ကောက်စိုက်နေရင်း မိုးကြိုးပစ်သဖြင့်် အမျိုးသမီးတစ်ဦးသေဆုံး ပီး ၆ ဦးစက်ကွင်းမိ….

252

မိုးကောင်း ဇူလိုင် ၁၈ ….မိုးကောင်းမြို့နယ်၌ မိုးကြိုးပစ်၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံး ခြောက်ဦး စက်ကွင်းမိ…..ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အောင်သာကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့၍ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီခွဲက မိုးကောင်းမြို့နယ် အောင်သာကျေးရွာရှိ လယ်ပိုင်ရှင်ဒေါ်တင်မေ ပိုင်ဆိုင်သည့် ကွင်းအမှတ် ၁၁၁ တွင် အမျိုးသမီးကိုးဦး ကောက်စိုက်နေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊

ဒီပဲယင်းမြို့နယ်၊ ညောင်ပုထိုးကျေးရွာနေ မစုလှိုင်ဝင်း(၂၄ နှစ်)၏ ဝဲဘက်နားအောက်တွင်ပွန်းပဲ့ဒဏ်ရာနှင့် နားတွင်းသွေးထွက်ကာ သေဆုံးခဲ့၍ လောကတ္ထစရိယလူမှုကူညီရေးယာဉ်ဖြင့် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး …..

တစ်ရွာတည်းနေ မသီတာဦး(၂၈ နှစ်)၊မသင်းခိုင်(၂၄ နှစ်)၊ မဖြူပြာဝင်း(၂၃ နှစ်)၊ မအေးသူဇာဝင်း(၂၀ နှစ်)၊ မခိုင်ရွှေလင်း(၁၆ နှစ်)၊ မအိမြိုင်(၁၅ နှစ်)တို့ ခြောက်ဦးမှာ မိုးကြိုးစက်ကွင်းမိကာ ခန္ဓာကိုယ်ထုံကျဉ်ဒဏ်ရာများရှိခဲ့၍ မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


Unicode

မိုးကောင််း ဇူလိုင် ၁၈ ….မိိုးကောင်းမြို့နယ်၌ မိုးကြိုးပစ်၍ ကောက်စိုက််နေသည့် အမျိုးသမီးတစ်ဦးသေဆုံး ခြောက်ဦး စက်ကွင်းမိိ…..

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အောင်သာကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့၍ ကောက်စ်ိိုက်နေသည့် အမျိုးသမီးတစ်ဦးသေဆုံးကာ ခြောက်ဦးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲဲ ၂ နာရီခွဲက မိုးကောင်းမြို့နယ် အောင်သာကျေးရွာရှိ လယ်ပိုင်ရှင်ဒေါ်တင််မေ ပိုင်ဆိုင်သည့် ကွင်းအမှတ် ၁၁၁ တွင် အမျိုးသမီးကိုးဦး ကောက်စိုက်နေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့သဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊

ဒီပဲယင်းမြို့နယ်၊ ညောင််ပုထိုးကျေးရွာနေ မစုလှိုင်ဝင်း(၂၄ နှစ်)၏ ဝဲဘက်နားအောက်တွင်ပွန်းပဲဲ့ဒဏ်ရာနှင့် နားတွင်းသွေးထွက်ကာ သေဆုံးခဲ့၍ လောကတ္ထစရိယလူမှုကူညီရေးယာဉ်ဖြင့် မိုးကောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး …..

တစ်ရွာတည်းနေ မသီတာဦး(၂၈ နှစ်)၊မသင််းခိုင်(၂၄ နှစ်)၊ မဖြူပြာဝင်း(၂၃ နှစ်)၊ မအေးသူဇာဝင်း(၂၀ နှစ်)၊ မခိုင်ရွှေလင်း(၁၆ နှစ်)၊ မအိမြိိုင်(၁၅ နှစ်)တို့ ခြောက်ဦးမှာ မိုးကြိုးစက်ကွင်းမိကာ ခန္ဓာကိုယ်ထုံကျဉ်ဒဏ်ရာများရှိခဲ့၍ မိုးကောင််းမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)မိုးကောင်းသတင်းမီဒီယာ