ဧရာဝတီျမစ္ေရ ျမစ္ႀကီးနားၿမိဳ႕တြင္ စုိးရိမ္ေရအမွတ္ ေရာက္ရွိေန ….

232

ရန္ကုန္၊ ဇူလိုင္ ၁၂။ ျမန္မာႏိုင္ငံအထက္ပိုင္းေဒသအခ်ိဳ႕တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ဧရာဝတီျမစ္အပါအဝင္ ျမစ္ႀကီး အခ်ိဳ႕သည္ စိုးရိမ္ေရမွတ္နားသို႔ ေရာက္ရွိေနသည္ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ဇူလိုင္လ ၁၂ ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

ဧရာဝတီျမစ္ေရသည္ ျမစ္ႀကီးနား ၊ ဗန္းေမာ္ ၊ ကသာ ၊ ေ႐ႊကူၿမိဳ႕အနီးတြင္လည္းေကာင္း ၊ခ်င္းတြင္းျမစ္ေရသည္ ခႏၲီး ႏွင့္ ဟုမၼလင္းၿမိဳ႕အနီးတြင္လည္းေကာင္း ၊ စစ္ေတာင္းျမစ္ေရသည္ မေဒါက္ၿမိဳ႕အနီးတြင္ လည္းေကာင္း ၊ ကုလားတန္ ျမစ္ေရသည္ ေက်ာက္ေတာ္ၿမိဳ႕အနီးတြင္လည္းေကာင္း ၊

ေလးၿမိဳ႕ျမစ္ေရသည္ ေျမာက္ဦးၿမိဳ႕ အနီးတြင္ လည္းေကာင္း ၊ ဘီးလင္းျမစ္ေရသည္ ဘီးလင္းၿမိဳ႕အနီးတြင္လည္းေကာင္း စိုးရိမ္ေရမွတ္အနီးသို႔ ေရာက္ရွိေနသည္ဟု မိုး/ဇလ ဌာနက ဇူလိုင္ လ ၁၂ ရက္ေန႔တြင္ ထုတ္ျပန္ထားသည္။

ယင္းအထဲတြင္ ေလးၿမိဳ႕ျမစ္ေရသည္ ေျမာက္ဦးၿမိဳ႕၏ စိုးရိမ္ေရမွတ္ ၈၁၀ စင္တီမီတာ (၂၆ ဒႆမ ၅၈ ေပ) ထက္ ၈၁ စင္တီမီတာ (၂ ဒႆမ ၆၆ ေပ) ခန႔္ ေက်ာ္လြန္ေနသည္။ ဇူလိုင္လအတြင္းမွ စတင္ၿပီး မိုးပိုမို႐ြာသြန္းလာျခင္းေၾကာင့္ ေရႀကီးေရလွ်ံမႈႏွင့္ ပတ္သက္ၿပီး သတိထား သင့္သည္ဟု မိုးေလဝသႏွင့္ ဇလေဗလပညာရွင္ဦးထြန္းလြင္က မဇၥ်ိမသို႔ ေျပာဆိုထားသည္။

“စိုးရိမ္ရတယ္။ေရေတြစႀကီးေနၿပီေလ။ျမစ္ႀကီးနားတို႔ဘာတို႔ ဆိုရင္ေရေတြတက္ေနၿပီ။ စက္တင္ဘာအကုန္ထိ မိုးေကာင္းမယ္လို႔ ခန႔္မွန္းထားတယ္ေလ။ ေရကတက္လိုက္က်လိုက္နဲ႔ဆိုေတာ့ စက္တင္ဘာအကုန္အထိ သတင္းေတြကို သတိထားဖို႔လိုမယ္” ဟု ဦးထြန္းလြင္က ဆိုသည္။

မိုးသည္းထန္စြာ ဆက္တိုက္႐ြာသြန္းမႈေၾကာင့္ ပဲခူးတိုင္း ၊ မြန္ျပည္နယ္ ၊ ကခ်င္ျပည္နယ္တို႔တြင္ ေရႀကီးနစ္ျမႇဳပ္မႈဒဏ္ကို ခံစားရသူ ျပည္သူ သုံးေထာင္ေက်ာ္ခန႔္ရွိေနသည္။

ျမစ္ႀကီးနားၿမိဳ႕ ဧရာဝတီျမစ္ေရ စုိးရိမ္ေရအမွတ္ ၁၂၀၀ ေရာက္ရိွရန္ ၃ စင္တီမီတာခန္႔သာလုိ….

ျမစ္ႀကီးနားၿမိဳ႕ ဧရာဝတီျမစ္ေရ ျမင့္တက္မႈ ယေန႔ ညေန ၇ အခ်ိန္ တုိင္းတာခ်က္အရ ၁၁၉၇ စင္တီမီတာ ေရာက္ရိွျပီ ျဖစ္ေၾကာင္း သိရသည္။

ညေန ၅ နာရီ အခ်ိန္က ၁၁၈၀ စင္တီမီတာ ၊ ညေန ၆ နာရီတြင္ ၁၁၈၈ စင္တီမီတာ ၊ ည ၇ နာရီတြင္ ၁၁၉၇ စင္တီမီတာ စသျဖင့္ တစ္နာရီလွ်င္ ၁၀ စင္တီမီတာခန္႔ ျမင့္တက္ေနေၾကာင္းကခ်င္ျပည္နယ္ မုိးေလဝသ ႏွင့္ ဇလေဗဒ ၫြန္ၾကားမႈ ဦးစီးဌာနမွ ဦးစီးအရာရိွ ဦးႏုိင္လင္းေထြးက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕၏ စုိးရိမ္ေရအမွတ္အား ၁၂၀၀ စင္တီမီတာအျဖစ္ သတ္မွတ္ထားသည္။ Photo -salai

unicode

ရန်ကုန်၊ ဇူလိုင် ၁၂။ မြန်မာနိုင်ငံအထက်ပိုင်းဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်အပါအဝင် မြစ်ကြီး အချို့သည် စိုးရိမ်ရေမှတ်နားသို့ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား ၊ ဗန်းမော် ၊ ကသာ ၊ ရွှေကူမြို့အနီးတွင်လည်းကောင်း ၊ချင်းတွင်းမြစ်ရေသည် ခန္တီး နှင့် ဟုမ္မလင်းမြို့အနီးတွင်လည်းကောင်း ၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့အနီးတွင် လည်းကောင်း ၊ ကုလားတန် မြစ်ရေသည် ကျောက်တော်မြို့အနီးတွင်လည်းကောင်း ၊

လေးမြို့မြစ်ရေသည် မြောက်ဦးမြို့ အနီးတွင် လည်းကောင်း ၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့အနီးတွင်လည်းကောင်း စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေသည်ဟု မိုး/ဇလ ဌာနက ဇူလိုင် လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ် ၈၁၀ စင်တီမီတာ (၂၆ ဒဿမ ၅၈ ပေ) ထက် ၈၁ စင်တီမီတာ (၂ ဒဿမ ၆၆ ပေ) ခန့် ကျော်လွန်နေသည်။ ဇူလိုင်လအတွင်းမှ စတင်ပြီး မိုးပိုမိုရွာသွန်းလာခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် ပတ်သက်ပြီး သတိထား သင့်သည်ဟု မိုးလေဝသနှင့် ဇလဗေလပညာရှင်ဦးထွန်းလွင်က မဇ္စျိမသို့ ပြောဆိုထားသည်။

“စိုးရိမ်ရတယ်။ရေတွေစကြီးနေပြီလေ။မြစ်ကြီးနားတို့ဘာတို့ ဆိုရင်ရေတွေတက်နေပြီ။ စက်တင်ဘာအကုန်ထိ မိုးကောင်းမယ်လို့ ခန့်မှန်းထားတယ်လေ။ ရေကတက်လိုက်ကျလိုက်နဲ့ဆိုတော့ စက်တင်ဘာအကုန်အထိ သတင်းတွေကို သတိထားဖို့လိုမယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးတိုင်း ၊ မွန်ပြည်နယ် ၊ ကချင်ပြည်နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားရသူ ပြည်သူ သုံးထောင်ကျော်ခန့်ရှိနေသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ ရောက်ရှိရန် ၃ စင်တီမီတာခန့်သာလို….

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ မြင့်တက်မှု ယနေ့ ညနေ ၇ အချိန် တိုင်းတာချက်အရ ၁၁၉၇ စင်တီမီတာ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ညနေ ၅ နာရီ အချိန်က ၁၁၈၀ စင်တီမီတာ ၊ ညနေ ၆ နာရီတွင် ၁၁၈၈ စင်တီမီတာ ၊ ည ၇ နာရီတွင် ၁၁၉၇ စင်တီမီတာ စသဖြင့် တစ်နာရီလျှင် ၁၀ စင်တီမီတာခန့် မြင့်တက်နေကြောင်းကချင်ပြည်နယ် မိုးလေဝသ နှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းထွေးက ပြောသည်။

မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အား ၁၂၀၀ စင်တီမီတာအဖြစ် သတ်မှတ်ထားသည်။ Photo -salai