နင့် အသည်းနှလုံး ငါ့ကိုပေး ဆိုပြီး ချစ်သူရဲ့ ရင်ဘတ်ကို ဓားနဲ့ထိုးခဲ့တဲ့ ကောင်မလေး

177

ကိုယ့်အသည်းနှလုံးက မင်းအတွက်ပဲ” လို့ပြောခဲ့ရင် အရမ်းကို romantic ဆန်တယ်လို့ ထင်ကြမှာပါ။မကြာသေးခင်ကမှ တရုတ်နိုင်ငံ Zhejiang ပြည်နယ်က အတွဲတစ်တွဲ စကားများခဲ့ကြပါတယ်။ စကားများပြီး ကောင်မလေးက လမ်းခွဲမယ်လို့ ပြောခဲ့ကာထပြန်သွားပါယတယ်။ချက်ချင်းဆိုသလို အမျိုသား ရှိရာကို ပြန်လှည့်လာပြီး “ကျွန်မကို ပြန်လိုချင်ရင် ရှင့်နှလုံး ကို ပေးရမယ်”ဆိုပြီး ပြောခဲ့ပါတယ်။ အမျိုးသားထင်တာက စိတ်ဆိုးပြေပြီး အဆင်ပြန်ပြေချင်လို့ သဘောရိုးနဲ့ပြောတာပဲဆိုပြီး ချက်ချင်း ပေးမယ်လို့ လက်ခံခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသမီး ကတော့ ရုတ်ချည်းဆိုသလို လက်ကိုင်အိတ် ထဲက ဓားလေးကို ထုတ်ကာ အမျိုးသားရဲ့ဘယ်ဘက်ရင်အုံကို ထိုးစိုက်လိုက်ခဲ့ပါတယ်။ဓားဒဏ်ရာကြောင့် အမျိုးသားရဲ့အဆုတ်ထိသွားခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေပါတယ်။ အချိန်မီဆေးရုံရောက်ခဲ့လို့သာ အသက်မဆုံးရှုံးတာပါ။ ရဲတပ်ဖွဲ့ဝင်တွေက တရားခံမိန်းကလေးကို စစ်ဆေးလိုက်တဲ့အခါမှာတော့

သူမတို့ဆက်ဆံရေးဟာ အကောင်းထက် အဆိုးတွေပဲ ပိုများခဲ့ကြောင်း၊ သူမရဲ့ခံစားချက်တွေကို မကြည့်ဘဲ ရံဖန်ရံခါလည်း ရိုက်နှက်တတ်သေးကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူမတကယ့်နှလုံးကို ယူပြီး လက်စားချေချင်တာလို့ ထွက်ဆိုခဲ့ပါတယ်။အထိုးခံခဲ့ရတဲ့ အမျိုးသားရဲ့အခြေအနေကတော့ စိုးရိမ်စရာကနေ ကျော်လာပြီလို့ သိရပါတယ်။

Credit:Penny