လိုအပ်နေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တာတွေ လှူဒါန်းလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

134

တချိန်က မင်းသမီးတယောက်အနေနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သော်လည်း လက်ရှိချိန်မှာတော့ ပရဟိတလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေကတော့ အမြဲတမ်းလိုလို ချီးကျုးစရာ ကောင်းနေပါတယ်။ မင်းသမီး ခိုင်နှင်းဝေကတော့ ဖောင်ဒေးရှင်းတွေကို မထောင်ထားပေမယ့်လည်း သူတတ်နိုင်သလောက် အခက်အခဲဖြစ်နေတဲ့ လူတွေကို ကူညီပေးနေတာ ဖြစ်ပါတယ်။

မင်းသမီးခိုင်နှင်းဝေကတော့ အမြဲတမ်းလိုလို အခက်အခဲ ဖြစ်နေတဲ့ နေရာတွေကို သွားရောက် လှူဒါန်းလေ့ရှိပြီး လက်ရှိမှာလည်း သုံးခွမြို့နယ် မှာရှိတဲ့ မူလတန်းကျောင်းလေး တခု ကျောင်းသားကျောင်းသူ ၄၆ ယောက်အတွက် လိုအပ်သော ကျောင်းဝတ်စုံ ထီး ဖိနပ် ဆပ်ပြာဆို့ကို လှူဒါန်းခဲ့ပြီး ကလေးတွေအတွက်လည်း အရုပ်တွေကို မဲဖောက်ပေးခဲ့ပါသေးတယ်။

ခိုင်နှင်းဝေကတော့ ဒီအကြောင်းလေးကိုတော့ သူ့ရဲ့ ဖေ့ဘုတ်ပေ့ခ်ျပေါ်မှာ ရှယ်ထားတာ ဖြစ်ပြီး “သုံးခွမြို့နယ် ပျဉ်းမကုန်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူ ၄၆ဦးအတွက် ကျောင်းဝတ်စုံများ, ထီး, ဖိနပ်, ဆပ်ပြာ, တို့ကိုလှူဒါန်းခဲ့ပြီး ကလေးများပျော်ရွှင်စေဖို့ အရုပ်များကံစမ်းမဲဖောက်ပေးခဲ့ပါတယ်ရှင် ပွင့်သောပန်းတိုင်းလန်းနိုင်စေဖို့မျှော်မှန်းရင်း အနာဂတ်ကိုယုံကြည်သူတိုင်း ကလေးသူငယ်များဘဝလှပအောင် မိမိတတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဆိုပြီး စာလေးကို ရေးသားပြီး သွားရောက် လှူဒါန်းနေတဲ့ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

မင်းသမီး ခိုင်နှင်းဝေကတော့ ဒီလိုမျိုး လှူဒါန်းမှုတွေကို မကြာခဏ လုပ်တဲ့ အပြင် မိဘမဲ့ ကလေးတွေကိုလည်း စောင့်ရှောက်ထားပြီး သားသမီး အရင်းချာလို့ ကျွေးမွေးစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ တကယ့်ကို မွန်မြတ်တဲ့ လုပ်ရပ်တွေကိုသာ လုပ်ကိုင်ပေးနေတဲ့ မင်းသမီး ခိုင်းနှင်းဝေရဲ့ စိတ်ဓါတ်ကတော့ တကယ့်ကို လေးစားချီးကျုးစရာ ကောင်းလွန်းတာကြောင့် AlinnMyay ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

AlinnMyay(အလင်းမြေ)

 

Credit..AlinnMyay(အလင်းမြေ)