ဘယ်လို ရှင်းကြမလဲ.. ကလေးက ၃ နှစ်မပြည့်သေးဘူး..

315

ဘယ်လိုရှင်းကြမလဲ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာလမ်းဂွေ့မှာ ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲပိုင်းက စည်းကမ်းမဲ့ယာဉ်တွေကို စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့က စောင့်ဆိုင်းနေစဉ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ သွားမယ့် ဆိုင်ကယ်တစ်စီးကို ရဲတပ်ဖွဲ့ဝင် ၂ ဦးက ပြေးထွက်လာပြီး လှမ်းတာရာ ဆိုင်ကယ်ယာဉ်မောင်းနဲ့ ခရီးသည်က ရပ်ပေးမယ် ဘရိတ်မကောင်းဟု လှမ်းအော်ကာ အရှိန်လွန်သွားလို့ ဆိုင်ကယ် မရပ်မည်စိုးသောရဲတစ်ဦးက ဆိုင်ကယ်ကိုလှမ်းကန်လိုက်တာကြောင့် ဆိုင်ကယ်အနောက်မှာ လိုက်ပါလာတဲ့ ကလေးချီထားတဲ့ အမျိုးသမီး ဟာ ကလေးနဲ့အတူ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရရှိ ခဲ့ပါတယ်။

ကလေးက ၃ နှစ်မပြည့်သေးပါဘူး။

ဆိုင်ကယ်သမားကတော့ Taxi အင်္ကျီမဝတ်ထားဘူးလို့ သိရပါတယ်။ ကန်လိုက်တဲ့ရဲက ဆေးဖိုး ၁ သိန်းတော့ ပေးခဲ့တယ်လို့ ပြောတယ်။ လောလောဆယ် မော်လမြိုင်မှာ ဆေးကုတာပဲ ၆ သောင်းလောက် ကုန်ပြီးတဲ့။

ပြောရတော့ခက်ပ Taxi သမားရဲ့ စည်းကမ်းမလိုက်နာမှု ရဲတပ်ဖွဲ့ဝင်အချို့ရဲ့ မပြုသင့်အရာ ပြုလုပ်မှု၊ ခရီးသည်ရဲ့အသင်းအဖွဲ့ Taxi ကို မစီးမိခြင်းတို့ကြောင့် ကလေးက သနားစရာဖြစ်ရ။ တော်ပြီး မပြောတော့တာပဲကောင်းတယ်။

Ko Nyan Soe Win