အကြွေစောလို့ နှမြောမိပါတယ် ကိုကျော်ဦးရယ်

143

ကြားရတဲ့ သတင်းက မယုံနိုင်​စရာ။ဒီသတင်းဆိုးကိုကြားရတဲ့သူတိုင်း အံ့သြမှင်​သက်​ တုန်​လှုပ်​​ချောက်​ခြားသွားပြီးနှ​မြောတသ ယူကျုံးမရ ဖြစ်​ရပါတယ်​ကို​ကျော်​ဦးရယ်​။ကျောင်းသူ​ကျောင်းသား ဆရာ၊မများရဲ့ အားထားစရာ၊​အောင်​ပန်းမြို့သူမြို့သားများရဲ့ အချစ်​​တော်​ ​လေးစား စံပြုစရာပုဂ္ဂိုလ်​ ​မော်​​တော်​ပီကယ်​ တပ်​ကြပ်​ကြီး​ကျော်​ဦး accident နဲ့ဆုံးပါးသွားတဲ့အတွက်​ ပြောမပြတတ်​​အောင်​ဝမ်းနည်း​ကြေကွဲရပါတယ်​ရှင်​။

အပြစ်​တင်​ချင်​တယ်​ ရှင်​​သေမင်းရယ်​။လောကကြီးမှာ ဒီလိုလူ​ကောင်းသူ​ကောင်း​တွေကိုဘာဖြစ်​လို့များ အ​စောကြီး​ခေါ်ချင်​ရတာလဲကွယ်​။ရှင်​သိရဲ့လားရှင်​​သေမင်းရဲ့။ဒီလူက​လေ လွန်​ခဲ့တဲ့ ဆယ့်​သုံး​လေးနှစ်​​လောက်​ကတည်းက​နေ မ​နေ့ည​နေကအထိကျွန်​မတို့​ကျောင်း​ရှေ့မှာဆရာ၊မ ​ကျောင်းသူ၊သား​တွေကို ​နေပူမ​ရှောင်​မိုးရွာမ​ရှောင်​ ​နေ့စဉ်​ ယာဉ်​အန္တရာယ်​ကင်းရှင်း​ရေး ​ဆောင်​ရွက်​​ပေးခဲ့တဲ့သူပါ။ကိုယ်​ကျိုးမဖက်​ဘဲ အများအကျိုး​ဆောင်​ရွက်​တဲ့ သူ​တော်​​ကောင်းကြီးပါ။

မနှစ်​က သူ့အမျိုးသမီး​ပြောတဲ့စကား​လေးတစ်​ခွန်းကိုသတိရမိတယ်​။ မြို့ထဲ​ကျောင်းမှာ ဒုတိယတန်းတက်​​နေတဲ့ သူ့သား​လေးကို ည​နေ​ကျောင်းသွားကြိုခိုင်းတာကို “မင်းဘာသာမင်းသွားကြိုပါ။ညောင်​ပင်​​ထောင်​​ကျောင်းက က​လေး​တွေကငါမသွားရင်​​မဖြစ်​ဘူး။အန္တရာယ်​များတယ်​တဲ့​လေ။အာ့ဒီလောက်သူ့သားသမီးအ​ရေးထက်​ ​ကျောင်းသားအများအကျိုးကိုကြည့်​တဲ့သူပါ။တစ်နေ့ ​လေးကြိမ်​ ​​ကျောင်း​ရှေ့မှာသူလာ​စောင့်​​ပေးတယ်​။နံနက်​ ၇နာရီခွဲဆို ​ကျောင်း​ရှေ့ကိုသူ​ရောက်​​နေပြီ။အသင်းduty ကျဆရာမက ​နောက်​ကျချင်​​နောက်​ကျမယ်​။ သူကဘယ်​​တော့မှ​နောက် ​မကျဘူးရှင့်​။

ကျွန်​မတို့​ကျောင်းက က​လော​တောင်​ကြီးကားလမ်းမကြီးရဲ့​ဘေးမှာတည်​ရှိပြီး​နေ့စဉ်​​ကျောင်သားတစ်​​ထောင်​​ကျော်​​လောက်​က ကားလမ်းမကြီးကိုဖြတ်​ကူးပြီး​ကျောင်းသွား​ကျောင်းပြန်​ရတာပါ။အသင်းduty ကျဆရာမ​တွေက ​ကျောင်းတက်​ချိန်​နဲ့​ကျောင်းဆင်းချိန်​​တွေမှာ က​လေး​တွေကို ကားလမ်းကူး​ပေးကြရပါတယ်​။ကို​ကျော်​ဦး ​အောင်​ပန်းကို​ ရောက်​လာကတည်းကဆရာမတွေလည်းသူ့ကိုပဲအားကိုးခဲ့ကြရတာ​​ပေါ့ရှင်​။ယခင်​ ​နှစ်​လမ်းသွားလမ်းမက ယခု​လေးလမ်းသွား လမ်းမကြီးဖြစ်​လာတာရယ်​ ​ကျောင်းသား​တွေကများလာတာရယ်​​ကြောင့်​ ​နေ့လယ်​ထမင်းစား​ကျောင်းဆင်းချိန်​က​နေ​ကျောင်းပြန်​တက်​တဲ့အချိန်​ထိ ထပ်​​စောင့်​ရရှာတယ်​​လေသူ့ခမျာ​ကျောင်းသားတွေအတွက်​လမ်းရှင်း​ပေးလိုက်​ ဆိုင်​ကယ်​နဲ့လာကြိုတဲ့မိဘ​တွေအတွက်​ လမ်းရှင်း​ပေးလိုက်​နဲ့ သိပ်​ကို တာဝန်​​ကျေပွန်​တဲ့သူကြီး ပါရှင်​။

ကျွန်​မဖြင့်​​လေ တစ်​ခါမှသူ့ကို မာဖီနဲ့မမြင်​ဖူးဘူးရှင့်​။သူဟာ ယူနီ​ဖောင်းကိုချွတ်​​ရောချွတ်​ရဲ့လားလို့​တောင်​​တွေးမိဖူးပါတယ်​။ကျောင်းဆင်းချိန်​နီးလို့ ​ကျောင်း​ရှေ့ကိုကြည့်​လိုက်​တဲ့အခါသူ့မျက်​နှာကိုမြင်​လိုက်​ရရင်​ကျွန်​မတို့ဆရာမ​တွေအရမ်း​ပျော်​ကြပါတယ်​။ရံဖန်​ရံခါ သူမလာနိုင်​ရင်​ ကျွန်​မတို့ဆရာမ​တွေကကားလမ်း​မပေါ်တက်​ပြီး ကားတားရပါပြီ။ဒီကြားထဲတချို့ဆိုင်​ကယ်​​တွေကား​တွေကအတင်း ဖြတ်​​မောင်းကြချင်​​သေးတာမဟုတ်​လား။

ဒီ​တော့ သူအလုပ်​ရှိလို့မလာအားရင်​ရဲ​ဘော်​လေး​တွေကလာပြီး ​စောင့်​​ပေးတဲ့ အခါမျိုး​တွေ လည်း ရှိပါတယ်​။တစ်​​နေ့ကမှ ကျွန်​မ အသင်းduty ကျလို့ သူနဲ့စကား​ပြောဖြစ်​ပါ​သေးတယ်​။အော်​ဒါနဲ့ ကျွန်​မတို့​ကျောင်းက​မြို့အဝင်​ ကုန်းအဆင်း အ​ကွေ့ ကားလမ်းမ​ဘေးမှာတည်​ရှိတဲ့ အထက (၁၀)ပါ။လေးလမ်းသွားကားလမ်းမအလယ်​မှာရပ်​ပြီးလမ်းရှင်း​နေတဲ့​သူ့ကိုကြည့်​ရင်း ကားများအရှိန်​မထိန်းနိုင်​ရင်​ အန္တရာယ်​များလိုက်​တာလို့​တွေးမိ လိုက်​​သေးတယ်​။ကို​ကျော်​ဦးမလာနိုင်​တဲ့ရက်​ကမော်​​တော်​ပီကယ်​သူငယ်​​လေး​လာတယ်​။လမ်းမအလယ်​မှာရပ်​​နေရတဲ့အတွက်​သူ့ကိုစိတ်​ပူလိုက်​တာလို့ကျွန်​မ​ပြောလိုက်​မိ​သေးတယ်​​။ဒီတော့သူက”ဆရာမက ကျွန်​​​တော့်​ကို​တော့ကားတိုက်​မှာ စိတ်​မပူဘူးလား”တဲ့။ “ဟင့်အင်း ကို​ကျော်​ဦးကို​တော့ ကျွန်​မသိပ်​စိတ်​မပူဘူး။ဘာလို့လဲဆို​တော့ ကို​ကျော်​​ဦးက လုပ်​သက်ရင့်တယ်။အတွေ့အကြုံများတယ်​။အကင်းပါးတယ်​။ဖျတ်​လတ်​တယ်​”ဆိုတော့ ဒါ​တော့ဟုတ်​တယ်​လို့ ​ပြောခဲ့​သေးတယ်​မဟုတ်​လား။

ခု​တော့ ကို​ကျော်​ဦးရယ်​ဆိုင်​ကယ်​လဲ​အောင်​အတိုက်​​ခံရပြီးခေါင်းကိုမှတက်​ကြိတ်​ခံရတဲ့အဖြစ်​မျိုး။မကြည့်​ရက်​စရာပါရှင်​။ဘဝဆက်​တိုင်းဒီအဖြစ်​ဆိုး​တွေနဲ့ကင်း​ဝေးပါ​စေရှင်​။ဒီ​နေ့တစ်​​နေ့လုံးရပ်​ကွက်​ထဲမှာက​လေးလူကြီးမကျန်​ဒီအ​ကြောင်းကိုပဲ​ပြော​နေကြတယ်​။ကျောင်းသူ၊သားက​လေး​တွေရဲ့မျက်​ဝန်းမှာလည်းမျက်​ရည်​​တွေနဲ့ရှင့်​။မနက်​ဖြန်​​ကျောင်း​ရောက်​ရင်​ကျွန်​မတို့​တွေဘယ်​လို​နေရမလဲရှင်​။ကျွန်​မတို့ဆရာ၊မ​တွေ ​ကျောင်းသူ၊သားတွေနဲ့မြို့သူမြို့သား​တွေရဲ့ရင်​ထဲမှာ ကို​ကျော်​ဦး ကိုဘယ်​​တော့မှ ​မေ့မှာမဟုတ်​ပါဘူးရှင်​။ဒီ​နေ့ကျွန်​မ ဝါဆိုသင်္ကန်းကပ်​အပြီးမှာကို​ကျော်​ဦးကို နာမည်​တပ်​ပြီးအမျှအတန်း​ပေးခဲ့ပါတယ်​။ရောက်​ရာဘုံဘဝက သာဓု​ခေါ်နိုင်​ပါ​စေရှင်​။

Crd khin kyawt mon,kokonaing