ကိုယ္ေမာင္းတဲ႔ကား ကိုယ့္ျပန္နင္းလို႔ ေသရတဲ႔ျဖစ္ရပ္…

0
94

ပဲခူးတိုင္းေဒသၾကီး ျပည္ခရိုင္ ပန္းေတာင္းၿမိဳ႕ သရက္လိန္အုပ္စု သူရဲဇီးေက်းရြာ ျမစ္ကမ္းနားဘက္ျဖတ္လမ္း လမ္းၾကားတြင္ယာဥ္ေမာင္းတစ္ဦး ကိုယ္ေမာင္းတဲ႔ကား ကိုယ့္ျပန္နင္းလို႔ ေသရတဲ႔ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ႔ေၾကာင္း သတင္းရရိွပါသည္။

” ဆန္တင္ျပီး ရန္ကုန္သြားပို႔မွာ သူ႔ရြာခဏဝင္တာ ကားစက္ႏိူးမရလို႔ ျပင္ရင္းျဖစ္သြားတာ ဘက္ဂီယာထိုးထားျပီးသတိလြတ္သြားတာထင္တယ္ဗ် ….ကားေရွ႕ဘီးကေျခေထာက္အရင္နင္းခံရတာ …

လူကဟန္ခ်က္ပ်က္ျပီးလဲေတာ့ ကားဘီးနဲ႔ ေခါင္းကိုၾကိတ္မိတာ….. သူ႔ကားက သူ႔ျပန္နင္းမိျပီးေသသြားတာေပါ့ဗ်ာ ….စိတ္မေကာင္းစရာဘဲဗ်ာ”ဟု ပန္းေတာင္းျမိဳ႕မရဲစခန္းနယ္ထိန္းေခါင္းေဆာင္ဒုရဲအုပ္ေက်ာ္မင္းဦးက ေျပာသည္။

ျဖစ္စဥ္မွာ(၁၃.၇.၂၀၁၉)ရက္ေန႔ ေန႔လည္ (၃)နာရီအခ်ိန္ခန္႔ယာဥ္ေမာင္း မ်ိဳးဝင္းေက်ာ္ ေမာင္းႏွင္သည့္ MGY-1B /5907 NISSAN အမ်ိဳးအစား(အစိမ္းေရာင္)ေခါင္းတို ဆယ္ဘီးကားသည္ ဆန္မ်ားတင္ေဆာင္ထားျပီး ….

သူရဲဇီးေက်းရြာ ပန္းေတာင္း-ျပည္ကားလမ္း မိုင္တိုင္အမွတ္ ၉/၁ ႏွင့္၉/၂အၾကား ျမစ္ကမ္းဘက္လမ္းသြယ္တြင္ ကားစက္ပ်က္၍ရပ္ထားျပီး ယာဥ္ေမာင္းမွကားစက္စမ္းရာ ႏိူးမရသျဖင့္ ဝါယာၾကိဳးအားကိုင္ျပီး ….

ကားေအာက္ဘက္ Cut Out အားေထာက္ျပီး စက္ႏိူးရန္ကားေပၚမွဆင္းကာ ကားေအာက္သို႔အေရာက္ကားမွာ ဘက္ဂီယာဝင္ေနသည္ကိုမသိဘဲ ကားဘီးေနာက္သို႔လိမ္႔စဥ္ ယာဥ္ေမာင္း၏ ယာဘက္ေျခခုံအားတက္ၾကိတ္မိျပီး ဟန္ခ်က္ပ်က္ကာ ကားေရွ႕ဘီးေအာက္ေနာက္ဘက္သို႔ လဲက်သြားရာ ဦးေခါင္းအားတက္ၾကိတ္မိေသဆုံးခဲ႔ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ျပီး ပန္းေတာင္းျမိဳ႕မရဲစခန္း(ပ)၁၁/၂၀၁၉ ရာဇသတ္ၾကီးပုဒ္မ ၃၀၄-က အရအမႈေဆာင္ရြက္ကာ အမႈအားဒုရဲအုပ္ေအာင္ေဇာ္ထက္မွ လက္ခံစစ္ေဆးလ်ွက္ရွိေၾကာင္း သတင္းရရွိသည္။….ျပည့္သဲေမာင္(ျပည္)09423671883 / ျပည္သတင္း

unicode

ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့အဖြစ်

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့ သရက်လိန်အုပ်စု သူရဲဇီးကျေးရွာ မြစ်ကမ်းနားဘက်ဖြတ်လမ်း လမ်းကြားတွင်ယာဉ်မောင်းတစ်ဦး ကိုယ်မောင်းတဲ့ကား ကိုယ့်ပြန်နင်းလို့ သေရတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

” ဆန်တင်ပြီး ရန်ကုန်သွားပို့မှာ သူ့ရွာခဏဝင်တာ ကားစက်နိူးမရလို့ ပြင်ရင်းဖြစ်သွားတာ ဘက်ဂီယာထိုးထားပြီးသတိလွတ်သွားတာထင်တယ်ဗျ ….ကားရှေ့ဘီးကခြေထောက်အရင်နင်းခံရတာ …

လူကဟန်ချက်ပျက်ပြီးလဲတော့ ကားဘီးနဲ့ ခေါင်းကိုကြိတ်မိတာ….. သူ့ကားက သူ့ပြန်နင်းမိပြီးသေသွားတာပေါ့ဗျာ ….စိတ်မကောင်းစရာဘဲဗျာ”ဟု ပန်းတောင်းမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ကျော်မင်းဦးက ပြောသည်။

ဖြစ်စဉ်မှာ(၁၃.၇.၂၀၁၉)ရက်နေ့ နေ့လည် (၃)နာရီအချိန်ခန့်ယာဉ်မောင်း မျိုးဝင်းကျော် မောင်းနှင်သည့် MGY-1B /5907 NISSAN အမျိုးအစား(အစိမ်းရောင်)ခေါင်းတို ဆယ်ဘီးကားသည် ဆန်များတင်ဆောင်ထားပြီး ….

သူရဲဇီးကျေးရွာ ပန်းတောင်း-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၉/၁ နှင့်၉/၂အကြား မြစ်ကမ်းဘက်လမ်းသွယ်တွင် ကားစက်ပျက်၍ရပ်ထားပြီး ယာဉ်မောင်းမှကားစက်စမ်းရာ နိူးမရသဖြင့် ဝါယာကြိုးအားကိုင်ပြီး ….

ကားအောက်ဘက် Cut Out အားထောက်ပြီး စက်နိူးရန်ကားပေါ်မှဆင်းကာ ကားအောက်သို့အရောက်ကားမှာ ဘက်ဂီယာဝင်နေသည်ကိုမသိဘဲ ကားဘီးနောက်သို့လိမ့်စဉ် ယာဉ်မောင်း၏ ယာဘက်ခြေခုံအားတက်ကြိတ်မိပြီး ဟန်ချက်ပျက်ကာ ကားရှေ့ဘီးအောက်နောက်ဘက်သို့ လဲကျသွားရာ ဦးခေါင်းအားတက်ကြိတ်မိသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပန်းတောင်းမြို့မရဲစခန်း(ပ)၁၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရအမှုဆောင်ရွက်ကာ အမှုအားဒုရဲအုပ်အောင်ဇော်ထက်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။….ပြည့်သဲမောင်(ပြည်)09423671883 / ပြည်သတင်း