H1N1 ရောဂါနဲ့ သုံးဆယ်မြို့မှာ အမျိးသားတစ်ဦးထပ်မံသေဆုံး

162

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့က အသက် (၅၈) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် H1N1 ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်းရပါတယ်။

သေဆုံးသူမှာ သာယာဝတီခရိုင်၊ သုံးဆယ်မြို့ တောင်လမ်းသစ်တန်းလမ်းမှာ နေထိုင်တဲ့ ဦးတင်စိုး အသက် ၅၈ နှစ်ဟာ ကင်ဆာရောဂါကို ခံစားနေရတာကြောင့် ကင်ဆာဆေးသွင်းကုသမှု ခံယူနေရသူဖြစ်ပြီး ရန်ကုန်မြို့က လပြည့်ဝန်းဆေးခန်းမှာ စစ်ဆေးကုသမှုခံယူနေရင်း ဇူလိုင် ၂၃ ရက်နေ့က ဖျားနာလာခြင်း၊ မောခြင်းတွေ ခံစားလာရကာ H1N1 ရောဂါ သံသယဖြစ်ဖွယ်တွေ့ရှိတာကြောင့် ဆေးခန်းမှ ရန်ကုန်ပြည်သူ့ဆေးရံကြီးကို လွှဲပြောင်းကုသစေခဲ့ရာမှ ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းမှာ သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးထံမှ သိရပါတယ်။

“ဒီ H1N1 ရောဂါပိုးကို ရန်ကုန်ဆေးရုံကြီး ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက တွေ့ပြီဆိုရင် ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနကို သတင်းပေးပါတယ်။ တိုင်းကျန်းမာရေးဦးစီးကနေ သေဆုံးသူနေထိုင်တဲ့ မြို့နယ်ကို တိုက်ရိုက်အကြောင်းကြားတယ် အဲ့တော့မှ ကျွန်တော်တို့ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနက သေဆုံးသူရဲ့ ရာဇဝင် ကျန်းမာရေးအခြေအနေ အသေးစိတ်ကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ရပါတယ်။ ပြီးတော့မှ သူ့ရဲ့ ကျန်ရစ်နေတဲ့မိသားစုဝင်တွေကို

Fever,contact and phone surveillance အနည်းဆုံး တပါတ်​အထိ​ဆောင်​ရွက်​သွားမှာ ဖြစ်ပါတယ်။ ကျန်းမာ​ရေးအသိ ပညာ​ပေးခြင်းကိုတော့ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးမှာ ၂၆.၇.၂၀၁၉ ​နေ့လည်​ ၁ နာရီ ​ဆောင်​ရွက်​သွားမှာပါ” လို့ သာယာဝတီခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒု-ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းနိုင်လင်းက ပြောဆိုပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က မိုးညိုမြို့နယ် ထိန်တောကျေးရွာက အမျိုးသမီးတစ်ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပဲ ရာသီတုတ်ကွေးရေးဂါ H1N1 ကြောင့် သေဆုံးခဲ့ရပြီး သာယာဝတီခရိုင်အတွင်း သေဆုံးသူ ၂ ဦး ရှိကြောင်းသိရပါတယ်။

မြန်မာနိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ပိုးကူးစက်ခံရမှုကြောင့် ဇူလိုင်လ ၂၃ ရက်နေ့အထိ ၇၁ ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

သတင်း – ET-Lay

#မြေလတ်အသံ – AlinnMyay(အလင်းမြေ)