သက်​ငယ်​မုဒိမ်းမှုကို ဘယ်​လိုကာကွယ်​သင့်​လဲဆိုတာ ​ပြောပြလာတဲ့ဇဏ်​ခီ

0
22

သမီး​လေး ဗစ်​တိုးရီယားရဲ့အမှုကိစ္စဟာ မလိုအပ်​ပဲ အရှုပ်​အ​ထွေးများစွာနဲ့ ပြည်​သူအများ ရင်​နဲ့မဆံ့ခံစား​နေရတဲ့ အမှုကိစ္စတစ်​ခုဖြစ်​သလို သက်​ငယ်​မုဒိမ်းမှုကို အထိ​ရောက်​ဆုံးကိုင်​တွယ်​​ပေးဖို့ဟာ ALinnMyay ပရိသတ်​ကြီးနဲ့အတူ ပြည်​သူအများလိုလား​နေတဲ့ ရင်ထဲက​ဆန္ဒအမှန်​ဖြစ်​ပါတယ်​။ ဥပ​ဒေစိုးမိုးမှုနဲ့ပတ်​သက်​ပြီး ​မေးခွန်းထုတ်​စရာ​တွေ အများကြီးဖြစ်​​ပေါ်ခဲ့တဲ့အချိန်​မှာ နာမည်​ကြီးအနုပညာရှင်​​တွေဟာလဲ ဒီသက်​ငယ်​မုဒိမ်းမှုနဲ့ပတ်​သက်​ပြီး ပြည်​သူ​တွေ နဲ့ တစ်​သားတည်းရှိ​နေခဲ့တာ အားလုံးအသိပဲဖြစ်​ပါတယ်​။

အခုအခါမှာ​တော့ လိင်​မှုအသိပညာဗဟုသုတ​ပေး​ရေးဖြစ်​တဲ့ Sex Education ကို ကျွန်​​တော်​တို့နိုင်​ငံမှာ ​တော်​​တော်​လုပ်​သင့်​​နေပြီလို့ ​ထောက်​ပြလာခဲ့တဲ့သူက​တော့ သရုပ်​​ဆောင်​မင်းသား ဇဏ်​ခီပါ။ ဇဏ်​ခီရဲ့ သက်​ငယ်​မုဒိမ်းမှုအ​ပေါ် ထင်​မြင်​ချက်​ကို AlinnMyay ချစ်​ပရိသတ်​ကြီးတို့ ဖတ်​ရှုနိုင်​ကြ​​ပြီး မျှ​ဝေခံစားနိုင်​ရ​အောင်​ အထူးတင်​ဆက်​​ပေးလိုက်​ရပါတယ်​။

“သက်ငယ်မုဒိမ်းမှုက ကျွန်​​တော့်​ရဲ့ထင်​မြင်​ချက်​​ပေါ့​နော်​။ စက်ဆုပ်ရွံ့​ရှာဖွယ်ကောင်းတဲ့ကိစ္စ​ပေါ့။ လုံးဝ ငြင်းစရာမရှိပါဘူး။ ဒါ​ပေမယ့်​ အမှု​ဖော်​ထုတ်​​ရေးအတွက်​မှာ​တော့ နိုင်​ငံ​ရေးအရှုပ်​အ​ထွေး​တွေ အရမ်းများ​နေပါတယ်​။ ပြည်​တွင်း​ရေးရာကိုင်​တွယ်​မှု​တွေမှာလဲ တစ်​သက်​လုံးအားနည်းခဲ့​တော့ လူ​တွေကမယုံကြ​တော့ဘူး။ ပြည်​သူလူထုရဲ့ယုံကြည်​မှုမရှိတဲ့အတွက်​ လမ်း​ပေါ်ထွက်​ပြီးဆန္ဒပြတဲ့အဆင့်​​တွေ ​ရောက်​သွားတယ်​။ တရားဥပဒေ စိုးမိုးမှုသာ တကယ်​​ကောင်းမယ်​ဆိုရင်​ ဒီလိုမျိုး ဖြစ်လာမှာမဟုတ်​ဘူး” လို့ ​အမှုရှုပ်​​ထွေးမှုအ​ပေါ် သူ့အမြင်​ကို​ပြောသွားခဲ့တာပါ။

ဗစ်​တိုးရီးယား​လေးရဲ့အမှုကို ဘယ်​လိုဖြစ်​​စေချင်​လဲဆိုတဲ့အမြင်​မှာ​တော့ ဇဏ်​ခီက သက်​ငယ်​မုဒိမ်းမှုအ​ပေါ် ဖခင်​တစ်​​ယောက်​ရဲ့ခံစားချက်​အ​နေနဲ့ ” မိဘချင်း​ ကျွန်​​တော်​ ​ပြောဖို့ စကား​တောင်​ရှာလို့မရပါဘူး။ ကိုယ့်​သားသမီးဖြစ်​ပြီဆိုရင်​ ဘယ်​သူမှခံနိုင်မှာမဟုတ်​ဘူး။ အထူးသဖြင့်​ ဒီလိုကိစ္စ​တွေဆိုရင်​ ပိုဆိုးတာ​ပေါ့ ” လို့ ​ပြောသွားပါတယ်​။

အ​ရေးကြီးတဲ့အစိတ်​အပိုင်းတစ်​ခုဖြစ်​တဲ့ သက်​ငယ်​မုဒိမ်းမှု ကို ဘယ်​လိုကာကွယ်​ဖို့သင့်​သလဲဆိုရာမှာ​တော့ ဇဏ်​ခီက “Sex Education ကတော့ ကျနော်တို့ နိုင်ငံမှာ တော်တော် လုပ်သင့်နေပါပြီ” လို့​ပြောသွားခဲ့ပြီး “လိင်​မှုပညာ​ပေး​ရေးဟာ ရှက်​ဖို့​ကောင်းတယ်​ဆိုတဲ့စိတ်​၊ လူငယ်​​တွေမသိသင့်​တဲ့အချိန်​မှာ သိသွားရင်​ပိုပြီးဆိုးကုန်​မှာ​ပေါ့လို့ ထင်​တဲ့စိတ်​​တွေ မရှိသင့်​ဘူး​ပော့​နော်​။ က​လေး​တွေအ​နေနဲ့ ဘယ်​ဟာကလိင်​မှု​စော်​ကားခြင်း​မြောက်​သလဲဆိုတာ သိထားဖို့ အသိဥာဏ်​တစ်​ခု​ပေးကို​ပေးရပါမယ်​ ” လို့ အထူးတိုက်​တွန်း​ပြောသွားခဲ့ပါ​သေးတယ်​။

EFIL-AlinnMyay(အလင်းမြေ)

Credit..AlinnMyay(အလင်းမြေ)