ဗစ်တိုးရီးယားလေး အမှု သွေးအေးသွားပြီလား

245

သမီး​လေး ဗစ်​တိုးရီယားရဲ့အမှုကိစ္စဟာ အရှုပ်​အ​ထွေးများစွာနဲ့ အမှုမှန်​ကြန့်​ကြာ​နေခဲ့ပြီး တရားခံအစစ်​မ​ပေါ်​သေးတာ​ကြောင့်​ ပြည်​သူအများ ရင်​နဲ့မဆံ့ခံစား​နေရတဲ့ အမှုကိစ္စတစ်​ခုဖြစ်​သလို သက်​ငယ်​မုဒိမ်းမှုကို အထိ​ရောက်​ဆုံးကိုင်​တွယ်​​ပေးဖို့ဟာ ALinnMyay ပရိသတ်​ကြီးနဲ့အတူ ပြည်​သူအများလိုလား​နေတဲ့ ရင်ထဲက​ဆန္ဒအမှန်​ဖြစ်​ပါတယ်​။

နေပြည်​​တော်​ Wisdom Hill မူကြို​ကျောင်းမှာ ဖြစ်​ပွားခဲ့တဲ့ သက်​ငယ်​မုဒိမ်းမှု​ကြောင့်​ ထိခိုက်​ခံစားခဲ့ရတဲ့ သမီး​လေးဗစ်​တိုးရီး​ယား​လေးအတွက်​ တရားမျှတမှုအလုံးစုံရရှိပြီး အမှုမှန်​​ပေါ်​ရေး လိုက်​ပါ​ဆောင်​ရွက်​​နေသူဖြစ်​တဲ့ ဦးဝင်းကိုကိုသိန်း ​ခေါ် သက္ကမိုးညိုဟာ အမှန်​တရား​ပေါ်​ပေါက်​ဖို့ အလိုအပ်​ဆုံးအ​ခြေအ​နေတစ်​ခုကို ​တင်​ပြသွားခဲ့ပါတယ်​။

” ဗစ်တိုးရီးယားလေး အမှုမှာ တရားလိုရှေ့နေတွေရော၊ တရားခံ ရှေ့နေတွေရော လုပ်ရမယ့် အလုပ် ရှိပါတယ်။ ဒါကတော့ အမှန်တရားက ဘာလဲ ဆိုတာ ပြည်သူကို သိခွင့်ပေးဖို့ အားထုတ်ရတော့မှာပါ။ အမှန်တရားဆိုတာသည် သမီးငယ်လေးကို ကျူးလွန်ခဲ့သူ ဘယ်သူလဲ ဆိုတဲ့ အမှန်တရား၊ ဘယ်သူတွေ ကူညီ ဖုံးကွယ်ခဲ့သလဲ ဆိုတဲ့ အမှန်တရား တည့်တည့်ပြောရရင် Justice for Victoria ကို ဖေါ်ထုတ်ပေးရမယ့် အမှန်တရားပါ။ ” လို့ သူ့ရဲ့ ​ဖေ့စ်​ဘွတ်​ခ်​ အ​ကောင့်​​ပေါ်မှာ ​ရေးသားထားချက်​အရ သိရှိရပါတယ်​။

သံသယတရားခံအဖြစ်​ ရုံးတင်​စစ်​​ဆေးခံ​နေရတဲ့ ​အောင်​ကြီးအ​ပေါ်မှာလည်း တရားရုံး​ရှေ့​နေ ဦးခင်​​မောင်​​ဇော်​ဟာ အခု အတိအလင်း​ပြောထားဖူး​ကြောင်း သူက​ပြောပြထားပါတယ်​။ ဦးခင်​​မောင်​ဇော်​အ​နေနဲ့ ဒီလိုခက်​ခဲရှုပ်​​ထွေး​အောင်​ဖန်​တီးခံထားရတဲ့ အမှုအ​ပေါ် ဘာ​ကြောင့်​လက်​ခံပြီးလိုက်​ပါ​ဆောင်​ရွက်​​နေသလဲဆိုတာ အရှင်းသားမြင်​ကြရမှာပါ။

” ​အောင်ကြီးသာ တရားခံ အစစ်မဟုတ်ဘူးလို့ ပေါ်ပေါက်လာရင် လွတ်မြောက်ဖို့၊ တရားခံ အစစ်ကို ရှာဖွေဖို့၊ ဆက်စပ်ပတ်သက်နေတဲ့ အသိုင်းအ၀ိုင်းကို ဖေါ်ထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမှုကို လက်ခံခဲ့တာ ဆိုပါတယ်။ ” လို့ ​ရေးသားထားခဲ့ပါတယ်​။

သမီး​လေးဗစ်​တိုးရီးယားရဲ့အမှုဟာ အခုအချိန်​ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေးလှုပ်​ခတ်​မှု​တွေ​ကြောင့်​ လုံးဝ​သွေး​အေးသွားမှာမဟုတ်​​ကြောင်း၊ ဆက်​လက်​ပြီးသာ အရှိန်​နဲ့​ရှေ့ဆက်​သွားရမှာဖြစ်​​ကြောင်း၊ ဒီလိုဖြစ်​မှာ စိုးရိမ်​​နေသူပြည်​သူအများ စိုးရိမ်​​နေစရာမရှိဘူးဆိုတာ သူက အခုလိုပြတ်​ပြတ်​သားသား ​ရေးသားပြီး သူ့ရဲ့အမြင်​၊ ရပ်​တည်​မှု၊ လုပ်​​ဆောင်​ချက်​​တွေကို တည့်​တည့်​​ရှင်းပြသွားခဲ့တာပါ။

” ဗစ်တိုးရီးယားလေး အမှု သွေးအေးသွားပြီ၊ အရှိန်ကျသွားပြီ ဆိုပြီး ပြောနေကြပါတယ်။ တကယ်တော့ အရှိန်လည်း မကျပါဘူး။ သွေးလည်း မအေးပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ရေးကို လူထု အာရုံစိုက်နိုင်အောင်ရယ်၊ သိပ်လှုပ်ခတ်အောင် လုပ်စရာမလိုတော့ဘူးရယ် လို့ အောက်မေ့လို့ တန်ပိုနဲ့ တိုင်မင်ကို လျော့ချထားတာပါ။ ”

” ဒီနှစ်ချက်မှာ ပထမ တချက်က ရှင်းပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ သိပ်လှုပ်ခတ်အောင် လုပ်ရမယ့် အချိန်မဟုတ်ဘူးဆိုတာကို ရှင်းရရင် အခုအချိန်က ခတ်ကွင်း ပြင်တဲ့အချိန်ပါ။ ပြောရရင် မြေပြင်ပေါ်က တရားရေးကဏ္ဍ အချိန် ရောက်လာတော့မှာမို့ နှစ်ဖက်ရှေ့နေတွေ အထောက်အထားစုဆောင်းတာ၊ တရားခွင်အတွက် ပြင်ဆင်တာ လုပ်နေကြချိန်ပါ ”

” ဒီအချိန်မှာ ရဲကဏ္ဍ ပြီးဆုံးပြီး တရားရေးကဏ္ဍ ရောက်လာပြီလို့ ပြောကြပါတယ်။ မငြင်းပါ။ တရားရေး ကဏ္ဍဆီကို အမှုကို တွန်းပို့ခံရတယ် ထားပါတော့။ ဒါပေမယ့် သက်ဆိုင်ရာ ရှေ့နေတွေက ရဲကဏ္ဍ ပြည့်စုံကုန်လုံအောင် လုပ်ခဲ့ မလုပ်ခဲ့ မေးခွန်း ထုတ်ကြပါလိမ့်မယ်။ တရားစွဲဆိုဖို့ လုံလောက်အောင် အမှု တည်ဆောက်ခဲ့သလား၊ ဥပဒေရုံးက တရားစွဲဆိုဖို့ လုံလောက်တဲ့ အချက်အရ စွဲဆို ခွင့်ပြုမိန့် ပေးခဲ့သလား။ ဒါတွေက ရှေ့ဆက်မယ့် တရားလမ်းမှာ ပေါ်လာမှာပါ ”

ဒါ့အပြင်​ AlinnMyay ချစ်​ပရိသတ်​ကြီးနဲ့အတူ တစ်​တိုင်းပြည်​လုံးရဲ့တက်​ကြွပါဝင်​မှုဟာ Justice for Victoria ကို ဖေါ်ထုတ်ပေးရမယ့် အမှန်တရားပဲဖြစ်​ပါတယ်​။ သမီ​လေးအတွက်​ ဆက်​လက်​​မျှော်​လင့်​ဝန်းရ​ပေးကြဖို့သာလိုအပ်​ပါတယ်​။ ဒါဟာလည်း ယုံကြည်​ပြီးသားဖြစ်​သလို ပြည်သူများအ​နေနဲ့လည်း တရားခွင်​စစ်​​ဆေးမှု​တွေကို မျက်​​ခြေမပြတ်​တမ်း​စောင့်​ကြည့်​​ပေး​နေဖို့ လိုအပ်​ပါတယ်​ခင်​ဗျာ။

” တရားခွင်ဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေမယ်လို့ ပြောရဲပါတယ်” လို့လည်း သက္ကမိုးညိုကအဆုံးသတ်​​ရေးသားသွားခဲ့တာကို တွေ့ရပါတယ်။

EFIL- AlinnMyay(အလင်းမြေ)