ပြိုင်ပွဲစစချင်း ဂယက်ထလာတဲ့ MasterChef

558

ပရိသတ်ကြီး စောင့်မျှော်နေတဲ့ MasterChef Myanmar Season-2 ကတော့ 14.6.219 မှာ စတင်လို့ကျင်ပနေပါပြီ။ MasterChef Myanmar Season-2 ပြိုင်ပွဲကြီးကို MRTV-4 ရုပ်သံလိုင်းမှာ စောင့်မျှော်ကြည့်ရှုအားနိုင်ပါတယ်။

14.6.219 ည (၇း၀၀) နာရီမှာ စတင်ကျင်းပလိုက်တဲ့ MasterChef Myanmar Season-2 ပြိုင်ပွဲမှာ စတင်တဲ့နေ့မှာပဲ ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ ဟင်းကို ဒိုင်တွေရဲ့ ဆုံးဖြတ်တွေအရ ဆိုးဆိုးရွားရွားမှတ်ချက်ပေးခဲ့တာတွေ ရှိလာခဲ့ပါတယ်။

အခုလိုမှတ်ချက်ပေးခြင်းကို ခံခဲ့ရသူက ပြိုင်ပွဲဝင် ထွန်းကျော်ဦးဖန်တီးခဲ့တဲ့ ဟင်းပွဲပဲဖြစ်ခဲ့ပါတယ်။

ထွန်းကျော်ဦး ဖန်တီးခဲ့တဲ့ ဟင်းပွဲကို စားပွဲပေါ်မှာရောက်လာတဲ့အခါ ဒိုင်တွေရဲ့ အမြင်နဲ့ စားကြည့်ပြီးတဲ့အခါမှာတော့…

“မင်း စားသောက်ဆိုင်ကို သွားတဲ့ အခါ ဒီလိုမျိုးဟင်းကို ဝယ်စားချင်လား… ကျွန်တော်တော့ ဝယ်မစားချင်ဘူး…”

“မကောင်းဘူး… စုတ်ပြတ်နေတာပဲ”

“ပုဂံကိုအားနာတယ် ဒီပေါ်မှာတင်တာ.. ဒါ MasterChef..ဒီပုံစံမလာနိုင်ဘူး…ဒီလို ဟင်းပွဲက ပုဂံပေါ်မှာကို မထားသင့်ဘူး.. ကျွန်တော့်အမြင်” ဆိုပြီး ထွန်းကျော်ဦးရဲ့ ဟင်းပွဲကို အမှိုက်ပုံထဲကို စွန့်ပစ်ခဲ့ပါတယ်။

ပြိုင်ပွဲဝင် ထွန်းကျော်ဦးကတော့ အကောင်းဆုံးမျှော်လင့်ပြီး လုပ်ဆောင်ထားခဲ့ပေမယ့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ မှတ်ချက်တွေကို ကြည့်ပြီး ” သူ့အတွက် တကယ်ကို မကောင်းလို့ လွှင့်ပစ်လိုက်တယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောပြသွားတာကို တွေ့ရပါတယ်။

အခြားပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ မောင်မောင်ရဲရင် ဆိုသူကတော့ ထွန်းကျော်ဦး ရဲ့ ဟင်းပွဲကို အမှိုက်ပုံထဲ စွန်ပစ်လိုက်တာနဲ့ ပတ်သက်ပြီးတော့..

” ဘယ်လောက်ပဲ မကောင်းဘူး ဆားပဲငံတယ်ပဲထားဦး စားလို့မရဘူးဖြစ်နေတယ်ပဲထားဦး ပါးစပ်ထဲကို စားပြီး ထွေးထုတ်လိုက်တယ်ဆိုရင်တောင်မှ ခံနိုင်ရည် ရှိကောင်းရှိနိုင်လိမ့်မယ်… အမှိုက်ပုံးထဲကို တန်းပစ်လိုက်တယ်ဆိုတော့… ကျွန်တော်ဆိုရင် ဒီထက်တောင် ဆိုးကောင်းဆိုနိုင်ပါတယ်” ဆိုပြီး ဒိုင်တွေရဲ့ မှတ်ချက်နဲ့ လုပ်ရပ်အပေးမှာ သူ့အမြင်ကို ပြောသွားခဲ့တာကို တွေ့ရပါတယ်။

ဒီဗွီဒီယိုဖိုင်လေးကိုတော့ MasterChef Myanmar ပေ့မှာ..

“ထွန်းကျော်ဦးဖန်တီးခဲ့တဲ့ ဟင်းပွဲပုံစံကို စားသောက်ဆိုင်ကိုသွားတဲ့အခါ သူကိုယ်တိုင်ဝယ်စားချင်နိုင်မလား 🤔🤔

#MRTV4

#MasterChefMyanmarSeason2″ ဆိုပြီး တင်ပြထားတာကို တွေ့မြင်ရတာပဲဖြစ်ပါတယ်။

ဒီဗွီဒီဖိုင်ရဲ့ ကွန်မန့်မှာလည်း ဒိုင်တွေရဲ့ မှတ်ချက်နဲ့ ထွန်းကျော်ဦးဖန်တီးခဲ့တဲ့ ဟင်းပွဲကို အမှိုက်ပုံထဲ စွန့်ပစ်ခဲ့တာနဲ့ ပတ်သက်ပြီး မှတ်တွေ အမျိုးမျိုးနဲ့ ဝေဖန်ပြောဆိုထားခဲ့တာတွေကိုလည်း AlinnMyay ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။

Source – MasterChefMyanmarSeason2 AlinnMyay(အလင်းမြေ)