ညေန ငါးနာရီတိတိမွာ ေသရမွာကိုၾကိဳသိေနသူ…

357

” တပည့္ေတာ္မ ဒီေန႔ ညေန ငါးနာရီတိတိမွာ ဆံုးမွာျဖစ္လို႔ ဆရာေတာ္ရဲ႕တရားစခန္း အလုပ္မပ်က္ေအာင္…အိမ္ကိုျပန္ခြင့္ျပဳပါဘုရား ” တဲ့။ဆရာေတာ္က ေအးေအးသက္သာပဲ ခြင့္ျပဳလိုက္ပါတယ္။

အာနာပါန သမာဓိကေန ဝိပသနာကို တက္ၾကတဲ့ ေယာဂီတခ်ိဳ႕ဟာ ခုလိုပဲ မိမိေသမယ့္ရက္ကို ႀကိဳသိေနတတ္ပါတယ္။ အာနာပါန သမာဓိစြမ္းအားေၾကာင့္ သိရတာပါ။ ေယာဂီတိုင္းေတာ့ မသိႏိုင္ပါဘူး။

ေသတယ္ ဆိုတာ…တရားမသိတဲ့သူေတြအတြက္ အထူးအဆန္း ျဖစ္ေနေပမယ့္ တရားသိတဲ့သူေတြအတြက္ ကေတာ့ အထူးအဆန္း မဟုတ္ေတာ့ပါဘူး။

ပရမတ္ ႐ုပ္နမ္ ေတြရဲ႕ ခဏေသေနမႈ (ခဏိကမရဏ) ကို အျမဲ ၾကည့္ေနတဲ့ ေယာဂီ အတြက္ အမ်ားက သမုတ္ထားတဲ့ တခါတရံေသမႈ (သမုတိမရဏ) ဟာ အထူးအဆန္း မဟုတ္ဘူးဆိုတာ သဘာဝက်ပါတယ္။

ဒါယိကာမႀကီးဟာ…သမီးအငယ္ဆံုး အိမ္မွာ ေသဖို႔ေနရာ ေရြးလိုက္တယ္။ အထုပ္အပိုးေတြနဲ႔ ျပန္လာတဲ့ အေမကိုေတြ႔ရေတာ့…သမီးငယ္က တရားစခန္း မၿပီးေသးပဲ ဘာေၾကာင့္ ထြက္လာခဲ့တာလဲလို႔ ေမးေတာ့…

” အေမ ဒီေန႔ ညေန ငါးနာရီဆံုးမွာသမီး အေမ့ကို ေနာက္ဆံုးျပဳစုခြင့္ ရေအာင္သမီးအိမ္ကို ေရြးလိုက္တာ” တဲ့။

အသက္ဖုတ္လႈိက္ဖုတ္လိႈက္ျဖစ္ေနတဲ့သူမ်ိဳးက ေျပာရမယ့္စကားကို ေကာင္းေကာင္းမြန္မြန္ မာမာက်န္းက်န္းနဲ႔ မိခင္က ေျပာေနတာဆိုေတာ့သမီးငယ္က မယံုဘူး။

ဒါေၾကာင့္ သူ႔အကိုေတြ အစ္မေတြကိုေတာင္သြားၿပီး အေၾကာင္းမၾကားဘူး။မိခင္ရဲ႕စကားကို မယံုေပမယ့္အေမစိတ္ခ်မ္းသာရင္ၿပီးေရာ ဆိုၿပီး လိုအပ္တာေတြ အကုန္ျပဳစုေပးတယ္။

ေရမိုးခ်ိဳး ေခါင္းပါ ေလ်ွာ္ၿပီးတာနဲ႔ ညေန(၄)နာရီေလာက္မွာ ညစာ,စားတယ္။စားေသာက္ၿပီးတာနဲ႔ ကုတင္တစ္လံုးကို ျပင္ခိုင္းတယ္။

ကုတင္ေပၚထိုင္ၿပီးတာနဲ႔ ဝိပႆနာတရားကို နာၾကား အားထုတ္သင့္တဲ့အေၾကာင္းသမီးကို ႐ွင္းျပတယ္။မွတ္သားစရာ အေကာင္းဆံုး စကားတခြန္းကေတာ့…

” သမီး ေရ တခ်ိဳ႕က-ေနာင္ပြင့္မယ့္ အရိေမေတၱယ်ဘုရားရွင္ကိုဆီမီးငါးတိုင္၊ ၾကာငါးခိုင္နဲ႔ လက္ဦးဖူးေတြ႔ ပူေဇာ္ရပါလို၏လို႔ဆုေတာင္းေလ့ရွိၾကတယ္။ဒါေပမယ့္ ခုဘဝမွာေတာ့…ဝိပသနာတရား နာၾကာရေကာင္းမွန္း႐ႈပြားရေကာင္းမွန္း မသိၾကဘူး။

ဝိပႆနာနဲ႔ ပက္သက္လို႔ ႐ုပ္နာမ္အဓိပၸါယ္ကိုေတာင္ က်က်နန မသိခဲ့သူေတြဟာ အရိေမတၱယ်ဘုရားနဲ႔ေတြ႕လည္းတရားရဖို႔ ေနေနသာသာ ဘုရားမွန္းေတာင္ သိမွာမဟုတ္ပါဘူး။

တကယ္ေတာ့ သမီးရယ္…တရားျမင္မွ ဘုရားျမင္တာပါ။ေဂါတမျမတ္စြာ ဘုရားျဖစ္ေတာ္မူစကပဥၥဝဂီငါးဦးကို ဓမၼစၾကာတရားဦး ေဟာရေအာင္ မိဂဒါဝုန္ေတာကို တပါးတည္း ႂကြလာတယ္။

လမ္းမွာ ဥပကအမည္႐ွိတဲ့ တကၠတြန္းတစ္ေယာက္နဲ႔ ေတြ႔တယ္။ကိေလသာကင္းစင္သူေတြရဲ႕ တင့္တယ္သပၸါယ္မႈဟာ ေဘးလူေတြအေနနဲ႔ ၾကည္ညိဳလို႔ မဝႏိုင္ပါဘူး။

ဒါေၾကာင့္ ဘုရားကိုျမင္ျမင္ခ်င္းၾကည္ညိဳ ေလးစားသြားတယ္။ဒါေၾကာင့္ ဘယ္အမည္ရွိတယ္။ဘယ္ဆရာထံ နည္းခံၿပီး တရားက်င့္တယ္ဆိုတာကို ေမးျမန္းတယ္။

ဒါ့ေၾကာင့္ ဘုရား႐ွင္က မာရ္ငါးပါးကိုေအာင္ျမင္ေတာ္မူၿပီးျဖစ္လို႔ ငါ့အမည္ကို ” ဇိန ” လို႔ ေခၚတယ္။ငါ့မွာ ဆရာမ႐ွိ ကိုယ္ေတာ္တိုင္ သဗၺညဳတဉာဏ္ေတာ္ကို ထိုးထြင္း၍သိျမင္ေတာ္မူေတာ္လို႔ မိန္႔ေတာ္မူပါတယ္။

ဒီအခါမွာ ဥပက က ေခါင္းေလး တစ္ၿငိမ့္ၿငိမ့္နဲ႔ဇိန ဆိုဆာ ဟုတ္ေလာက္ပါတယ္လို႔-မွတ္ခ်က္ခ်ရင္း ဘုရား႐ွင္အနားက ခြာသြားတယ္။ဘာတရားမွ နာမသြားခဲ့ဘူး။

ဥပကတကၠတြန္းဟာ…အရင္ ကသပဘုရား႐ွင္ သာသနာေနာက္ပိုင္း ကာလတုန္းကဝိပသနာတရားကို နာၾကား႐ႈပြားျခင္းမ႐ွိပဲေဂါတမျမတ္စြာဘုရားကိုသူတပါးထက္ အရင္ဖူးေတြ႔ရပါလို၏ လို႔ဆုေတာင္းဖူးခဲ့လိမ့္မယ္။

ဒါေပမယ့္ အရင္ဘဝတုန္းက တရားကိုျမင္ေအာင္ မႀကိဳးစားေတာ့ခုဘဝမွာ ဘုရားကို ျမင္ေတြ႔ရေသာ္လည္းတရားရဖို႔ ေနေနသာသာဘုရားမွန္းေတာင္ မသိခဲ့ပါဘူး။

ဒါေၾကာင့္ သမီးလည္းဘုရားကို တကယ္ျမင္ခ်င္ရင္ အခုဘဝကတည္းကတရားကို တကယ္ျမင္ေအာင္ဝိပႆနာကို နာၾကာအားထုတ္ပါ ” တဲ့။

ဒီစကားေလးကိုေျပာၿပီးညေနငါးနာရီထိုးတိတိမွာပဲ ေခါင္းအံုးေပၚအသာအယာလွဲခ်ၿပီး ျပံဳးျပံဳးေလး ႐ုပ္နာမ္ခ်ဳပ္သြားခဲ့ပါတယ္။

ျပံဳးတယ္ဆိုတာကေတာ့…မမဲ့တာကို ေျပာင္းျပန္ ျပန္ၿပီး ေျပာေနၾကတာပါ။အမွန္ကေတာ့…ၾကည္လင္သန္႔ရွင္းတဲ့ မ်က္ႏွာနဲ႔တည္တည္ၾကည္ၾကည္ ႐ုပ္နာမ္ခ်ဳပ္သြားတာပါ။

မဂ္ဖိုလ္ရမည့္သမာဓိအဆင့္အဆင့္(မယ္ေတာ္ႀကီးထံဝိပႆနာေပးစာ)စာမ်က္ႏွာ (၁၀၇) မွ ကူးယူပူေဇာ္ပါသည္။အေမွာင္ေပ်ာက္၍ အလင္းေရာက္ပါေစ။ ေမတၱာရွင္(ေရႊျပည္သာ)

Unicode

” တပည့်တော်မ ဒီနေ့ ညနေ ငါးနာရီတိတိမှာ ဆုံးမှာဖြစ်လို့ ဆရာတော်ရဲ့တရားစခန်း အလုပ်မပျက်အောင်…အိမ်ကိုပြန်ခွင့်ပြုပါဘုရား ” တဲ့။ဆရာတော်က အေးအေးသက်သာပဲ ခွင့်ပြုလိုက်ပါတယ်။

အာနာပါန သမာဓိကနေ ဝိပသနာကို တက်ကြတဲ့ ယောဂီတချို့ဟာ ခုလိုပဲ မိမိသေမယ့်ရက်ကို ကြိုသိနေတတ်ပါတယ်။ အာနာပါန သမာဓိစွမ်းအားကြောင့် သိရတာပါ။ ယောဂီတိုင်းတော့ မသိနိုင်ပါဘူး။

သေတယ် ဆိုတာ…တရားမသိတဲ့သူတွေအတွက် အထူးအဆန်း ဖြစ်နေပေမယ့် တရားသိတဲ့သူတွေအတွက် ကတော့ အထူးအဆန်း မဟုတ်တော့ပါဘူး။

ပရမတ် ရုပ်နမ် တွေရဲ့ ခဏသေနေမှု (ခဏိကမရဏ) ကို အမြဲ ကြည့်နေတဲ့ ယောဂီ အတွက် အများက သမုတ်ထားတဲ့ တခါတရံသေမှု (သမုတိမရဏ) ဟာ အထူးအဆန်း မဟုတ်ဘူးဆိုတာ သဘာဝကျပါတယ်။

ဒါယိကာမကြီးဟာ…သမီးအငယ်ဆုံး အိမ်မှာ သေဖို့နေရာ ရွေးလိုက်တယ်။ အထုပ်အပိုးတွေနဲ့ ပြန်လာတဲ့ အမေကိုတွေ့ရတော့…သမီးငယ်က တရားစခန်း မပြီးသေးပဲ ဘာကြောင့် ထွက်လာခဲ့တာလဲလို့ မေးတော့…

” အမေ ဒီနေ့ ညနေ ငါးနာရီဆုံးမှာသမီး အမေ့ကို နောက်ဆုံးပြုစုခွင့် ရအောင်သမီးအိမ်ကို ရွေးလိုက်တာ” တဲ့။

အသက်ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့သူမျိုးက ပြောရမယ့်စကားကို ကောင်းကောင်းမွန်မွန် မာမာကျန်းကျန်းနဲ့ မိခင်က ပြောနေတာဆိုတော့သမီးငယ်က မယုံဘူး။

ဒါကြောင့် သူ့အကိုတွေ အစ်မတွေကိုတောင်သွားပြီး အကြောင်းမကြားဘူး။မိခင်ရဲ့စကားကို မယုံပေမယ့်အမေစိတ်ချမ်းသာရင်ပြီးရော ဆိုပြီး လိုအပ်တာတွေ အကုန်ပြုစုပေးတယ်။

ရေမိုးချိုး ခေါင်းပါ လျှော်ပြီးတာနဲ့ ညနေ(၄)နာရီလောက်မှာ ညစာ,စားတယ်။စားသောက်ပြီးတာနဲ့ ကုတင်တစ်လုံးကို ပြင်ခိုင်းတယ်။

ကုတင်ပေါ်ထိုင်ပြီးတာနဲ့ ဝိပဿနာတရားကို နာကြား အားထုတ်သင့်တဲ့အကြောင်းသမီးကို ရှင်းပြတယ်။မှတ်သားစရာ အကောင်းဆုံး စကားတခွန်းကတော့…

” သမီး ရေ တချို့က-နောင်ပွင့်မယ့် အရိမေတ္တေယျဘုရားရှင်ကိုဆီမီးငါးတိုင်၊ ကြာငါးခိုင်နဲ့ လက်ဦးဖူးတွေ့ ပူဇော်ရပါလို၏လို့ဆုတောင်းလေ့ရှိကြတယ်။ဒါပေမယ့် ခုဘဝမှာတော့…ဝိပသနာတရား နာကြာရကောင်းမှန်းရှုပွားရကောင်းမှန်း မသိကြဘူး။

ဝိပဿနာနဲ့ ပက်သက်လို့ ရုပ်နာမ်အဓိပ္ပါယ်ကိုတောင် ကျကျနန မသိခဲ့သူတွေဟာ အရိမေတ္တယျဘုရားနဲ့တွေ့လည်းတရားရဖို့ နေနေသာသာ ဘုရားမှန်းတောင် သိမှာမဟုတ်ပါဘူး။

တကယ်တော့ သမီးရယ်…တရားမြင်မှ ဘုရားမြင်တာပါ။ဂေါတမမြတ်စွာ ဘုရားဖြစ်တော်မူစကပဥ္စဝဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောရအောင် မိဂဒါဝုန်တောကို တပါးတည်း ကြွလာတယ်။

လမ်းမှာ ဥပကအမည်ရှိတဲ့ တက္ကတွန်းတစ်ယောက်နဲ့ တွေ့တယ်။ကိလေသာကင်းစင်သူတွေရဲ့ တင့်တယ်သပ္ပါယ်မှုဟာ ဘေးလူတွေအနေနဲ့ ကြည်ညိုလို့ မဝနိုင်ပါဘူး။

ဒါကြောင့် ဘုရားကိုမြင်မြင်ချင်းကြည်ညို လေးစားသွားတယ်။ဒါကြောင့် ဘယ်အမည်ရှိတယ်။ဘယ်ဆရာထံ နည်းခံပြီး တရားကျင့်တယ်ဆိုတာကို မေးမြန်းတယ်။

ဒါ့ကြောင့် ဘုရားရှင်က မာရ်ငါးပါးကိုအောင်မြင်တော်မူပြီးဖြစ်လို့ ငါ့အမည်ကို ” ဇိန ” လို့ ခေါ်တယ်။ငါ့မှာ ဆရာမရှိ ကိုယ်တော်တိုင် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍သိမြင်တော်မူတော်လို့ မိန့်တော်မူပါတယ်။

ဒီအခါမှာ ဥပက က ခေါင်းလေး တစ်ငြိမ့်ငြိမ့်နဲ့ဇိန ဆိုဆာ ဟုတ်လောက်ပါတယ်လို့-မှတ်ချက်ချရင်း ဘုရားရှင်အနားက ခွာသွားတယ်။ဘာတရားမှ နာမသွားခဲ့ဘူး။

ဥပကတက္ကတွန်းဟာ…အရင် ကသပဘုရားရှင် သာသနာနောက်ပိုင်း ကာလတုန်းကဝိပသနာတရားကို နာကြားရှုပွားခြင်းမရှိပဲဂေါတမမြတ်စွာဘုရားကိုသူတပါးထက် အရင်ဖူးတွေ့ရပါလို၏ လို့ဆုတောင်းဖူးခဲ့လိမ့်မယ်။

ဒါပေမယ့် အရင်ဘဝတုန်းက တရားကိုမြင်အောင် မကြိုးစားတော့ခုဘဝမှာ ဘုရားကို မြင်တွေ့ရသော်လည်းတရားရဖို့ နေနေသာသာဘုရားမှန်းတောင် မသိခဲ့ပါဘူး။

ဒါကြောင့် သမီးလည်းဘုရားကို တကယ်မြင်ချင်ရင် အခုဘဝကတည်းကတရားကို တကယ်မြင်အောင်ဝိပဿနာကို နာကြာအားထုတ်ပါ ” တဲ့။

ဒီစကားလေးကိုပြောပြီးညနေငါးနာရီထိုးတိတိမှာပဲ ခေါင်းအုံးပေါ်အသာအယာလှဲချပြီး ပြုံးပြုံးလေး ရုပ်နာမ်ချုပ်သွားခဲ့ပါတယ်။

ပြုံးတယ်ဆိုတာကတော့…မမဲ့တာကို ပြောင်းပြန် ပြန်ပြီး ပြောနေကြတာပါ။အမှန်ကတော့…ကြည်လင်သန့်ရှင်းတဲ့ မျက်နှာနဲ့တည်တည်ကြည်ကြည် ရုပ်နာမ်ချုပ်သွားတာပါ။

မဂ်ဖိုလ်ရမည့်သမာဓိအဆင့်အဆင့်(မယ်တော်ကြီးထံဝိပဿနာပေးစာ)စာမျက်နှာ (၁၀၇) မှ ကူးယူပူဇော်ပါသည်။အမှောင်ပျောက်၍ အလင်းရောက်ပါစေ။ မေတ္တာရှင်(ရွှေပြည်သာ)