အေမစုေျပာတဲ႔ ငါ႔ထက္ ျပည္သူနဲ႔ႏိုင္ငံေရးကို ပိုခ်စ္တဲ႔ ေအာင္ဆန္းတဲ႔….

246

ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ရဲ႕ ရုပ္အေလာင္းကို ဂ်ဴဗလီေဟာမွာ ထားေတာ႔

နတ္ေမာက္က ကိုေအာင္ဆန္းရဲ႕ အေမႀကီး အေမစုက

ဂ်ဴဗလီေဟာ အထိလိုက္သြားၿပီး သူ႔သားကိုသြားၾကည္႔ၿပီး အေမစုက ငိုတယ္….

ငါ႔ထက္ ႏိုင္ငံေရးကို ပိုခ်စ္တဲ႔ ေအာင္ဆန္းတဲ႔….

ငါ႔ထက္ ျပည္သူကို ပိုခ်စ္တဲ႔ ေအာင္ဆန္းလို႔ ေျပာေျပာၿပီး ငိုတယ္….

အေမစု ဂ်ဴဗလီေဟာက ျပန္လာအၿပီး….

လမ္းခုလတ္မွာ သတင္းေထာက္ျဖစ္တဲ႔ ကိုညိဳျမက

မွတ္တမ္းမွတ္ရာ ျပဳစုဖို႔ ကိုညိဳျမလူေတြနဲ႔ အေမစုကို

ကိုညိဳျမတို႔ အဖြဲ႕က အင္တာ ဗ်ဴးပါေလေရာဗ်ာ….

ေအမစု….အေမစုရဲ႕ သားကိုေအာင္ဆန္းက သူမက်ဆုံးခင္မွာ

အေမစု အတြက္ ဘာေတြမ်ား ဝယ္ေပးသြားလည္းလို႔ကိုညိဳျမႀကီးက ေမးပါေလေရာဗ်ာ….

ကိုညိဳျမႀကီးလဲ ေမးသာေမးေနတာ သူလည္းငိုေနရွာတယ္….

အေမစုကလည္း ငိုေနတဲ႔ၾကားကေနျပန္ေျဖရွာတယ္…..

ၿပီးခဲ႔တဲ႔ သုံးလ ေလာက္ကေတာ႔ အေမ႔ကို တစ္ခါမွဘာမွ ဝယ္မေပးရေသးလို႔ဆိုၿပီး ….

မင္းသူငယ္ခ်င္းကိုေအာင္ဆန္းႀကီးက ငါ႔ကို ဝယ္ေပးသြားတယ္…

ဘာဝယ္ေပးသြားတာလဲ အေမစု….

ကိုေအာင္ဆန္းက ငါ႔အတြက္ဆိုၿပီး သဘက္ တစ္ထည္ဝယ္ေပးသြားပါတယ္ သားရယ္ တဲ႔….

ကိုင္း…..တစ္ႏိုင္ငံလုံးကို အုပ္ခ်ဳပ္ေနတဲ႔ ဗိုလ္ခ်ဳပ္က သူ႔အေမအတြက္ သဘက္ တစ္ထည္တဲ႔….

ဗိုလ္ခ်ဳပ္ရာ ႏိုင္ငံေတာ္ ဘ႑ာေငြကို ဘာလို႔မသုံးတာလဲ…ဗ်ာ …ဘာလို႔မသုံးတာလဲ…..။ Zarni Thway

unicode

ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ရုပ်အလောင်းကို ဂျူဗလီဟောမှာ ထားတော့

နတ်မောက်က ကိုအောင်ဆန်းရဲ့ အမေကြီး အမေစုက

ဂျူဗလီဟော အထိလိုက်သွားပြီး သူ့သားကိုသွားကြည့်ပြီး အမေစုက ငိုတယ်….

ငါ့ထက် နိုင်ငံရေးကို ပိုချစ်တဲ့ အောင်ဆန်းတဲ့….

ငါ့ထက် ပြည်သူကို ပိုချစ်တဲ့ အောင်ဆန်းလို့ ပြောပြောပြီး ငိုတယ်….

အမေစု ဂျူဗလီဟောက ပြန်လာအပြီး….

လမ်းခုလတ်မှာ သတင်းထောက်ဖြစ်တဲ့ ကိုညိုမြက

မှတ်တမ်းမှတ်ရာ ပြုစုဖို့ ကိုညိုမြလူတွေနဲ့ အမေစုကို

ကိုညိုမြတို့ အဖွဲ့က အင်တာ ဗျူးပါလေရောဗျာ….

အေမစု….အမေစုရဲ့ သားကိုအောင်ဆန်းက သူမကျဆုံးခင်မှာ

အမေစု အတွက် ဘာတွေများ ဝယ်ပေးသွားလည်းလို့ကိုညိုမြကြီးက မေးပါလေရောဗျာ….

ကိုညိုမြကြီးလဲ မေးသာမေးနေတာ သူလည်းငိုနေရှာတယ်….

အမေစုကလည်း ငိုနေတဲ့ကြားကနေပြန်ဖြေရှာတယ်…..

ပြီးခဲ့တဲ့ သုံးလ လောက်ကတော့ အမေ့ကို တစ်ခါမှဘာမှ ဝယ်မပေးရသေးလို့ဆိုပြီး ….

မင်းသူငယ်ချင်းကိုအောင်ဆန်းကြီးက ငါ့ကို ဝယ်ပေးသွားတယ်…

ဘာဝယ်ပေးသွားတာလဲ အမေစု….

ကိုအောင်ဆန်းက ငါ့အတွက်ဆိုပြီး သဘက် တစ်ထည်ဝယ်ပေးသွားပါတယ် သားရယ် တဲ့….

ကိုင်း…..တစ်နိုင်ငံလုံးကို အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်က သူ့အမေအတွက် သဘက် တစ်ထည်တဲ့….

ဗိုလ်ချုပ်ရာ နိုင်ငံတော် ဘဏ္ဍာငွေကို ဘာလို့မသုံးတာလဲ…ဗျာ …ဘာလို့မသုံးတာလဲ…..။ Zarni Thway