တိမ်ညိုစခန်းမှူး သေနတ်ဖြင့် ပစ်ခံရ

0
66

တိမ်ညိုစခန်းမှူး သေနတ်ဖြင့် ပစ်ခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညို စခန်းမှူး ဦးကျော်ကျော်လှ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မြောက်ဦးဆေးရုံကို တင်ထားရကြောင်း သတင်းရရှိသည်။

မြောက်ဦးခရိုင်ဆရာဝန်ကြီးသို့ ဆက်သွယ်ရာ ဆရာဝန်ကြီးက “ ဟုတ်ပါတယ်။ လောလောဆယ်တော့ အခြေအနေ ကောင်းပါတယ်။ ကျွန်တော်လည်း အခု စစ်တွေကိုရောက်နေပါတယ်။ ကျွန်တော် တပည့်တွေတော့ ကုသမှုပေးနေပါတယ်။ အသက်အန္တရာယ် ရှိ/ မရှိဆိုတာကိုတော့ ပြောဖို့ ခက်ပါသေးတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ် ရဲမှူးကြီး ကြည်လင်းသို့ ဆက်သွယ်ရာ ရဲမှူးကြီးက “ ဖြစ်စဉ်တော့ မှန်ပါတယ်ဗျာ။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး။ အခြေအနေတွေကို နောက်မှ ပြောနိုင်မယ်” ဟု ပြောကြားသည်။

တိမ်ညိုစခန်းမှူး လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး တိမ်ညို ဒေသခံများသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။(ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းသိရှိရပါက အသေးစိတ် ဆက်လက် တင်ပြပေးပါမည်။)နိရဉ္စရာ၊ မတ်လ ၂၃/၂၁၀၉

M.N.T | Myanmar News Team | www.myanmarnewsteam.com