်ထားတဲ့ အလှူငွေအကောင့်တစ်ခုဖြစ်တဲ့ ဧရာဝတီ AYA ဘဏ့်အကောင့်ဟာ ဗဟိုဘဏ်ကညွှန်ကြားချက်နဲ့ ဒီနေ့မနက်မှာ ယာယီဆိုင်းငံ့ ပိတ်ခံထားလိုက်ရတယ်လို့ သိရပါတယ်။
ကိုသက္ကမိုးညိုက ဘဏ်ကိုမေးမြန်းစုံစမ်းကြည့်ရာမှာတော့ “ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့” က အကောင့်လှမ်းပိတ်ခိုင်းလို့ ပိတ်ထားရလိုက်ခြင်းဖြစ်ကြောင်း AYA ဘဏ်က အကြောင်းပြန်လာခဲ့တယ်လို့ သမီးလေးဗစ်တိုးရီးယားအမှုအတွက် ပါဝင်တာဝန်ယူဆောင်ရွက်နေတဲ့ မ Jessica Mozart ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ရေးသားထားချက်အရ သိရှိရတာပါ။
ဘဏ်နဲ့ ဒုတိယအကြိမ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ရာမှာတော့ ဘဏ်ရဲ့ မန်နေဂျင်းဒရိုက်တာ ဦးမြင့်ဇော်နဲ့ ဖုန်းပြောဆိုမှုအရ ဗဟိုဘဏ်က တရားဝင်စာတော့ မရောက်ရှိလာသေးကြောင်း၊ တရားဝင်စာထွက်လာတဲ့အထိ အကောင့်ကို ပြန်လည်ဖွင့်ထားမယ့်အကြောင်းကို အကျိုးအကြောင်းသိရှိခဲ့ရပြီးနောက် လက်ရှိအချိန်မှာတော့ သမီးလေးအတွက် အလှူငွေဘဏ်အကောင့်ဟာ ပြန်ပွင့်နေပြီလို့ သိရပါတယ်။
လက်ရှိအချိန်မှာ သမီးလေးဗစ်တိုးရီးယားအတွက် သီသန့်အလှူငွေအကောင့်အတွင်း အလှူငွေအနေနဲ့ ၁၉၆ သိန်းကျော်ရရှိထားခဲ့ပြီဖြစ်ကြောင်း မ Jessica Mozart က ဘဏ်စာရင်းအတိအကျနဲ့ ပွင့်လင်းစွာရှင်းပြထားခဲ့တာလည်း မြင်တွေ့ခဲ့ရသလို တစ်ဆက်တည်းမှာပဲ အခုလတ်တလောမှာတော့ အလှူရှင်များဘက်က အလှူငွေတွေကို မလွှဲသေးပဲ ခေတ္တခဏ ဆိုင်းငံ့ထားစေလိုကြောင်း၊ ပြသနာတွေရှင်းပြီးမှသာ လှူဒါန်းပေးဖို့ သူက တိုက်တွန်းသွားပါတယ်။
ဒီနေ့ ၁၁ ရက် ညနေ ၄:၄၇ အထိ သမီးလေး Victoria အတွက် ဝင်းကိုကိုသိန်းအမည်နဲ့ ဖွင့်လှစ်ထားတဲ့ AYA ဘဏ်အကောင့်မှာ အလှူငွေ တစ်ရာကိုးဆယ့်ခြောက်သိန်း၊ နှစ်သောင်းခုနှစ်ထောင် နှင့် လေးရာ့ရှစ်ဆယ်ကျပ် ရှိကြောင်း Victoria’s Finance Team က တရားဝင်ကြေငြာထားပြီးဖြစ်ပါတယ်။
AlinnMyay ချစ်ပရိသတ်ကြီးအနေနဲ့လည်း သမီးလေးဗစ်တိုးရီးယားအမှုအတွက် အလှူငွေအနေနဲ့ ထည့်ဝင်ချင်တယ်ဆိုရင် လက်ရှိအချိန်မှာ “ဗဟိုဘဏ်က တရားဝင်စာပို့ရင် ဘဏ်အကောင့်ကို ပြန်အပိတ်ခံရဦးမှာမို့ အလှူငွေတွေ ဆက်မလွှဲကြပါနဲ့ဦးလို့” သူက တိုက်တွန်းနှိုးဆော်ထားကြောင်း ထပ်မံအသိပေးလိုက်ပါရစေ။
EFIL-AlinnMyay(အလင်းမြေ)
Update ….. Jessica Mozart
ဆိုတော့ကာ အခု ၁၁ ရက်နေ့ ည ၉:၂၀ အချိန်မှာ စစ်ကြည့်တော့ Ks 19,765,480/- (ငွေကျပ် တစ်ရာကိုးဆယ့်ခုနှစ်သိန်း၊ ခြောက်သောင်းငါးထောင် နှင့် လေးရာ့ရှစ်ဆယ်) ဖြစ်ပါတယ်။
1 July 2019 – Bank အကောင့်ဖွင့်ပါတယ်။ 11 July 2019 – 9:20 pm အထိ လက်ခံရရှိငွေကတော့ … Ks 19,765,480/- ဖြစ်ပါတယ်။ တစ်ပြားတစ်ချပ်မှ မထုတ်ယူ၊ မသုံးစွဲရသေးပါ။
မနက်ဖြန်လောက်ဆိုရင် အကောင့်က ဝင်လို့ရမရ မသေချာတော့ဘူး။ ဘာပဲဖြစ်ဖြစ် AYA Bank နဲ့ နောက်ဆုံးပြောဆိုချက်များအရ …
▪️ အခု သူတို့ဆီမှာ Suspend လုပ်ဖို့ စာရွက်ရောက်နေပြီ။
▪️ ဘဏ်အကောင့်ထဲက ငွေတွေကို AYA က အပြည့်အဝ တာဝန်ယူမယ်။
▪️ အဲ့ဒီငွေတွေ တစုံတရာဖြစ်ခဲ့ရင် အဲ့ဒီပမာဏမက ပြန်လှူမယ်။
ဆိုတော့ကာ … ချစ်သူတို့ကို ပြောချင်တာက … ငွေလွှဲတာတွေ ရပ်ကြပါတော့။ ဘာလို့ဆက်လွှဲနေသေးတုန်း။ ပြီးရင် ထုတ်လို့မရ၊ သုံးလို့မရနဲ့ဟာ။ ဒီပမာဏလောက်နဲ့ပဲ မှတ်ထားကြမယ်။
Credit..AlinnMyay(အလင်းမြေ)