ဥဳးပၪၨင္းေနဖို႕ ေက်ာင္းမရွိလို႕ အဖြားရဲ႕ လက္ဝတ္ရတနာေတြကိုေရာင္းျပီးလွဴမယ္ဆိုတဲ႕ အသက္ ၈၀ေက်ာ္အဖြား….

307

အင္းစိန္က သိကၡာထပ္ထားတဲ႕ ရဟန္းဒါယိကမႀကီး ေဒၚေစာႏြဲ႕က တိုးတိုးေလးကပ္ၿပီး ေျပာပါတယ္။

ေမာင္ပဥၨင္း အဖြားလည္းအသက္၈၀ေက်ာ္ၿပီ….အဖြားရဲ႕ ေနာက္ဆုံးအခ်ိန္က်ရင္ လာျဖစ္ေအာင္ လာေနာ္ ဆိုေတာ့ လာမွာေပါ့ လို႕ပဲျပန္ေျပာလိုက္ပါတယ္။

အဖြားက ဆက္ေျပာတယ္….ေမာင္ပၪၨင္းေနဖို႕ ေက်ာင္းမရွိလို႕ အဖြားရဲ႕ လက္ဝတ္ရတနာေတြကို ေမာင္ပဥၨင္းကို လႉဖို႕ စာေရးထားခဲ႕မွာ။

ဟာ …..အဲဒါဆိုရင္ေတာ့ မလာခ်င္ဘူး။အဖြားမရွိရင္ မိဘပစၥည္း သားသမီးပိုင္ရမွာ…သူတို႕ စိတ္ထဲတစ္မ်ိဳးျဖစ္ေနရင္ မေကာင္းဘူး ….

အဖြားရဲ႕သားသမီးေတြ သေဘာအတိုင္းလုပ္ပါေစလို႕ ေျပာလိုက္ေတာ့ ေအးပါ ေအးပါ လို႕ေျပာၿပီး ျပန္သြားပါတယ္။

ေနာက္တစ္ပါတ္ေလာက္ၾကာေတာ့ ျပန္ေရာက္လာၿပီး ေမာင္ပဥၨင္း သားသမီးေတြ ေျပာၿပီးၿပီ ပိုေတာင္ အဆင္ေျပပါတယ္။

သူတို႕က ေျပာပါတယ္ ….အေမရယ္ ေသမွ လႉတာက အေမ့အတြက္ မေသခ်ာပါဘူး။ အေမလႉခ်င္တာကို အခုတည္းက လႉသြားပါလို႕ ေျပာၾကလို႕ ခြဲျခမ္း စီစဥ္လိုက္ပါၿပီ။

အဖြားက သိန္း ၁၀၀ အဖြားသူငယ္ခ်င္း ေဒၚလြမ္းကသိန္း ၅၀ ျမန္ျမန္လႉခ်င္လွပါၿပီ ….လႉရမယ့္ရက္သာ ျမန္ျမန္သတ္မွတ္ပါ ခဏခဏေလ်ာက္လို႕ ဒီေန႕ အာဇာနည္ေန႕မွာ ေရစက္ခ်ဖို႕သတ္မွတ္လိုက္ပါတယ္။

ေရစက္မခ်ခင္မွာ အဖြားကိုတစ္ခုေလာက္ ေျပာခ်င္ပါေသးတယ္ ….အဖြားက ေမာင္ပဥၨင္းအတြက္ ေက်ာင္းေဆာက္ဖို႕ရည္မွန္းေပမယ့္ ေမာင္ပဥၨင္းအတြက္ေတာ့ မေဆာက္ခ်င္ပါဘူး။

မုံရြာမွာ ပညာဒါန သုံးထပ္ေက်ာင္းေဆာင္ေဆာက္ေနတယ္။ မတည္အလႉရွင္က သိန္း ၃၅၀ လႉထားပါတယ္။ေက်ာင္းက လုပ္ရင္းလုပ္ရင္းနဲ႕သိန္း ၈၀၀ေက်ာ္ပါမယ္။

အဲဒီမွာ ထည့္လိုက္ ရမလား ဆိုေတာ့ေမာင္ပဥၨင္း လိုအပ္တဲ႕ေနရာ လုပ္ပါလို႕ေျပာၿပီး ဒီေန႕ပဲ ေရစက္ခ်လိုက္ပါတယ္။ခ်မ္းသာေလးမ်ိဳးနဲ႕ သူေတာ္ေကာင္းတို႕ ဆုေတာင္းတရားအက်ဥ္းေလးေဟာေပးခဲ႕ပါတယ္။ခ်မ္းသာေလးမ်ိဳးက

၁။ အတၳိသုခရွိသင့္တာရွိရင္ ခ်မ္းသာတယ္။

၂။ ပရိေဘာဂသုခသုံးေဆာင္ခံစားရမွ ခ်မ္းသာတယ္။

၃။ အာနဏ္သုခ။ေႂကြးကင္းရင္ ခ်မ္းသာတယ္။

၄။အနဝဇၨသုခ ဝါ ဝိမုတၱိသုခအျပစ္ကင္းေသာခ်မ္းသာ စြန္႕လႊတ္မႈ ခ်မ္းသာ ဆိုၿပီး ေလးမ်ိဳးရွိပါတယ္။

အဲဒီေလးမ်ိဳးထဲမွာ ေရွ႕သုံးမ်ိဳးက တဏွာမကင္႕းလို႕ ခ်မ္းသာအတုပါ။အျပစ္ကင္းေသာ စြန္႕လႊတ္မႈခ်မ္းသာသည္သာ နိဗၺာန္ကို ဦးတည္တဲ႕ ခ်မ္းသာအစစ္ပါ။

ဘုရားေလာင္းကဏွရေသ့ကိုသိၾကားမင္းက ျဖည့္ဆည္းေပးပါမယ္။ဘာလို္ခ်င္လဲလို႕ ေမးေတာ့။ကဏွရေသ့က ဆု ၆မ်ိဳး ေျပာဆိုလိုက္ပါတယ္။

၁။ ဘယ္သူ႕ကိုမွ် စိတ္မဆိုးပါရေစနဲ႕။

၂။ဘယ္သူ႕ကိုမွ် မျပစ္မွားပါရေစနဲ႕။

၃။ မည္သည့္အရာကိုမ် လိုခ်င္ေလာဘ မျဖစ္ပါရေစနဲ႕။

၄။မည္သည့္အရာကိုမွ် ျပင္းစြာ စြဲလန္းျခင္းမျဖစ္ပါရေစနဲ႕။

၅။သူေတာ္ေကာင္းတရား အားထုတ္ခြင့္ မရမွာစိုးလို႕ အနာေရာဂါကင္းရပါလို၏။

၆။ ကိုယ့္ေၾကာင့္ သူတစ္ပါးတို႕ ကိုယ္ဆင္းရဲျခင္း စိတ္ဆင္းရဲျခင္းမျဖစ္ၾကပါေစနဲ႕လို႕ ဆု ၆ မ်ိဳး ေတာင္းဆိုလိုက္ပါတယ္။

ေရစက္ခ်အၿပီးမွာ Hotpop City မွာေန႕ဆြမ္းဆက္ကပ္ၾကပါတယ္။အဖြားက ၿပီးေတာ့ တိုးတိုးေလးကပ္ေလ်ာက္သြားေသးတယ္ ။

ငါးက်ပ္သား က်န္ေသးတယ္ လႉထ ားခဲ႕ပါမယ္ တဲ႕။အားလုံး ဝမ္းသာ၍ ခ်မ္းသာၾကပါေစ….။ေမတၱာရွင္ ေရႊျပည္သာ

unicode

အင်းစိန်က သိက္ခာထပ်ထားတဲ့ ရဟန်းဒါယိကမကြီး ဒေါ်စောနွဲ့က တိုးတိုးလေးကပ်ပြီး ပြောပါတယ်။

မောင်ပဥ္ဇင်း အဖွားလည်းအသက်၈ဝကျော်ပြီ….အဖွားရဲ့ နောက်ဆုံးအချိန်ကျရင် လာဖြစ်အောင် လာနော် ဆိုတော့ လာမှာပေါ့ လို့ပဲပြန်ပြောလိုက်ပါတယ်။

အဖွားက ဆက်ပြောတယ်….မောင်ပ ဉ္ဇင်းနေဖို့ ကျောင်းမရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို မောင်ပဥ္ဇင်းကို လှူဖို့ စာရေးထားခဲ့မှာ။

ဟာ …..အဲဒါဆိုရင်တော့ မလာချင်ဘူး။အဖွားမရှိရင် မိဘပစ္စည်း သားသမီးပိုင်ရမှာ…သူတို့ စိတ်ထဲတစ်မျိုးဖြစ်နေရင် မကောင်းဘူး …..

အဖွားရဲ့သားသမီးတွေ သဘောအတိုင်းလုပ်ပါစေလို့ ပြောလိုက်တော့ အေးပါ အေးပါ လို့ပြောပြီး ပြန်သွားပါတယ်။

နောက်တစ်ပါတ်လောက်ကြာတော့ ပြန်ရောက်လာပြီး မောင်ပဥ္ဇင်း သားသမီးတွေ ပြောပြီးပြီ ပိုတောင် အဆင်ပြေပါတယ်။

သူတို့က ပြောပါတယ် ….အမေရယ် သေမှ လှူတာက အမေ့အတွက် မသေချာပါဘူး။ အမေလှူချင်တာကို အခုတည်းက လှူသွားပါလို့ ပြောကြလို့ ခွဲခြမ်း စီစဉ်လိုက်ပါပြီ။

အဖွားက သိန်း ၁၀၀ အဖွားသူငယ်ချင်း ဒေါ်လွမ်းကသိန်း ၅၀ မြန်မြန်လှူချင်လှပါပြီ ….လှူရမယ့်ရက်သာ မြန်မြန်သတ်မှတ်ပါ ခဏခဏလျောက်လို့ ဒီနေ့ အာဇာနည်နေ့မှာ ရေစက်ချဖို့သတ်မှတ်လိုက်ပါတယ်။

ရေစက်မချခင်မှာ အဖွားကိုတစ်ခုလောက် ပြောချင်ပါသေးတယ် ….အဖွားက မောင်ပဥ္ဇင်းအတွက် ကျောင်းဆောက်ဖို့ရည်မှန်းပေမယ့် မောင်ပဥ္ဇင်းအတွက်တော့ မဆောက်ချင်ပါဘူး။

မုံရွာမှာ ပညာဒါန သုံးထပ်ကျောင်းဆောင်ဆောက်နေတယ်။ မတည်အလှူရှင်က သိန်း ၃၅၀ လှူထားပါတယ်။ကျောင်းက လုပ်ရင်းလုပ်ရင်းနဲ့သိန်း ၈ဝဝကျော်ပါမယ်။

အဲဒီမှာ ထည့်လိုက် ရမလား ဆိုတော့မောင်ပဥ္ဇင်း လိုအပ်တဲ့နေရာ လုပ်ပါလို့ပြောပြီး ဒီနေ့ပဲ ရေစက်ချလိုက်ပါတယ်။ချမ်းသာလေးမျိုးနဲ့ သူတော်ကောင်းတို့ ဆုတောင်းတရားအကျဉ်းလေးဟောပေးခဲ့ပါတယ်။ချမ်းသာလေးမျိုးက

၁။ အတ္ထိသုခရှိသင့်တာရှိရင် ချမ်းသာတယ်။

၂။ ပရိဘောဂသုခသုံးဆောင်ခံစားရမှ ချမ်းသာတယ်။

၃။ အာနဏ်သုခ။ကြွေးကင်းရင် ချမ်းသာတယ်။

၄။အနဝဇ္ဇသုခ ဝါ ဝိမုတ္တိသုခအပြစ်ကင်းသောချမ်းသာ စွန့်လွှတ်မှု ချမ်းသာ ဆိုပြီး လေးမျိုးရှိပါတယ်။

အဲဒီလေးမျိုးထဲမှာ ရှေ့သုံးမျိုးက တဏှာမကင့်းလို့ ချမ်းသာအတုပါ။အပြစ်ကင်းသော စွန့်လွှတ်မှုချမ်းသာသည်သာ နိဗ္ဗာန်ကို ဦးတည်တဲ့ ချမ်းသာအစစ်ပါ။

ဘုရားလောင်းကဏှရသေ့ကိုသိကြားမင်းက ဖြည့်ဆည်းပေးပါမယ်။ဘာလို်ချင်လဲလို့ မေးတော့။ကဏှရသေ့က ဆု ၆မျိုး ပြောဆိုလိုက်ပါတယ်။

၁။ ဘယ်သူ့ကိုမျှ စိတ်မဆိုးပါရစေနဲ့။

၂။ဘယ်သူ့ကိုမျှ မပြစ်မှားပါရစေနဲ့။

၃။ မည်သည့်အရာကိုမျ လိုချင်လောဘ မဖြစ်ပါရစေနဲ့။

၄။မည်သည့်အရာကိုမျှ ပြင်းစွာ စွဲလန်းခြင်းမဖြစ်ပါရစေနဲ့။

၅။သူတော်ကောင်းတရား အားထုတ်ခွင့် မရမှာစိုးလို့ အနာရောဂါကင်းရပါလို၏။

၆။ ကိုယ့်ကြောင့် သူတစ်ပါးတို့ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းမဖြစ်ကြပါစေနဲ့လို့ ဆု ၆ မျိုး တောင်းဆိုလိုက်ပါတယ်။

ရေစက်ချအပြီးမှာ Hotpop City မှာနေ့ဆွမ်းဆက်ကပ်ကြပါတယ်။အဖွားက ပြီးတော့ တိုးတိုးလေးကပ်လျောက်သွားသေးတယ် ။

ငါးကျပ်သား ကျန်သေးတယ် လှူထ ားခဲ့ပါမယ် တဲ့။အားလုံး ဝမ်းသာ၍ ချမ်းသာကြပါစေ….။