ဘုရားပေါ်မှာ ပရောဂ၀င်ပူးပြီး အသားစိမ်းငါးစိမ်းတွေ တောင်းစားနေတဲ့ အမျိုးသမီးကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေ ခေါ်ခဲ့ရ….
378
အော်ဟစ်ဆဲဆိုနေခြင်း အမဲသား အစိမ်း ကြက်သားအစိမ်းများ တောင်းစားနေကာ ထိန်းမနိုင် ဖြစ်နေ၍ ကြိုးတုတ် ထိန်းသိမ်းထားသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ရေးအဖွဲ့ များမှ ထိန်းသိမ်းပေးကာ မော်လမြိုင် RESCUE အရေးပေါ်ကားဖြင့် တောင်ထိပ်မှ၎င်းအမျိုးသမီး၏နေအိမ်သို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
ရုပ်သံ ကြည့်ရှုရန် 1
ရုပ်သံကြည့်ရှုရန် 2
unicode
မော်လမြိုင် တောင်ဝိုင်းတောင်ထိပ် ရွှေကြက်ယက်ဘုရားတွင် ပယောဂတခုခုဝင်ပူးပြီး ထိန်းမရဖြစ်နေသည်ဆိုသော အမျိုးသမီးအား တောင်ပေါ်မှ နေအိမ်သို့ ပို့ဆောင်ကူညီပေးခြင်း
18.7.2019 မွန်းလွဲ(2:00)pm ခန့် မော်လမြိုင်မြို့ တောင်ဝိုင်း တောင်ထိပ် ရဟန္တာ(၅၀၀) ရွှေကြက်ယက်ဘုရားတွင် အမျိုးသမီး တစ်ဦး ရှော့ဖြစ်နေကြောင်း အကြောင်းကြား အကူအညီတောင်းလာသဖြင့် ….
မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဘိုဘိုဝင်း Rescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ တောင်ပေါ်ထိ တက်ပြီး ကူညီရန် သွားရောက်ခဲ့ရာ အမျိုးသမီးတစ်ဦးမှာ တောင်ဝိုင်းတောင်ပေါ်တွင် အမှောင့်ပယောဂ တခုခု ဝင်ပူးနေသည်ဟု သိရပြီး ….
အော်ဟစ်ဆဲဆိုနေခြင်း အမဲသား အစိမ်း ကြက်သားအစိမ်းများ တောင်းစားနေကာ ထိန်းမနိုင် ဖြစ်နေ၍ ကြိုးတုတ် ထိန်းသိမ်းထားသည်ကို တွေ့ရှိရသဖြင့် ကယ်ဆယ်ရေးအဖွဲ့ များမှ ထိန်းသိမ်းပေးကာ မော်လမြိုင် RESCUE အရေးပေါ်ကားဖြင့် တောင်ထိပ်မှ၄င်းအမျိုးသမီး၏နေအိမ်သို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
နေအိမ်အရောက်တွင်လည်းဆက်လက်ဆဲဆို သောင်းကျန်းနေသဖြင့် ၄င်းအမျိုးသမီး၏ အုပ်ထိန်းသူများမှအမြဲကုသနေသည့်ကရင်ဆရာထံ ကျွဲခြံကုန်းလူမူကူညီရေးအသင်းမှပို့ဆောင်ပေးခဲ့ပါသည်..
ဝင်ပူးနေသည့် အမျိုးသမီးအား တောင်ဝိုင်း တောင်ထိပ်ပေါ်မှ နေအိမ်သို့ ပို့ဆောင်ခဲ့သည်။Bowin