တဏှာစိတ်မပါဘဲ အချစ်စစ်နဲ့ ချစ်တတ်တဲ့ ယောက်ျားလေးတွေရဲ့ အပြုအမူများ

272

အခုလို ခေတ်မျိုးမှာ အချစ်စစ် ဆိုတာ အရမ်း ရှားသွားပါပြီ ။ တဏှာကိစ္စတွေ မပါဘဲ မိန်းကလေးတယောက်အပေါ်ကို မြတ်မြတ်နိုးနိုး ချစ်တတ်တဲ့ ယောကျာ်းတွေ ရှားသွားပြီလို့ ပြောရင်လည်း မလွန်ပါဘူး။ ဒါပေမယ့် မရှိဘူး လို့လည်း မဟုတ်ပါဘူး။ အဲလို ဂုဏ်သိက္ခာ ရှိတဲ့ ယောက်ျားလေး တွေမှာ ဒီလိုအပြုအမူလေးတွေ ရှိတတ် ပါတယ်။

(1) ရုပ်ရှင်သွားကြည့်ရင် အတွဲခုံမှာ မထိုင်တတ်ဘူး ။

စုံတွဲခုံမှာ ထိုင်တိုင်း တဏှာစိတ် ပါနေကြတယ် လို့တော့ မဆိုလိုပါဘူး။ တဏှာစိတ် မရှိတဲ့ ယောက်ျားလေး တော်တော် များများ ရိုးသားတတ် ကြတယ်။ အဲ့လို ရိုးသားတဲ့ အတွက် စုံတွဲခုံမှာ ထိုင်ရတာတွေကို မကြိုက်ကြဘူး။ ချစ်သူ မိန်းကလေးနဲ့ ရုပ်ရှင် သွားကြည့်ရင် ရိုးရိုးတန်းမှာ ထိုင်ပြီး ပခုံးလေးဖက်ရုံ၊ ရုပ်ရှင်လေး ကြည့်ရုံလေးတွေပဲ လုပ်တတ် ကြတယ် ။ ချစ်သူ မိန်းကလေးကို မြတ်နိုးတဲ့ သဘော ပါပဲ ။

(2) ဖြူစင်တဲ့ အချစ်နဲ့ ချစ်ကြတယ်။

ဒီလိုယောကျာ်းမျိုးက ကိုယ့်ချစ်သူ မိန်းကလေးကို ဖြူစင်တဲ့ အချစ်နဲ့ ချစ်တတ်ကြတယ်။ ချစ်သူဆီကနေ ဘာကိုမှ ရယူလိုစိတ် မရှိဘဲ အဖြူထည် အချစ်မျိုး နဲ့ပဲ ချစ်တတ်တယ်။ ပေးဆပ်ရင် ပေးဆပ်ရပါစေဆိုတဲ့ စိတ်တခုတည်း နဲ့ပဲ ချစ်လေ့ ရှိတာပါ ။

(3) မိန်းကလေး တယောက် ဂုဏ်သိက္ခာ ထိခိုက်မှာ မလိုလားဘူး။

ကိုယ့်ချစ်သူ မိန်းကလေးရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာကို မလိုလားတတ် ကြဘူး။ အဲ့ဒါတွေကြောင့် နှစ်ယောက်တည်း နေရမယ့် နေရာတွေကို ရှောင်တတ်တယ်။ နှစ်ယောက်တည်း ရှိနေရင် ကောင်မလေး ဂုဏ်သိက္ခာ ထိခိုက်သွား မှာကို စိုးရိမ်လေ့ ရှိပါတယ်။

(4) မိဘတွေနဲ့ တရားဝင် မိတ်ဆက်ပေးတယ်။

တဏှာစိတ် မပါဘဲ အချစ်စစ်နဲ့ ချစ်တဲ့ ယောကျာ်းလေးတွေက မိဘတွေနဲ့ တရားဝင် မိတ်ဆက်ပေးတယ်။ မိဘတွေနဲ့ မိတ်ဆက်ပေးပြီး ချစ်သူကို တရားဝင် တွဲတတ်တယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့ပါ မိတ်ဆက်ပေး တတ်ပါတယ် ။ အဲ့လိုမျိုးထိ ချစ်သူကို တရားဝင် လက်တွဲတတ်ကြတာပဲ ဖြစ်ပါတယ်။crd