ကေလးမေလး (၃)ေယာက္ တကယ္သာ ရန္ကုန္ေရာက္သြားရင္ မေတြးဝံ႕စရာအျဖစ္….

240

မေတြးဝံ႕စရာကေလးတို႕ရယ္…11.7.2019 ေန႕လည္၂နာရီခန္႕ ပခုကၠဴျမိဳ႕ကားျကီးကြင္းထဲကိုေကာင္မေလး၃ေယာက္စက္ဘီးေလးတစ္စီးနဲ႕ေရာက္လာတယ္ …..ရန္ကုန္သြားျခင္လို႕တဲ႕လက္မွတ္ဘယ္ျဖတ္ရတာလဲတဲ႕ …..

ခေလးမေတြျကည့္ရတာ အိမ္ကေျပးလာတဲ႕ပုံစံေတြမို႕ေခ်ာ့ေမးျကည့္ေတာ ့ပခုကၠဴျမိဳ႕အမွတ္ ၃ ရပ္ကြက္ကပါတဲ႕ ….ရန္ကုန္ဘာလို႕သြားမွာလဲ အသိရွိလားဆိုေတာ့မရွိဘူးတဲ႕….

အိမ္မွာလဲမေနျခင္ဘူးတဲ႕…အဖြားကရိုက္လို႕တဲ႕….လက္ေမာင္းဒဏ္ရာေတြျပျပီးငိုတယ္…..လမ္းစားရိတ္ဘယ္ကရလဲဆိုေတာ့ ပါလာတဲ႕နားကပ္ေလးေတြေရာင္းတာတဲ႕….

ပခုကၠဴေစ်းျကီးနားသမဂၢသုခနားကဦးေလးျကီးဆီေရာင္းတာတဲ႕…ဒီတိုင္းေတာ့မျဖစ္ဖူးဆိုျပီး သူတို႕၃ေယာက္ကိုရဲစခန္းပို႕ေပးလိုက္တယ္….

သူတို႕ေနတဲ႕အမွတ္၁၇ ေက်ာင္းကေက်ာင္းအုပ္ျကီးကိုလဲ အေျကာင္းျကားေပးျပီးအမွတ္ ၃ အုပ္မူဳး ကိုဝင္းျမင့္လဲအေျကာင္းျကားေပးလိုက္တယ္ ….

တကယ္သာရန္ကုန္ေရာက္သြားရင္ မေတြးဝံ႕စရာအျဖစ္ျကီးမို႕ အခုလိုေရးတင္မိတာပါ ….မိဘေတြသားသမီးေတြရဲ႕ ခံစားခ်က္ေလးေတြျပန္ျကည့္ခံစား နားလည္ျဖည့္ဆီးေပးနိုင္ျကပါေစ….

မသမာသူ ေရႊဝယ္တဲ႔သူကိုလဲ ဆုံးမနိုင္ၾကပါေစ….ဒီကေလးေတြရဲ႕မိဘေဆြမ်ိဳးေတြသိကၡာျကေစရန္မရည္ရြယ္ပါခင္ဗ်ာ…..။ သတိုးေအာင္

;

unicode

မတွေးဝံ့စရာကလေးတို့ရယ်…11.7.2019 နေ့လည်၂နာရီခန့် ပခုက္ကူမြို့ကားကြီးကွင်းထဲကိုကောင်မလေး၃ယောက်စက်ဘီးလေးတစ်စီးနဲ့ရောက်လာတယ် …..ရန်ကုန်သွားခြင်လို့တဲ့လက်မှတ်ဘယ်ဖြတ်ရတာလဲတဲ့ …..

ခလေးမတွေကြည့်ရတာ အိမ်ကပြေးလာတဲ့ပုံစံတွေမို့ချော့မေးကြည့်တော ့ပခုက္ကူမြို့အမှတ် ၃ ရပ်ကွက်ကပါတဲ့ ….ရန်ကုန်ဘာလို့သွားမှာလဲ အသိရှိလားဆိုတော့မရှိဘူးတဲ့….

အိမ်မှာလဲမနေခြင်ဘူးတဲ့…အဖွားကရိုက်လို့တဲ့….လက်မောင်းဒဏ်ရာတွေပြပြီးငိုတယ်…..လမ်းစားရိတ်ဘယ်ကရလဲဆိုတော့ ပါလာတဲ့နားကပ်လေးတွေရောင်းတာတဲ့….

ပခုက္ကူစျေးကြီးနားသမဂ္ဂသုခနားကဦးလေးကြီးဆီရောင်းတာတဲ့…ဒီတိုင်းတော့မဖြစ်ဖူးဆိုပြီး သူတို့၃ယောက်ကိုရဲစခန်းပို့ပေးလိုက်တယ်….

သူတို့နေတဲ့အမှတ်၁၇ ကျောင်းကကျောင်းအုပ်ကြီးကိုလဲ အကြောင်းကြားပေးပြီးအမှတ် ၃ အုပ်မူုး ကိုဝင်းမြင့်လဲအကြောင်းကြားပေးလိုက်တယ် ….

တကယ်သာရန်ကုန်ရောက်သွားရင် မတွေးဝံ့စရာအဖြစ်ကြီးမို့ အခုလိုရေးတင်မိတာပါ ….မိဘတွေသားသမီးတွေရဲ့ ခံစားချက်လေးတွေပြန်ကြည့်ခံစား နားလည်ဖြည့်ဆီးပေးနိုင်ကြပါစေ….

မသမာသူ ရွှေဝယ်တဲ့သူကိုလဲ ဆုံးမနိုက်ကြပါစေ….ဒီကလေးတွေရဲ့မိဘဆွေမျိုးတွေသိက္ခာကြစေရန်မရည်ရွယ်ပါခင်ဗျာ…..။ သတိုးအောင်