ဘီယာသောက်သုံးခြင်းက အကိုက်အခဲပျောက်ဆေးထက်​ ပို​အစွမ်းထက်​ကြောင်း ပညာရှင်​​တွေ​ထောက်​ခံချက်​​ပေး

163

ဘီယာချစ်​သူ​တွေအတွက်​ သိပ်​ဝမ်းသာစရာ​ကောင်းတဲ့ ​လေ့လာချက်​တစ်​ခုကို သိပ္ပံပညာရှင်​​တွေက ​ထောက်​ခံချက်​​ပေးခဲ့ပြီပဲဖြစ်​ပါတယ်​။ အဲ့ဒါ​က​တော့ ဘီယာ​သောက်​သုံးခြင်းဟာ အကိုက်​အခဲ​ပျောက်​​ဆေး သို့ ပါရာစီတ​မော​သောက်​တာထက်​ ကျန်းမာ​ရေးအတွက်​ ပို​ကောင်းမွန်​​အစွမ်းထက်​​စေတယ်​လို့ သိခဲ့ရတာပါ။

ခေါင်း​တွေအရမ်းကိုက်​ခဲ​နေတဲ့အခါ ဘီယာတစ်​လီတာကို ​သောက်​သုံး​ပေးတာက ပါရာစီတ​မော​သောက်​တာထက်​ ကိုက်​ခဲနာကျင်​မှုကို ​ပိုမိုပြီးသက်​သာ​စေတယ်​လို့ သိရပါတယ်​။ ဒါဟာ ဂရင်းနစ်​တက္ကသိုလ်​က​နေ လူ​ပေါင်း၄၀၀နဲ့ စမ်းသပ်​မှု​ပေါင်း ၁၈ ခု သု​တေသနပြုလုပ်​ပြီးမှ ထွက်​ရှိလာတဲ့ရလာဒ်​ပါ။

ဘီယာကို​သောက်​သုံး​ပေးဖို့ သင့်​တင့်​မျှတတဲ့ပမာဏက​တော့ တစ်​လီတာဖြစ်​ပါတယ်​။ ဒီလိုသင့်​တင့်​မျှတစွာ​သောက်​သုံးမယ်​ဆိုရင်​​တော့ ​သွေးထဲကအယ်​လ်​ကို​ဟောဓာတ်​ပမာဏကို ၀.၀၈ ရာနှုန်းသာရှိ​စေပြီး စိတ်ဆိုးဒေါသထွက်လွယ်တာနဲ့ စိုးရိမ်ပူပန်စိတ်ဖြစ် လွယ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အကိုက်​အခဲ​ပျောက်​​ဆေး​သောက်​တာထက်​ ဘီယာ​သောက်​တာက လူကိုပိုကျန်းမာ​စေပြီး နာကျင်​မှုကိုခံနိုင်​ရည်​ရှိသွား​စေတာဖြစ်​ပါတယ်​။ နာတာရှည်​ ကိုက်​ခဲနာကျင်​တတ်​သူ​တွေက​တော့ ဆရာဝန်​နဲ့တိုင်​ပင်​ပြီးမှသာ အယ်​လ်​ကို​ဟောဓာတ်​ကို ​သောက်​သုံးသင့်​တာဖြစ်​တယ်​လို့လဲသိရပါတယ်​။

အရက်​စွဲ​တဲ့ပြသနာမဖြစ်​ရ​အောင်​လဲ ဘီယာကို တစ်​​နေ့တစ်​လီတာ​ ​သောက်​သုံးခြင်းက အ​ကောင်းဆုံးထိန်းညှိ​ပေးသွားနိုင်​ပြီး အရက်​စွဲနိုင်​​ချေလဲနည်းပါးသွား​စေပြီး ခန္ဓာကိုယ်​အတွက်​ သင့်​တင့်​မျှတတဲ့ပမာဏပဲဖြစ်​ပါတယ်​။

EFIL-AlinnMyay(အလင်းမြေ)