မုန္႔ဖိုးေငြ က်ပ္တစ္ရာေပးၿပီး ေပြ႔ခ်ီကာ အခန္းထဲသို႔ေခၚေဆာင္ၿပီး အ႐ွက္အဂၤါအား မဖြယ္မရာျပဳလုပ္….

314

အသက္​ ၂၈ နွစ္​ရွိသူအမ်ိဳးသားက အသက္​ ၇ နွစ္​နွစ္​မျပည္​့ေသးသည္​့ခေလးငယ္​အား မဖြယ္​မရာျပဳလုပ္​….မိုးေကာင္း၌ အသက္ခုနစ္ႏွစ္ခန္႔မိန္းကေလးငယ္တစ္ဦးကို မဖြယ္မရာျပဳလုပ္သည့္ အမ်ိဳးသားတစ္ဦးအား အမႈဖြင့္အေရးယူ….ဇူလိုင္ ၂၀

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕၌ ဇူလိုင္ ၁၉ ရက္ ညေနပိုင္းက အသက္ခုနစ္ႏွစ္ခန္႔ရိွ မိန္းကေလးငယ္ တစ္ဦးကို မဖြယ္မရာျပဳလုပ္ခဲ့သည့္ အမ်ိဳးသားတစ္ဦး အား အမႈဖြင့္အေရးယူထားေၾကာင္း မိုးေကာင္းၿမိဳ႕မ ရဲစခန္းမွ သိရသည္။

“၂၀၁၉ ဇူလိုင္ ၁၉ ရက္ မြန္းလြဲ ၂ နာရီခြဲက မိုးေကာင္းၿမိဳ႕၊ နတ္ႀကီးကုန္းရပ္ကြက္၊ ေပ်ာ္လင့္အုပ္စုေန မိခင္ျဖစ္သူ ေဒၚ—-၏ သမီးျဖစ္သူ မ—-အသက္(၆ ႏွစ္ ၇ လ)သည္ မ်က္စိမျမင္သည့္ အဘြားျဖစ္သူႏွင့္အတူ ေနအိမ္အနီးရိွ နာေရးအိမ္သို႔ သြားစဥ္ မိခင္ျဖစ္သူမွာ ေနမေကာင္းျဖစ္ေန၍ ေနအိမ္ေ႐ွ႕ခန္းတြင္အိပ္ေနခဲ့သည္။

မိနစ္ႏွစ္ဆယ္ခန္႔အၾကာတြင္ ေယာက္ခမျဖစ္သူ၏ အခန္းတြင္းသို႔ သမီးျဖစ္သူႏွင့္ လူတစ္ဦး ဝင္ေရာက္သံၾကားကာ ၎၏ ေယာက္ခမ ေျခသံမဟုတ္မွန္းသိ၍ အခန္းထဲကဘယ္သူလည္းဟု ေမးျမန္းစဥ္ တစ္ရပ္ကြက္တည္းေန ဆိုင္းထြန္း(၂၈ ႏွစ္)သည္ အခန္းတြင္းမွထြက္ေျပးသြားခဲ့၍ ….

သမီးျဖစ္သူအား ေမးျမန္းရာ အဘြားျဖစ္သူႏွင့္ နာေရးအိမ္မွျပန္လာစဥ္ အဘြားမွာတစ္ဝန္းထဲရိွ ေနအိမ္တစ္လံုးသို႔သြားခဲ့ေၾကာင္း၊ ၎တစ္ဦးတည္းက်န္ခဲ့စဥ္ ဆိုင္းထြန္းဆိုသူမွ မုန္႔ဖိုးေငြ က်ပ္တစ္ရာေပးၿပီး ေပြ႔ခ်ီကာ အခန္းထဲသို႔ေခၚေဆာင္ၿပီး အ႐ွက္အဂၤါအား မဖြယ္မရာျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဴးလြန္သူ ဆိုင္းထြန္းအား မိုးေကာင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၇၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၇ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း မိုးေကာင္းၿမိဳ႕မရဲစခန္းမွ သိရသည္။ဝင္းႏိုင္(ကခ်င္ေျမ)

unicode

အသက်​ ၂၈ နှစ်​ရှိသူအမျိုးသားက အသက်​ ၇ နှစ်​နှစ်​မပြည်​့သေးသည်​့ခလေးငယ်​အား မဖွယ်​မရာပြုလုပ်​….မိုးကောင်း၌ အသက်ခုနစ်နှစ်ခန့်မိန်းကလေးငယ်တစ်ဦးကို မဖွယ်မရာပြုလုပ်သည့် အမျိုးသားတစ်ဦးအား အမှုဖွင့်အရေးယူ….ဇူလိုင် ၂၀

ကချင်ပြည်နယ် မိုးကောင်းမြို့၌ ဇူလိုင် ၁၉ ရက် ညနေပိုင်းက အသက်ခုနစ်နှစ်ခန့်ရှိ မိန်းကလေးငယ် တစ်ဦးကို မဖွယ်မရာပြုလုပ်ခဲ့သည့် အမျိုးသားတစ်ဦး အား အမှုဖွင့်အရေးယူထားကြောင်း မိုးကောင်းမြို့မ ရဲစခန်းမှ သိရသည်။

“၂၀၁၉ ဇူလိုင် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲက မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်၊ ပျော်လင့်အုပ်စုနေ မိခင်ဖြစ်သူ ဒေါ်—-၏ သမီးဖြစ်သူ မ—-အသက်(၆ နှစ် ၇ လ)သည် မျက်စိမမြင်သည့် အဘွားဖြစ်သူနှင့်အတူ နေအိမ်အနီးရှိ နာရေးအိမ်သို့ သွားစဉ် မိခင်ဖြစ်သူမှာ နေမကောင်းဖြစ်နေ၍ နေအိမ်ရှေ့ခန်းတွင်အိပ်နေခဲ့သည်။

မိနစ်နှစ်ဆယ်ခန့်အကြာတွင် ယောက်ခမဖြစ်သူ၏ အခန်းတွင်းသို့ သမီးဖြစ်သူနှင့် လူတစ်ဦး ဝင်ရောက်သံကြားကာ ၎င်း၏ ယောက်ခမ ခြေသံမဟုတ်မှန်းသိ၍ အခန်းထဲကဘယ်သူလည်းဟု မေးမြန်းစဉ် တစ်ရပ်ကွက်တည်းနေ ဆိုင်းထွန်း(၂၈ နှစ်)သည် အခန်းတွင်းမှထွက်ပြေးသွားခဲ့၍ ….

သမီးဖြစ်သူအား မေးမြန်းရာ အဘွားဖြစ်သူနှင့် နာရေးအိမ်မှပြန်လာစဉ် အဘွားမှာတစ်ဝန်းထဲရှိ နေအိမ်တစ်လုံးသို့သွားခဲ့ကြောင်း၊ ၎င်းတစ်ဦးတည်းကျန်ခဲ့စဉ် ဆိုင်းထွန်းဆိုသူမှ မုန့်ဖိုးငွေ ကျပ်တစ်ရာပေးပြီး ပွေ့ချီကာ အခန်းထဲသို့ခေါ်ဆောင်ပြီး အရှက်အင်္ဂါအား မဖွယ်မရာပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဆိုင်းထွန်းအား မိုးကောင်းမြို့မရဲစခန်းတွင် (ပ)၇၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။ဝင်းနိုင်(ကချင်မြေ)