ဗစ်တိုးရီးယားအမှု မိသားစုဘက်က မေးခွန်းတွေက ဘာလဲ DNA တကယ်ပျက်ခဲ့တာလား ?

216

ဗစ်တိုးရီးယားအမှု မိသားစုဘက်က မေးခွန်းတွေက ဘာလဲ DNA တကယ်ပျက်ခဲ့တာလား ..?

အခုတစ်ခါတင်ဆက်ပေးမယ့် ရုပ်သံကတော့ သက်ငယ်မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့ ဗစ်တိုးရီးယားရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး သမီးလေးဘက်က ဒိုင်ခံရေးသားပေးနေသူ သက္ကမိုးညို(fb acc name) – ဒေါက်တာဝင်းကိုကိုသိန်း နဲ့ BBC တို့အင်တာဗျူးလုပ်ထားတဲ့ ရုပ်သံပဲဖြစ်ပါတယ်။

အဆိုပါကလေးအမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာထိ စိတ်ဝင်စားခဲ့ကြပြီး သမ္မတကိုယ်တိုင် မှန်မှန်ကန်ကန် စစ်ဆေးဖို့ ပြောဆိုထားတဲ့အမှုလည်းဖြစ်ပါတယ်

အဓိကဟိုက်လိုက်ပြောချင်တဲ့အကြောင်းတွေကတော့ “DNA တကယ်ပျက်ခဲ့တာလား၊ ပျက်သွားပါတယ်ဆိုတဲ့ DNA နဲ့ စစ်ဖို့ရာအတွက် နောက်ထပ်ဘယ်နှယောက်လောက်များ တိုက်စစ်ဆေးခဲ့သလဲ၊ ဘယ်က DNA ကို စစ်တာလဲ၊” ဆိုတာတွေပဲဖြစ်ပါတယ်။

သမီးလေးရဲ့ အမှုအတွက် အမြို့မြို့အနယ်နယ်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး သမီးလေးအတွက် အမှန်တရားပေါ်ပေါက်ဖို့ တောင်းဆိုနေကြတာပဲဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာ သက်ငယ်မုဒိန်းမှုတွေ ဆက်တိုက်ဆိုသလို ကျူးလွန်နေခဲ့တာကြောင့် သမီးမွေးထားတဲ့မိဘတွေအတွက်တော့ ရင်လေးစရာပါ ။သမီးငယ်လေး ဗစ်တိုးရီးယားအမှုအတွက် အင်တာဗျူးအပြည့်အစုံကို ဆက်လက်နားထောင်နိုင်ပါတယ် ။

ရုပ်သံဖိုင်ကြည့်ရန်


Writer – SHN(နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)

Video Source : BBC Burmese