ၿမိတ္ၿမိဳ႕တြင္ ေရႊဝယ္သူဟန္ေဆာင္ကာ ေရႊထည္လုယူမႈျဖစ္ပြား….

267

18.7.2019…..ေရႊဝယ္သူဟန္ေဆာင္ကာ ေရႊထည္လုယူမႈ ၿမိတ္ၿမိဳ႕တြင္ျဖစ္ပြား….ေရႊဝယ္သူဟန္ေဆာင္ကာ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ေရႊထည္လုယူမႈကို အခု CCTV မွတ္တမ္းမွာေတြ႕ျမင္ရမွာပါ။

ၿမိတ္ၿမိဳ႕ ဆိပ္ငယ္ေစ်း မ်က္ႏွာစာတန္းမွာရွိတဲ့ ေကာင္းဆုေရႊဆိုင္ထဲကို ဇူလိုင္လ ၁၈ ညေန ၃ နာရီခန္႔က အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ဆိုင္ကယ္ဦးထုပ္ေဆာင္းၿပီး Mask တပ္ဆင္ကာ ဝင္ေရာက္လာၿပီးတဲ့ေနာက္ ခင္းက်င္းျပသထားတဲ့ ေရႊထည္ေတြကို ထုတ္ယူျပသခိုင္းခဲ့ပါတယ္ ။

အဲဒီလိုထုတ္ယူျပသခိုင္းခဲ့တဲ့ ေရႊထည္ေတြကို အမ်ိဳးသမီးက ဝတ္ဆင္ၿပီး အမ်ိဳးသားအသင့္ေစာင့္ဆိုင္းေနတဲ့ ဆိုင္ကယ္ေပၚကို သြားေရာက္ကာ ထြက္ေျပးသြားခဲ့ပါတယ္။

အဲဒီလိုလုယူသြားခဲ့တဲ့အတြက္ ၂ က်ပ္သားဆြဲႀကိဳးတစ္ကံုး ၊ တစ္က်ပ္သား ဟန္းခ်ိန္း ၁ ကံုး ငါးမူးသားအေလးခ်ိန္ရွိ ဆြဲသီးတစ္ခု စုစုေပါင္းတန္ဖိုး ၃၈ သိန္းေက်ာ္ဖိုးဆံုးရွံုးခဲ့ပါတယ္ ။

အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ၿမိတ္ၿမိဳ႕မရဲစခန္းက ျပစ္မႈက်ဴးလြန္သူေတြကို စံုစမ္းေဖာ္ထုတ္ေနပါတယ္။မၾကာခင္ရက္ပိုင္းအတြင္းကလည္း အခုလိုလုယက္ခံရတဲ့ေရႊဆိုင္အနီးနားက ေရႊဆိုင္တစ္ခုမွာ ေရႊဝယ္ယူေနတဲ့ အမ်ိဳးသမီးတစ္ဦးဆီကေန ေငြ ၃ သိန္းနီးပါး ခါးပိုက္ႏႈိက္ခံရမႈျဖစ္ပြားခဲ့ပါေသးတယ္။ #SouthernerTVNews / #STV

unicode

18.7.2019…..ရွှေဝယ်သူဟန်ဆောင်ကာ ရွှေထည်လုယူမှု မြိတ်မြို့တွင်ဖြစ်ပွား….ရွှေဝယ်သူဟန်ဆောင်ကာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ရွှေထည်လုယူမှုကို အခု CCTV မှတ်တမ်းမှာတွေ့မြင်ရမှာပါ။

မြိတ်မြို့ ဆိပ်ငယ်စျေး မျက်နှာစာတန်းမှာရှိတဲ့ ကောင်းဆုရွှေဆိုင်ထဲကို ဇူလိုင်လ ၁၈ ညနေ ၃ နာရီခန့်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး Mask တပ်ဆင်ကာ ဝင်ရောက်လာပြီးတဲ့နောက် ခင်းကျင်းပြသထားတဲ့ ရွှေထည်တွေကို ထုတ်ယူပြသခိုင်းခဲ့ပါတယ် ။

အဲဒီလိုထုတ်ယူပြသခိုင်းခဲ့တဲ့ ရွှေထည်တွေကို အမျိုးသမီးက ဝတ်ဆင်ပြီး အမျိုးသားအသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်ပေါ်ကို သွားရောက်ကာ ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီလိုလုယူသွားခဲ့တဲ့အတွက် ၂ ကျပ်သားဆွဲကြိုးတစ်ကုံး ၊ တစ်ကျပ်သား ဟန်းချိန်း ၁ ကုံး ငါးမူးသားအလေးချိန်ရှိ ဆွဲသီးတစ်ခု စုစုပေါင်းတန်ဖိုး ၃၈ သိန်းကျော်ဖိုးဆုံးရှုံးခဲ့ပါတယ် ။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နေပါတယ်။မကြာခင်ရက်ပိုင်းအတွင်းကလည်း အခုလိုလုယက်ခံရတဲ့ရွှေဆိုင်အနီးနားက ရွှေဆိုင်တစ်ခုမှာ ရွှေဝယ်ယူနေတဲ့ အမျိုးသမီးတစ်ဦးဆီကနေ ငွေ ၃ သိန်းနီးပါး ခါးပိုက်နှိုက်ခံရမှုဖြစ်ပွားခဲ့ပါသေးတယ်။ #SouthernerTVNews / #STV