လက်ပံပျားရွာ ရဲစခန်းအနီးမှာပဲ ပျောက်သွားတယ်….လူတွေက ကားနဲ့ခေါ်သွားတာ ခု မန္တလေးအထွက်ဘက်ရောက်နေတယ်….

359





unicode

ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျား( ကြက်သားကြော် ပေါတဲ့) ကျေးရွာမှာ နေထိုင်သော မအေးမြလင်း ( အဖ ဦးလင်းအောင် အမိ ဒေါ်အေးမြင့်ခိုင်) တို့၏ သမီး အသက် (၂၂)နှစ် အရွယ် မိန်းကလေးကို ၂၀-၇-၂၀၁၉ စနေနေ့ ည ၇ နာရီအကျော်မှာ လက်ပံပျားရွာ ရဲစခန်းအနီးမှာပဲ ပျောက်သွားတယ်လို့ မိဘတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီနေ့ ၂၁-၇-၂၀၁၉ ရက်နေ့ နံနက် ၁၀ နာရီမှာ ပျောက်သွားသော မိန်းကလေးမှ မိဘထံဖုန်းဆက်လာသောအခါ ” အမေရေ သမီးကို လူတွေက ကားနဲ့ခေါ်သွားတာ ခု မန္တလေးအထွက်ဘက်ရောက်နေတယ် ဘယ်သွားနေတာလဲ မသိဘူး ကိုယ်မှာပါတဲ့ ရွှေတွေလည်း မရှိတော့ဘူး” ဆိုပြီး ဖုန်းချသွားတယ် မိဘတွေက ချက်ချင်း ပြန်ဆက်တော့ ဖုန်းက စက်ပိတ်သွားတယ်။

ဆက်သွယ်လာတဲ့ ဖုန်းက 09-682-647-480 ပါ။ သူငယ်တန်းကတည်းက အတူကျောင်းတက်ခဲ့သော ငယ် သူငယ်ချင်းရဲ့ သမီးလေးပါ။ ဆက်သွယ်လာသော ဖုန်းနံပါတ်ကို သိပါက အမြန်ဆုံး အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံ အကူအညီတောင်းခံအပ်ပါတယ် ခင်ဗျာ။ ကူညီပြီး Share ပေးကြပါအုံးနော်။

ဦးခင်ထွန်း / လက်ပံပျား ကျေးရွာ အုပ်ချုပ်ရေးမှူး / 09-7899-41410 / မိခင် ဒေါ်အေးမြင့်ခိုင် / 09-767-977-108…….Saw Naing Htun