မွေး​နေ့အမှတ်​တရအ​နေနဲ့ ဖခင်​ကို ​ငွေသိန်းတစ်​​ထောင်​ကန်​​တော့ခဲ့တဲ့ ကိုလူ​ချောဆရာဝန်

202

မော်​ဒယ်​တစ်​​ယောက်​တစ်​ဖြစ်​လဲ အလှအပ​နဲ့ အ​ရေပြားဆရာဝန်​တစ်​​ယောက်​ဖြစ်​တဲ့ ​ဒေါက်​တာ​အောင်​သီဟဟာ ​ချော​မောနုပျိုတဲ့ရုပ်​ရည်​အသွင်​အပြင်​​ကြောင့်​ အင်​မတန်​လူစိတ်​ဝင်​စားခြင်းခံ​နေရတဲ့ ကိုလူ​ချောဆရာဝန်​တစ်​​ယောက်​အဖြစ်​ပဲ ဖြစ်​ပါတယ်​။ အနုပညာအလုပ်​​တွေကိုလဲ ဆရာဝန်​အလုပ်​နဲ့ထပ်​တူ လုပ်​ကိုင်​​နေသူဖြစ်​ပြီး သူ့ရဲ့ကြိုးစားအားထုတ်​မှုဟာ လူအများအသိအမှတ်​ပြုစရာဖြစ်​ခဲ့တာလဲ အမှန်​ပါပဲ။

သူက သမာအာဇီဝနည်းနဲ့ ဆရာဝန်​အလုပ်​နဲ့ အနုပညာအလုပ်​မှာ ကိုယ်​တိုင်​ဝမ်းစာရှာ​ဖွေရရှိလာတဲ့ ​ငွေသိန်း တစ်​​ထောင်​ကို ဖခင်​ဖြစ်​သူထံ ကန်​​တော့ခဲ့ပြီး မိဘလုပ်​​ကျွေးပြုစု​နေတဲ့ သား​ကောင်းရတနာတစ်​​ယောက်​အဖြစ်​ လူတိုင်းတသသ​ပြောစရာ စံပြုထိုက်​စရာလုပ်​ရပ်​ကို သူ့ရဲ့ပရိသတ်​​တွေအတွက်​ မျှ​ဝေခဲ့သလို ဒါဟာ သူ့ကို တမ်းတမ်းစွဲ အား​ပေးအတုယူ​နေတဲ့ ပရိသတ်​​တွေရဲ့ ချီးကျူးသံ​တွေကို တစ်​ခဲနက်​ရရှိ​စေခဲ့တာလဲဖြစ်​ပါတယ်​။

” တကယ်တော့ မွေးနေ့အမှတ်တရဆိုပြီး ကားလဲဖို့အတွက် ကိုယ့်ရဲ့လုပ်အားခထဲက ဖယ်ပြီးစုထားတဲ့ ငွေသိန်း ၁၀၀၀ ပါ။ ​မွေးနေ့နားလည်း နီးလာရော စိတ်ထဲမှာ အဖေ့ကိုပဲ ကန်တော့ချင်စိတ်အလိုလိုဖြစ်လာလို့ ကားမလဲ ဖြစ်တော့ပဲ အဖေ လိုရာသုံးဖို့ အဖေ့အတွက် ဒီငွေ သိန်းတစ်ထောင် နဲ့ ကန်တော့အပ်ပါတယ်။

မွေးနေ့မှာ ဇိမ်ခံကားတစ်စီးရလို့ ပျော်ရွှင်ရတာထက် မိဘရဲ့စိတ်ချမ်းသာမှု​ကြောင့်​ တန်ပြန်ရရှိတဲ့ ပီတိက ဘာနဲ့မှလဲလို့ရမတဲ့ မွေးနေ့အမှတ်တရ ပျော်ရွှင်မှုပါ ” လို့ သူ့ရဲ့​ဖေ့စ်​ဘွတ်​ခ်​အ​ကောင့်​မှာ ​ရေးသာမျှ​ဝေထားမှုဟာ AlinnMyay ချစ်​ပရိသတ်​ကြီးနဲ့နည်းတူ သူ့ကိုအား​ပေး​နေတဲ့ ပရိသတ်​​တွေအတွက်​ ဂုဏ်​ယူဝမ်း​မြောက်​​ပျော်​ရွှင်​ဖွယ်​ရာ ဖြစ်​​စေခဲ့တာ အမှန်​ပါပဲ။

မိဘအ​ပေါ်သိတတ်​သူတစ်​​ယောက်​အ​နေနဲ့ ဘဝမှာအထူးချွန်​ဆုံး နဲ့ အ​အောင်​မြင်​ဆုံး ဆရာဝန်​အနုပညာရှင်​တစ်​​ယောက်​အ​နေနဲ့ ရပ်​တည်​နိုင်​ပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ရင်း AlinnMyay ချစ်​ပရိသတ်​ကြီးအတွက်​ ဒီလိုမွန်​မြတ်​တဲ့လုပ်​ရပ်ကို စံထားနိုင်​​စေဖို့ အခုမျှ​ဝေတင်​ဆက်​​ပေးလိုက်​ရပါတယ်​ခင်​ဗျာ။

EFIL-AlinnMyay(အလင်းမြေ)