ေက်ာင္းသားေတြ ျမစ္ကိုျဖစ္ကူးတဲ့အခါ ပလတ္စတစ္ကို ဖယ္ရီအျဖစ္အသံုးျပဳတဲ့ ရြာေလး….

0
22

ေက်ာင္းသားေတြ ေက်ာင္းကို သြားဖို႕ ျမစ္ကိုျဖစ္ကူးတဲ့အခါ ပလတ္စတစ္ကို ဖယ္ရီအျဖစ္အသံုးျပဳတဲ့ ရြာေလး…….မိိုးရာသီအတြင္းမုန္တိုင္းေတြ ျဖစ္ျပီး ျမစ္ေရၾကီးမႈေတြနဲ႕ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဗီယက္နမ္မွာရွိတဲ့ ရြာေလးတစ္ရြာမွာ ဆိုရင္ ျမစ္ေရၾကီးမႈနဲ႕ရင္ဆိုင္ေနရဲျပီး ကေလးေတြေက်ာင္းသြားတဲ့ အခါမွာအခက္အခဲနဲ႕ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

Huoi Ha ဆိုတဲ့ ရြာကေလးက ေဝးလံေခါင္ဖ်ားတဲ့ ေနရာေလးျဖစ္တဲ့ အတြက္ သြားေရးလာေရးအေတာ္ခက္ခဲပါတယ္။ သူတို႕ဟာ ပညာေရးကို ဦးစားေပးသည့္အတြက္ ေက်ာင္းတက္နိုင္ဖို႕ ေရအရမ္းစီးသန္ေနတဲ့ ျမစ္ကို ျဖတ္ျပီး ကေလးမ်ားကို ပလတ္စတစ္အိတ္ထဲကို ထည့္ျပီး ျမစ္ကိုျဖတ္ကူးရတာပါ။

 

သူတို႕က မိုးရာသီအတြင္း ေရၾကီးလွ်င္ သြားလာရန္လြယ္ကူရန္ ဝါးတံတားနဲ႕ ဝါးေဖာင္ကိုအသံုးျပဳျပီး သြားလာရတာျဖစ္ပါတယ္။ ဒါေပမဲ့ အဲ့ဒီဝါးေဖာင္ေတြက သံုးဖို႕မသင့္ေတာ္တဲ့အတြက္ သန္မာျပီး ျမစ္ကို ကၽြမ္းက်င္စြာ ကူးနိုင္တဲ့ ေယာက်ား္မ်ားကို ကေလးအေယာက္ ၅၀ ေက်ာ္ ေက်ာင္းသြားဖို႕ ျမစ္ကိုျဖတ္ျပီး ပို႕ေဆာင္ေပးဖို႕ တာဝန္ေပးထားၾကတာျဖစ္ပါတယ္။

 

Huoi Haရြာရဲ႕ ရြာလူၾကီးျဖစ္တဲ့မစၥတာ Vo A Giong က “ ယခု ေရစီးပံုမ်ိဳးနဲ႕ဆို အႏၱရာယ္ရွိပါတယ္။ ကေလးေတြအတြက္လည္း အလြန္စိုးရိမ္ရပါတယ္။ သူတို႕အျမဲတမ္းအသံုးျပဳေနတဲ့ ဝါးေဖာင္ကလည္း အခုအသံုးျပဳလို႕ မရေတာ့ပါဘူး။ ငါတို႕ျပည္နယ္အတြက္ ပိုမိုအဆင္ေျပသြားလာနိုင္ဖို႕အတြက္ လမ္းတံတားမ်ား ေဆာက္လုပ္ေပးနိုင္ဖို႕ ေမ်ွာ္လင္ပါတယ္လို႕” ေျပာခဲ့ပါတယ္။

 

“Huoi Haရြာရဲ႕ ေက်ာင္းသားကေလးအေယာက္ ၅၀ ဟာ ေက်ာင္းကိုေရာက္ဖို႕ ရြာကေန အေတာ္ေဝးပါတယ္။ ဆရာမ်ားနဲ႕ မိဘမ်ားက သူတို႕ကို တတ္နိုင္တမ်ွ အေကာင္းဆံုး အတန္းတက္နိုင္ဖို႔ ၾကိဳးစားေနပါတယ္လို႕” Na Sang ေက်ာင္းရဲ႕ ဒုတိယေက်ာင္းအုပ္ မစၥ Nguyen Thi Thuy ကေျပာျပသြားပါတယ္။

 

မၾကာခင္မွာပဲ ပို႕ေဆာင္ေရးဝန္ၾကီးဌာနဗီယက္နမ္လမ္းမၾကီး အုပ္ခ်ဳပ္ေရးမွဴး က Huoi Haရြာရဲ႕ ျမစ္ကို ျဖတ္ျပီး ေက်ာင္းသြားတဲ့ကေလးေတြကို ပလတ္စတစ္နဲ႕သယ္ေဆာင္ သြားရတဲ့အေျခအေနကို စာနယ္ဇင္း ေအဂ်င္စီမ်ားရဲ႕ တုန္႕ျပန္ခ်က္မ်ားကို လက္ခံရရွိျပီးေနာက္ ဤျပႆနာကို ေျဖရွင္းေပးဖို႕အတြက္ အေျခအေနကို စစ္ေဆးျခင္းနဲ႕ ေဒသခံမ်ားကို ညွိနႈိင္းဖို႕ျပဳလုပ္သြားမွာျဖစ္တယ္လို႕ ထုတ္ျပန္လုိက္ပါတယ္။

Ref-Bored Panda / သင္းသင္းေအာင္-ပစ္တိုင္းေထာင္ / #tta_pth

unicode

ကျောင်းသားတွေ ကျောင်းကို သွားဖို့ မြစ်ကိုဖြစ်ကူးတဲ့အခါ ပလတ်စတစ်ကို ဖယ်ရီအဖြစ်အသုံးပြုတဲ့ ရွာလေး…….မိိုးရာသီအတွင်းမုန်တိုင်းတွေ ဖြစ်ပြီး မြစ်ရေကြီးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဗီယက်နမ်မှာရှိတဲ့ ရွာလေးတစ်ရွာမှာ ဆိုရင် မြစ်ရေကြီးမှုနဲ့ရင်ဆိုင်နေရဲပြီး ကလေးတွေကျောင်းသွားတဲ့ အခါမှာအခက်အခဲနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Huoi Ha ဆိုတဲ့ ရွာကလေးက ဝေးလံခေါင်ဖျားတဲ့ နေရာလေးဖြစ်တဲ့ အတွက် သွားရေးလာရေးအတော်ခက်ခဲပါတယ်။ သူတို့ဟာ ပညာရေးကို ဦးစားပေးသည့်အတွက် ကျောင်းတက်နိုင်ဖို့ ရေအရမ်းစီးသန်နေတဲ့ မြစ်ကို ဖြတ်ပြီး ကလေးများကို ပလတ်စတစ်အိတ်ထဲကို ထည့်ပြီး မြစ်ကိုဖြတ်ကူးရတာပါ။

သူတို့က မိုးရာသီအတွင်း ရေကြီးလျှင် သွားလာရန်လွယ်ကူရန် ဝါးတံတားနဲ့ ဝါးဖောင်ကိုအသုံးပြုပြီး သွားလာရတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီဝါးဖောင်တွေက သုံးဖို့မသင့်တော်တဲ့အတွက် သန်မာပြီး မြစ်ကို ကျွမ်းကျင်စွာ ကူးနိုင်တဲ့ ယောကျား်များကို ကလေးအယောက် ၅၀ ကျော် ကျောင်းသွားဖို့ မြစ်ကိုဖြတ်ပြီး ပို့ဆောင်ပေးဖို့ တာဝန်ပေးထားကြတာဖြစ်ပါတယ်။

Huoi Haရွာရဲ့ ရွာလူကြီးဖြစ်တဲ့မစ္စတာ Vo A Giong က “ ယခု ရေစီးပုံမျိုးနဲ့ဆို အန္တရာယ်ရှိပါတယ်။ ကလေးတွေအတွက်လည်း အလွန်စိုးရိမ်ရပါတယ်။ သူတို့အမြဲတမ်းအသုံးပြုနေတဲ့ ဝါးဖောင်ကလည်း အခုအသုံးပြုလို့ မရတော့ပါဘူး။ ငါတို့ပြည်နယ်အတွက် ပိုမိုအဆင်ပြေသွားလာနိုင်ဖို့အတွက် လမ်းတံတားများ ဆောက်လုပ်ပေးနိုင်ဖို့ မျှော်လင်ပါတယ်လို့” ပြောခဲ့ပါတယ်။

“Huoi Haရွာရဲ့ ကျောင်းသားကလေးအယောက် ၅၀ ဟာ ကျောင်းကိုရောက်ဖို့ ရွာကနေ အတော်ဝေးပါတယ်။ ဆရာများနဲ့ မိဘများက သူတို့ကို တတ်နိုင်တမျှ အကောင်းဆုံး အတန်းတက်နိုင်ဖို့ ကြိုးစားနေပါတယ်လို့” Na Sang ကျောင်းရဲ့ ဒုတိယကျောင်းအုပ် မစ္စ Nguyen Thi Thuy ကပြောပြသွားပါတယ်။

မကြာခင်မှာပဲ ပို့ဆောင်ရေးဝန်ကြီးဌာနဗီယက်နမ်လမ်းမကြီး အုပ်ချုပ်ရေးမှူး က Huoi Haရွာရဲ့ မြစ်ကို ဖြတ်ပြီး ကျောင်းသွားတဲ့ကလေးတွေကို ပလတ်စတစ်နဲ့သယ်ဆောင် သွားရတဲ့အခြေအနေကို စာနယ်ဇင်း အေဂျင်စီများရဲ့ တုန့်ပြန်ချက်များကို လက်ခံရရှိပြီးနောက် ဤပြဿနာကို ဖြေရှင်းပေးဖို့အတွက် အခြေအနေကို စစ်ဆေးခြင်းနဲ့ ဒေသခံများကို ညှိနှိုင်းဖို့ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

Ref-Bored Panda / သင်းသင်းအောင်-ပစ်တိုင်းထောင် / #tta_pth