ကိန္နရာမောင်နှံလိုတကယ် ချစ်ခဲ့ကြပြီး ဖန်လာတဲ့ ကံကြမ္မာကြောင့် အမှန်တကယ် စွန့်ပြီးအေးရိပ်ရင်ခွင် ဗုဒ္ဓရဲ့ ဆိုဆုံးမမှုကို လက်ခံသွားကြပါပြီ….

367





ခုဆိုရင် ယောင်္ကျားလေးက လွန်စွာ တည်ငြိမ် အိနြေ္ဒရှိတဲ့ ရဟန်းတော်တစ်တပါး ဖြစ်သွားသလို အမျိုးသမီးလေးဟာလည်း သီလရှင်အဖြစ် ကျန်ရှိနေတဲ့ ဘဝသစ်ကို စနေကြပါပြီလို့ ဆိုရင် စာဖတ်ပရိတ်သတ်တွေ ယုံကြည်ကြပါမယ်လား….


unicode

22/7/2019 ပူလောင်သော အချစ်ကြောင့် အေးချမ်းရာသို့သွားခြင်းပေလော့……ဓါတ်ပုံကို သေချာကြည့်ပါ ….သူတို့နှစ်ဦးဟာ ခေတ်ပညာတတ်နှစ်ဦးဖြစ်ပြီး ကျောင်းသားဘဝ ကတည်းက ကိန္နရာမောင်နှံလိုတကယ် ချစ်ခဲ့ကြသတဲ့ မခွဲအတူ ထာဝရ ပျော်ရွှင်မှူတွေနဲ့ပေါ့….

ဒါပေသည့် ဖန်လာတဲ့ ကံကြမ္မာက သူတို့နှစ်ဦးဆီ ကြားလေသွေးလို့ ဝေးခဲ့ကြရတယ်လို့ ဆိုပါတယ်။တကယ်တော့ ကြားလေကိုပဲ ကျေးဇူးတင်ရမလို ဖြစ်ရပ်ကတော့ ယနေ့ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပါပြီလေ ….

သူတို့နှစ်ဦးဟာ အူနုကိုကျွဲခတ်သလို အချစ်ဦးမို့ ကွဲခါစ ရူးမတတ် ခံစားခဲ့ရတယ်လို့နှစ်ဖက် မိဘအေသိုင်းအဝန်းတွေက ဆိုပါတယ် ….ဒီထက်ဆန်းကြယ်တာက သူတို့နှစ်ဦးဟာ ချစ်လျှက်နဲ့ ဝေးသွားပေမဲ့ ဘယ်သူမှအိမ်ထောင်ဖက် အချစ်သစ်ကို မရှာခဲ့ကြသတဲ့ ….

ဒီလို အချစ်သစ်ကိုမရှာတဲ့ အပြင် ထူးဆန်းတဲ့ ဖြစ်ရပ်ကတော့ သူတို့ နှစ်ဦးလုံးဟာစစ်မှန်တဲ့ ထာဝရအေးချမ်းတဲ့ လောကုတ္တရာဘုံသို့ မတိုင်ပင် မဆက်သွယ်ပဲ ဝင်ရောက်ခဲ့ကြပါတယ်။

ခုဆိုရင် ယောကျင်္ားလေးက လွန်စွာ တည်ငြိမ် အိန္ဒြေရှိတဲ့ ရဟန်းတော်တစ်တပါး ဖြစ်သွားသလို အမျိုးသမီးလေးဟာလည်း သီလရှင်အဖြစ် ကျန်ရှိနေတဲ့ ဘဝသစ်ကို စနေကြပါပြီလို့ ဆိုရင် စာဖတ်ပရိတ်သတ်တွေ ယုံကြည်ကြပါမယ်လား….

သို့သော် သူတို့ဟာ ပူလောင်တဲ့ ကာမဘုံကို အမှန်တကယ် စွန့်ပြီးအေးရိပ်ရင်ခွင် ဗုဒ္ဓရဲ ့ဆိုဆုံးမမှုကို လက်ခံသွားကြပါပြီတဲ့….သင်တို့ရဲ ့အမြင်လေးကို ကော်မန့်ပေးခဲ့ကြပါလားခင်ဗျာ….။ အဖိုးသျှင်(အနိစ္စဝတ သင်္ခါရ )Photo Credit আম্রপালি