ရိုးရိုးသားသာ ဆေးကုသပြီးရရှိထားတဲ ငွေကျပ် သိန်း(၁၀၀၀)နဲ ကျေးဇူးရှင် ဖခင်ကို ခြေအစုံဦးခိုက်ကာ ကန်တော့ခဲ့တဲ့ ဆရာဝန်လူချောလေး….
230
ဒေါက်တာ အောင်သီဟ ကတော့ အနုပညာလောကမှာ အနုပညာရှင်တွေ အားကိုးအားထားပြုနေရတဲ့ အလှအပရေးရာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်ကလည်း ဆေးကုသရင်း မော်ဒယ်လ်တစ်ယောက်အနေဖြင့်လည်း ကြော်ငြာတွေ လက်ခံရိုက်ကူးပေးနေရတာမို့ အနုပညာလောကရဲ့ တစ်စိတ်တပိုင်းလို့ ဆိုရမှာပါ။
လက်ရှိမှာတော့ ဒေါက်တာ အောင်သီဟ ဟာ သူကိုယ်တိုင် ရိုးရိုးသားသားဆေးကုသကာ စုဆောင်းထားတဲ့ ငွေ သိန်း(၁၀၀၀) ကျပ်တိတိကို ဖခင်ဖြစ်သူကို ကန်တော့ ခဲ့တာဖြစ်ပြီး မိဘကို ပြန်လည် လုပ်ကျွေးကာ ထောက်ပံ့နိုင်တဲ့ သားကောင်းတစ်ယောက်မို့ ပရိသတ်အများရဲ့ အားကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။
အလှအပရေးရာ ဆရာဝန်တစ်ယောက် အဖြစ် အသက်မွေးဝမ်းကြောင်းပြုကာ ရှာဖွေထားတဲ့ ဒီငွေတွေနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ မွေးနေ့မှာ ကားအသစ် တစ်စီး ၀ယ်ယူဖို့ အစပိုင်းမှာ စိတ်ကူးထားသော်လည်း ကိုယ့်ရဲ့ လုပ်အားခနဲ့ ကျေးဇူးရှင် ဖခင်ကို လိုရာသုံးဖို့ ကန်တော့ချင်တဲ့ စိတ်ကူးလေးပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
Unicode Version
ဒေါက်တာ အောင်သီဟ ကတော့ အနုပညာလောကမှာ အနုပညာရှင်တွေ အားကိုးအားထားပြုနေရတဲ့ အလှအပရေးရာ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကို်ယ်တိုင်ကလည်း ဆေးကုသရင်း မော်ဒယ်လ်တစ်ယောက်အနေဖြင့်လည်း ကြော်ငြာတွေ လက်ခံရိုက်ကူးပေးနေရတာမို့ အနုပညာလောကရဲ့ တစ်စိတ်တပိုင်းလို့ ဆိုရမှာပါ။
ချောမောပြီး ကြည့်ကောင်းတဲ့ မျက်နာ နဲ့အတူ အလုပ်အကိုင်မှာလည်း စေ့စပ်သေချာတာကြောင့် နှုတ်ခမ်းနီလေးတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ ဆရာဝန်လူချောလေးလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒေါက်တာ အောင်သီဟ ဟာ သူကို်ယ်တိုင် ရိုးရိုးသားသားဆေးကုသကာ စုဆောင်းထားတဲ့ ငွေ သိန်း(၁၀၀၀) ကျပ်တိတိကို ဖခင်ဖြစ်သူကို ကန်တော့ ခဲ့တာဖြစ်ပြီး မိဘကို ပြန်လည် လုပ်ကျွေးကာ ထောက်ပံ့နိုင်တဲ့ သားကောင်းတစ်ယောက်မို့ ပရိသတ်အများရဲ့ အားကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။
အလှအပရေးရာ ဆရာဝန်တစ်ယောက် အဖြစ် အသက်မွေးဝမ်းကြောင်းပြုကာ ရှာဖွေထားတဲ့ ဒီငွေတွေနဲ့ မကြာခင်မှာ ကျရောက်တော့မဲ့ မွေးနေ့မှာ ကားအသစ် တစ်စီး ဝယ်ယူဖို့ အစပိုင်းမှာ စိတ်ကူးထားသော်လည်း ကို်ယ့်ရဲ့ လုပ်အားခနဲ့ ကျေးဇူးရှင် ဖခင်ကို လိုရာသုံးဖို့ ကန်တော့ချင်တဲ့ စိတ်ကူးလေးပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
သူ့ အတွက် ကားအသစ်တစ်စီးကို မဝယ်ယူတော့ပဲ မိဘကို လုပ်ပေးချင်မိတဲ့ စိတ်ကူးလေးအတိုင်း ” တကယ်တော့ မွေးနေ့အမှတ်တရဆိုပြီး ကားလဲ ဖို့ အတွက်ကိုယ့်ရဲ့လုပ်အားခထဲက ဖယ်ပြီးစုထားတဲ့ ငွေသိန်း (၁၀၀၀) ပါ။မွေးနေ့နားလည်း နီးလာရောစိတ်ထဲမှာ အဖေ့ကိုပဲ ကန်တော့ချင်စိတ်အလိုလိုဖြစ်လာလို့ ။
ကားမလဲ ဖြစ်တော့ပဲ အဖေ လိုရာသုံးဖို့ အဖေ့အတွက် ဒီငွေ သိန်းတစ်ထောင် နဲ့ ကန်တော့အပ်ပါတယ်။မွေးနေ့မှာ ဇိမ်ခံကားတစ်စီးရလို့ ပျော်ရွှင်ရတာထက်မိဘရဲ့စိတ်ချမ်းသာမူ့ကြောင့် တန်ပြန်ရရှိတဲ့ ပီတိက ဘာနဲ့မှလဲလို့ရမတဲ့ မွေးနေ့အမှတ်တရ ပျော်ရွှင်မှုပါ ” လို့ သူ့ရဲ့ရင်တွင်းစကားတွေကို ရင်ဖွွင့်ရင်း ငွေကျပ် သိန်း(၁၀၀၀)နဲ့အတူ ဖခင်ဖြစ်သူရဲ့ ခြေအစုံကို ဦးခိုက်ကန်တော့ခဲ့တာပဲဖြစ်တာမို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်…။myanmar news market