ရပ္ထားေသာ ကားအား ဆုိင္ကယ္ျဖင့္၀င္တိုက္မိ….၎ဆုိင္ကယ္အတြင္း စစ္ေဆးလိုက္ေသာအခါ….

386

ဝါဆုိလျပည့္ေန႔၌ ရပ္ထားေသာ ကားအား ဆုိင္ကယ္ျဖင့္ အ႐ွိန္မထိန္းႏုိင္ပဲ ဝင္တုိက္မိရာဒဏ္ရာရ႐ွိခဲ့၍ ၎၏ ဆုိင္ကယ္ေဘာက္အတြင္း၌ မူးယစ္ေဆးဝါး ဖမ္းဆီးရမိ….မြန္ ဇူလုိင္ ၁၆ #အမႊာညီေနာင္

မြန္ျပည္နယ္ မုဒုံျမဳိ့နယ္ လက္တက္ေက်းရြာ ခပ္ရခပ္ယူဘုရားေ႐ွ႕၌ ရပ္ထားေသာ Honda Fit ကားအား မုဒုံျမဳိ့ နယ္ ႏုိင္လႈံေက်းရြာေန ေမာင္သုိက္အိမ္ (၁၉)ႏွစ္သည္ (ယုိးဒယားနံပါတ္ျပားတပ္) i ႀကီး ပါဝါအိတ္ေဇာတပ္ဆုိင္ကယ္ျဖင့္ အ႐ွိန္မထိန္းႏုိင္ပဲဝင္တုိက္မိရာ …..

 

ဆုိင္ကယ္ေမာင္းသူ ေမာင္သုိက္အိမ္ သည္ ေအာက္ေမးစိကြဲ ၊ ဒူးႏွစ္ဖက္ေပါက္ျပဲ ဒဏ္ရာမ်ားရ႐ွိခဲ့ေသာေၾကာင့္ မုဒုံအေရးေပၚကယ္ဆယ္ေရးကြန္ယက္ လက္တက္ေက်းရြာလူနာတင္ယာဥ္မွ လူနာအား မုဒုံျပည္သူ႔ေဆး႐ုံႀကီးသုိ႔ ပုိ႔ေဆာင္ေနစဥ္ ျမဳိ့မရဲစခန္းတာဝန္မႉးႏွင့္ယာဥ္ထိန္းရဲတပ္ဖြဲ႔တုိ႔ ေရာက္႐ွိစဥ္ ၎ဆုိင္ကယ္အတြင္း ေဆးလိပ္ဗူးအတြင္းမွ ပန္းေရာင္ WY စိတ္ႂကြေဆးျပား (၆) ျပားေတြ႔႐ွိခဲ့ရေၾကာင္း ကနဦး သိ႐ွိရသည္။

 

 

ျဖစ္စဥ္ အေသးစိပ္အား ျပန္လည္တင္ျပေပးပါမည္။…အမႊာညီေနာင္

unicode

ဝါဆိုလပြည့်နေ့၌ ရပ်ထားသော ကားအား ဆိုင်ကယ်ဖြင့် အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိရာဒဏ်ရာရရှိခဲ့၍ ၎င်း၏ ဆိုင်ကယ်ဘောက်အတွင်း၌ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ….မွန် ဇူလိုင် ၁၆ #အမွှာညီနောင်

မွန်ပြည်နယ် မုဒုံမြို့နယ် လက်တက်ကျေးရွာ ခပ်ရခပ်ယူဘုရားရှေ့၌ ရပ်ထားသော Honda Fit ကားအား မုဒုံမြို့ နယ် နိုင်လှုံကျေးရွာနေ မောင်သိုက်အိမ် (၁၉)နှစ်သည် (ယိုးဒယားနံပါတ်ပြားတပ်) i ကြီး ပါဝါအိတ်ဇောတပ်ဆိုင်ကယ်ဖြင့် အရှိန်မထိန်းနိုင်ပဲဝင်တိုက်မိရာ …..

ဆိုင်ကယ်မောင်းသူ မောင်သိုက်အိမ် သည် အောက်မေးစိကွဲ ၊ ဒူးနှစ်ဖက်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သောကြောင့် မုဒုံအရေးပေါ်ကယ်ဆယ်ရေးကွန်ယက် လက်တက်ကျေးရွာလူနာတင်ယာဉ်မှ လူနာအား မုဒုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နေစဉ် မြို့မရဲစခန်းတာဝန်မှူးနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ရောက်ရှိစဉ် ၎င်းဆိုင်ကယ်အတွင်း ဆေးလိပ်ဗူးအတွင်းမှ ပန်းရောင် WY စိတ်ကြွဆေးပြား (၆) ပြားတွေ့ရှိခဲ့ရကြောင်း ကနဦး သိရှိရသည်။

ဖြစ်စဉ် အသေးစိပ်အား ပြန်လည်တင်ပြပေးပါမည်။…အမွှာညီနောင်