ၿမိဳ႕ေပၚမွာေန ႐ႊံ႕ထဲသြားၿပီး ေခ်ာင္းေဘးနား၊ လ်ပ္စစ္မီးမ႐ွိသည့္ရြာေလးမွာ တာဝန္ထမ္းေဆာင္ေနေသာ ဆရာမေလး…

319

” အလုပ္ထြက္မယ္လို႔ ဆံုးျဖတ္လိုက္ပါတယ္ ” ဆရာမကနႈတ္ခမ္းကိုတင္းတင္းေစ့၍ ျပန္ေျပာပါတယ္…Med ဘြဲ႕ယူထားၿပီးေ႐ႊေပါကၠံအိမ္နားကေက်ာင္းမွာ အထက္တန္းျပဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ေနေသာ ဆရာမေလးကိုဧရာဝတီတိုင္းထဲက ေ႐ႊေလာင္းမွေန၍ ….

စက္ေလွတနာရီေက်ာ္စီးၿပီးမွေရာက္ေသာ ေခ်ာင္းေဘးနား၊ လ်ပ္စစ္မီးမ႐ွိသည့္ အ.လ.က အျဖစ္တိုးျမႇင့္ျခင္းခံရသည့္ ေက်ာင္းေလးသို႔ေက်ာင္းအုပ္အျဖစ္ေ႐ႊ႕ေျပာင္းတာဝန္ထမ္းေဆာင္ရမည္ဆိုေသာအခါ ဘယ္လိုေနပါသလဲဟု ေမးျမန္းမိပါတယ္။

ဒါဆိုဘယ္လိုလုပ္ၿပီးေျပာင္းေ႐ႊ႕ျဖစ္ခဲ့ပါသလဲေမးေတာ့ အေဖက အရမ္းျဖစ္ေစခ်င္လို႔ပါတဲ့…အခုလည္း ဖခင္ကိုယ္တိုင္လိုက္ေနၿပီး ေက်ာင္းတိုးတက္ေရးအတြက္ ေက်ာင္းပိတ္ရက္႐ွည္မွာေတာင္အိမ္မျပန္ဘဲ လုပ္ေဆာင္ေပးေနတာေတြကို မ်က္စိနဲ႔ေတြ႕ခဲ့ရပါတယ္…..

ေရာက္ခါစမွာ ျမစ္ဖ်ားေခ်ာင္းဖ်ားေလွစီးရေတာ့ ႐ႊံေတြဗြက္ေတြျဖတ္ရေတာ့ ဘယ္လိုေနသလဲလို႔ စပ္စုမိပါတယ္…..ၿမိဳ႕ေက်ာင္းမွာေနတုန္းက လူမႈကြန္ယက္ေတြမွာ ဆရာမေတြဓါတ္ပံုတက္လာရင္ အပိုလုပ္ျပတယ္လို႔ ထင္ခဲ့မိတာမဟုတ္မွန္း သိလိုက္ရပါတယ္တဲ့….

သြားရျပန္ရခက္ေတာ့အေမက်န္ခဲ့တဲ့ ေ႐ႊေပါကၠံအိမ္ကို တစ္လမွတခါသာ ျပန္ပါတယ္တဲ့….အေဖျဖစ္သူကေတာ့ လုပ္စရာေတြ႐ွိရင္ ျပန္မလိုက္ဘဲ ေနခဲ့တတ္ပါတယ္…..

လ်ပ္စစ္မီးမရတဲ့ေဒသ ေရတြင္းတူးမရတဲ့ေဒသမို႔ ေခ်ာင္းေရျပည္ၿ့ပီးၾကည္တဲ့အခ်ိန္ ေရတင္ၿပီးအနည္ထိုင္ေအာင္ထား သံုးဖို႔ကိုလည္းစီစဥ္ေပးပါတယ္တဲ့…..

ဒီေက်ာင္းေလးဟာ အစက မူလြန္က်ာင္းေလးပါ….ေက်ာင္းေဆာင္မေကာင္းလို႔ CTPE မွေက်ာင္းေဆာင္သစ္ေလး ေဆာက္လွဴခဲ့ပါတယ္…..

အဲဒီေက်ာင္ေဆာင္ေလး ဖြင့္လွစ္တဲ့ပြဲကိုလိုက္ခဲ့တဲ့ ေရေၾကာင္းအင္ဂ်င္နီယာ သင္တန္းသားေတြက ေဖါင္ေဒး႐ွင္းသာ႐ွိၿပီး ေက်ာင္းေဆာင္မေဆာက္ႏိုင္ေသးေသာ ေနရာမွာ ေပ ၃၀ x ၉၀ ေက်ာင္းေဆာင္တခု ေဆာက္လုပ္လွဴဒါန္းခဲ့ပါတယ္….

ဒါေၾကာင့္မို႔ အလကခြဲအျဖစ္တိုးျမႇင့္ေပးျခင္းခံရၿပီး မႏွစ္ကမွ အလကအဆင့္ရ႐ွိခဲ့တာျဖစ္ပါတယ္….အနီးအနား႐ြာေတြ႐ွိ မူလြန္ေက်ာင္းေတြမွေရာက္လာတဲ့ ၈တန္းေက်ာင္းသားေတြပါ႐ွိတာမို႔ ၇တန္းထက္ေက်ာင္းသားမ်ားပါတယ္….

ျပႆနာကေတာ့ သူတို႔ေတြ၈တန္းေအာင္ၿပီးရင္ သြားတက္ရမယ့္ အ.ထ.ကဟာ အနည္းဆံုး ေရမိုင္၅မိုင္ေလာက္႐ွိေနတာမို႔ ေန႔ခ်င္းျပန္တက္ၾကဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။

ဒါေၾကာင့္မို႔ ၈တန္းေအာင္ၿပီးတဲ့ကေလး ေတာ္ေတာ္မ်ားမ်ားဟာ အထက္တန္းပညာ ဆက္မသင္ႏိုင္ေတာ့ဘဲ ေက်ာင္းၿပီးကုန္ၾကပါတယ္…..

ၿမိဳ႕ေက်ာင္းပို႔ႏိုင္တဲ့မိဘေတြ အနီးဆံုးအထက႐ွိတဲ့႐ြာမွာ ေဆြမ်ဳိးသားခ်င္း႐ွိသူေတြသာ သားသမီးေတြကိုပို႔ထားၿပီး ေက်ာင္းဆက္ထားႏိုင္ပါေတာ့တယ္။

က်ဳံစုတ္အလကဆရာမႀကီးက ၈ တန္းကသူ႔တပည့္၄၀ေလာက္ကို အထက္တန္းပညာဆက္သင္ခြင့္ အားလံုးကိုရေစခ်င္ပါတယ္။

သူကိုယ္တိုင္လည္း အထက္တန္းျပဆရာမမို႔ သင္ေပးႏိုင္ပါတယ္။ဒါေၾကာင့္မို႔ သူ႔ရဲ႕အလကေက်ာင္းေလးကို အထကခြဲအဆင့္ရေအာင္ ႀကိဳးစားခ်င္ေနပါတယ္။

လိုအပ္ခ်က္ေတြကေတာ့ ေနာက္ထပ္ေက်ာင္းတေဆာင္ စစခ်င္းႏွစ္မွာ ၉တန္းအတြက္ အျခားလိုအပ္တဲ့ဘာသာျပဆရာမ်ား အစိုးရကခ်မေပးခင္မွာ ငွားရမ္းဖို႔ျဖစ္ပါတယ္။

ေက်ာင္းေဆာင္သစ္ရဖို႔ကေတာ့ အင္ဂ်င္နီယာေက်ာင္းသားမ်ားစုစည္း၍၎ CTPE အေနနဲ႔ သီးျခားအလွဴ႐ွင္ ႐ွာ၍ေသာ္၎ ျဖည့္ဆည္းႏိုင္ေသာ္လည္း ဆရာ ဆရာမမ်ားငွားရမ္းေရးမွာ ရပ္႐ြာအေနနဲ႔အားထုတ္ရပါမယ္။

သို႔ေသာ္လည္း နည္းတဲ့ပမာဏမဟုတ္သလို ပထမႏွစ္ ၉တန္းသာမက ႏိုင္ငံေတာ္မွခန္႔ထားမေပးႏိုင္ေသးလ်င္ ဒုတ္ယႏွစ္မွာ ဆယ္တန္းျဖစ္လာမည့္ ကေလးမ်ားအတြက္ပါထည့္တြက္လ်င္တာဝန္အေတာ္ႀကီးမားလွပါတယ္။

ျမန္မာႏိုင္ငံမွာ အလွဴ႐ွင္အမ်ားစုကလည္း ဆယ္တန္းေအာင္ၿပီးသားကေလး ေဆးေက်ာင္းတက္မည့္ကေလး စသျဖင့္ နာမည္ခံရသူမ်ားအတြက္သာ ေထာက္ပံ့လွဴဒါန္းတတ္ၾကပါတယ္…လွဴတန္းခ်င္ၾကပါတယ္။

ယခုကဲ့သို႔ အမည္ေဖၚ၍မရေသာ အလယ္တန္းပညာျဖင့္ ေက်ာင္းၿပီးသြားၾကရမည့္ ကေလးငယ္မ်ားအတြက္ေတာ့ လွဴခ်င္သူ႐ွားမည္ထင္ပါတယ္….

မည္သို႔ပင္ျဖစ္ေစ သူတို႔ေလးေတြရဲ႕ကုသိုလ္နဲ႔ ေက်ာင္းအုပ္ဆရာမႀကီးရဲ႕ ေစတနာ၊ ေမတၱာကံအက်ဳိးဆက္ေတြေၾကာင့္ လွဴတန္းခ်င္သူေပၚလာမလားလို႔ ဒီပို႔စ္ေလးကိုေရးတင္မိပါတယ္….

လွဴတန္းခ်င္သူမ်ားေတြ႕ခဲ့လ်င္ေတာ့ CTPE ကိုဆက္သြယ္ႏိုင္ပါတယ္….တဦးခ်င္းျဖစ္ေစ၊ အမ်ားစုေပါင္း၍ျဖစ္ေစ လႉႏိုင္ပါတယ္ခင္ဗ်ား…..(ေက်ာင္းစာၾကည့္တိုက္ေလး တခုလည္းလိုအပ္ေနပါတယ္….လွဴခ်င္သူမ်ား႐ွိလ်င္ လွဴေပးႏိုင္ပါေၾကာင္း)

ၿမိဳ႕ေပၚမွေန၍ ႐ႊံ႕ထဲသြားၿပီး ေသြးမေတာ္သားမစပ္ ေဒသခံကေလးငယ္မ်ားရဲ႕ ပညာေရးကို အေမွ်ာ္အျမင္ႀကီးစြာျဖင့္ စိတ္အား လူအား အစြမ္းကုန္စိုက္၍ ႀကိဳးပမ္းေနၾကေသာ ဆရာမေဒၚÖhn Marေဇာ္ နဲ႔ ဖခင္ျဖစ္သူတို႔အားေလးစားဂုဏ္ျပဳလ်က္…..

#CTPE / #CaretoPoorEducation / #School #Education / #Donation #Charity

unicode

” အလုပ်ထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ” ဆရာမကနှုတ်ခမ်းကိုတင်းတင်းစေ့၍ ပြန်ပြောပါတယ်…Med ဘွဲ့ယူထားပြီးရွှေပေါက္ကံအိမ်နားကကျောင်းမှာ အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာမလေးကိုဧရာဝတီတိုင်းထဲက ရွှေလောင်းမှနေ၍ ….

စက်လှေတနာရီကျော်စီးပြီးမှရောက်သော ချောင်းဘေးနား၊ လျပ်စစ်မီးမရှိသည့် အ.လ.က အဖြစ်တိုးမြှင့်ခြင်းခံရသည့် ကျောင်းလေးသို့ကျောင်းအုပ်အဖြစ်ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရမည်ဆိုသောအခါ ဘယ်လိုနေပါသလဲဟု မေးမြန်းမိပါတယ်။

ဒါဆိုဘယ်လိုလုပ်ပြီးပြောင်းရွှေ့ဖြစ်ခဲ့ပါသလဲမေးတော့ အဖေက အရမ်းဖြစ်စေချင်လို့ပါတဲ့…အခုလည်း ဖခင်ကိုယ်တိုင်လိုက်နေပြီး ကျောင်းတိုးတက်ရေးအတွက် ကျောင်းပိတ်ရက်ရှည်မှာတောင်အိမ်မပြန်ဘဲ လုပ်ဆောင်ပေးနေတာတွေကို မျက်စိနဲ့တွေ့ခဲ့ရပါတယ်…..

ရောက်ခါစမှာ မြစ်ဖျားချောင်းဖျားလှေစီးရတော့ ရွှံတွေဗွက်တွေဖြတ်ရတော့ ဘယ်လိုနေသလဲလို့ စပ်စုမိပါတယ်…..မြို့ကျောင်းမှာနေတုန်းက လူမှုကွန်ယက်တွေမှာ ဆရာမတွေဓါတ်ပုံတက်လာရင် အပိုလုပ်ပြတယ်လို့ ထင်ခဲ့မိတာမဟုတ်မှန်း သိလိုက်ရပါတယ်တဲ့….

သွားရပြန်ရခက်တော့အမေကျန်ခဲ့တဲ့ ရွှေပေါက္ကံအိမ်ကို တစ်လမှတခါသာ ပြန်ပါတယ်တဲ့….အဖေဖြစ်သူကတော့ လုပ်စရာတွေရှိရင် ပြန်မလိုက်ဘဲ နေခဲ့တတ်ပါတယ်…..

လျပ်စစ်မီးမရတဲ့ဒေသ ရေတွင်းတူးမရတဲ့ဒေသမို့ ချောင်းရေပြည်ြ့ပီးကြည်တဲ့အချိန် ရေတင်ပြီးအနည်ထိုင်အောင်ထား သုံးဖို့ကိုလည်းစီစဉ်ပေးပါတယ်တဲ့…..

ဒီကျောင်းလေးဟာ အစက မူလွန်ကျာင်းလေးပါ….ကျောင်းဆောင်မကောင်းလို့ CTPE မှကျောင်းဆောင်သစ်လေး ဆောက်လှူခဲ့ပါတယ်…..

အဲဒီကျောင်ဆောင်လေး ဖွင့်လှစ်တဲ့ပွဲကိုလိုက်ခဲ့တဲ့ ရေကြောင်းအင်ဂျင်နီယာ သင်တန်းသားတွေက ဖေါင်ဒေးရှင်းသာရှိပြီး ကျောင်းဆောင်မဆောက်နိုင်သေးသော နေရာမှာ ပေ ၃၀ x ၉၀ ကျောင်းဆောင်တခု ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်….

ဒါကြောင့်မို့ အလကခွဲအဖြစ်တိုးမြှင့်ပေးခြင်းခံရပြီး မနှစ်ကမှ အလကအဆင့်ရရှိခဲ့တာဖြစ်ပါတယ်….အနီးအနားရွာတွေရှိ မူလွန်ကျောင်းတွေမှရောက်လာတဲ့ ၈တန်းကျောင်းသားတွေပါရှိတာမို့ ရတန်းထက်ကျောင်းသားများပါတယ်….

ပြဿနာကတော့ သူတို့တွေ၈တန်းအောင်ပြီးရင် သွားတက်ရမယ့် အ.ထ.ကဟာ အနည်းဆုံး ရေမိုင်၅မိုင်လောက်ရှိနေတာမို့ နေ့ချင်းပြန်တက်ကြဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့်မို့ ၈တန်းအောင်ပြီးတဲ့ကလေး တော်တော်များများဟာ အထက်တန်းပညာ ဆက်မသင်နိုင်တော့ဘဲ ကျောင်းပြီးကုန်ကြပါတယ်…..

မြို့ကျောင်းပို့နိုင်တဲ့မိဘတွေ အနီးဆုံးအထကရှိတဲ့ရွာမှာ ဆွေမျိုးသားချင်းရှိသူတွေသာ သားသမီးတွေကိုပို့ထားပြီး ကျောင်းဆက်ထားနိုင်ပါတော့တယ်။

ကျုံစုတ်အလကဆရာမကြီးက ၈ တန်းကသူ့တပည့်၄ဝလောက်ကို အထက်တန်းပညာဆက်သင်ခွင့် အားလုံးကိုရစေချင်ပါတယ်။

သူကိုယ်တိုင်လည်း အထက်တန်းပြဆရာမမို့ သင်ပေးနိုင်ပါတယ်။ဒါကြောင့်မို့ သူ့ရဲ့အလကကျောင်းလေးကို အထကခွဲအဆင့်ရအောင် ကြိုးစားချင်နေပါတယ်။

လိုအပ်ချက်တွေကတော့ နောက်ထပ်ကျောင်းတဆောင် စစချင်းနှစ်မှာ ၉တန်းအတွက် အခြားလိုအပ်တဲ့ဘာသာပြဆရာများ အစိုးရကချမပေးခင်မှာ ငှားရမ်းဖို့ဖြစ်ပါတယ်။

ကျောင်းဆောင်သစ်ရဖို့ကတော့ အင်ဂျင်နီယာကျောင်းသားများစုစည်း၍၎င်း CTPE အနေနဲ့ သီးခြားအလှူရှင် ရှာ၍သော်၎င်း ဖြည့်ဆည်းနိုင်သော်လည်း ဆရာ ဆရာမများငှားရမ်းရေးမှာ ရပ်ရွာအနေနဲ့အားထုတ်ရပါမယ်။

သို့သော်လည်း နည်းတဲ့ပမာဏမဟုတ်သလို ပထမနှစ် ၉တန်းသာမက နိုင်ငံတော်မှခန့်ထားမပေးနိုင်သေးလျင် ဒုတ်ယနှစ်မှာ ဆယ်တန်းဖြစ်လာမည့် ကလေးများအတွက်ပါထည့်တွက်လျင်တာဝန်အတော်ကြီးမားလှပါတယ်။

မြန်မာနိုင်ငံမှာ အလှူရှင်အများစုကလည်း ဆယ်တန်းအောင်ပြီးသားကလေး ဆေးကျောင်းတက်မည့်ကလေး စသဖြင့် နာမည်ခံရသူများအတွက်သာ ထောက်ပံ့လှူဒါန်းတတ်ကြပါတယ်…လှူတန်းချင်ကြပါတယ်။

ယခုကဲ့သို့ အမည်ဖေါ်၍မရသော အလယ်တန်းပညာဖြင့် ကျောင်းပြီးသွားကြရမည့် ကလေးငယ်များအတွက်တော့ လှူချင်သူရှားမည်ထင်ပါတယ်….

မည်သို့ပင်ဖြစ်စေ သူတို့လေးတွေရဲ့ကုသိုလ်နဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ စေတနာ၊ မေတ္တာကံအကျိုးဆက်တွေကြောင့် လှူတန်းချင်သူပေါ်လာမလားလို့ ဒီပို့စ်လေးကိုရေးတင်မိပါတယ်….

လှူတန်းချင်သူများတွေ့ခဲ့လျင်တော့ CTPE ကိုဆက်သွယ်နိုင်ပါတယ်….တဦးချင်းဖြစ်စေ၊ အများစုပေါင်း၍ဖြစ်စေ လှူနိုင်ပါတယ်ခင်ဗျား…..(ကျောင်းစာကြည့်တိုက်လေး တခုလည်းလိုအပ်နေပါတယ်….လှူချင်သူများရှိလျင် လှူပေးနိုင်ပါကြောင်း)

မြို့ပေါ်မှနေ၍ ရွှံ့ထဲသွားပြီး သွေးမတော်သားမစပ် ဒေသခံကလေးငယ်များရဲ့ ပညာရေးကို အမျှော်အမြင်ကြီးစွာဖြင့် စိတ်အား လူအား အစွမ်းကုန်စိုက်၍ ကြိုးပမ်းနေကြသော ဆရာမဒေါ်Öhn Marဇော် နဲ့ ဖခင်ဖြစ်သူတို့အားလေးစားဂုဏ်ပြုလျက်…..

#CTPE / #CaretoPoorEducation / #School #Education / #Donation #Charity