လေယာဉ်ပေါ်မှာ တခြားမိန်းမကိုငမ်း​နေတဲ့ ဘဲဘဲကို လက်​ပ်​​တော့နဲ့​ခေါင်း​​ရိုက်​ခွဲတဲ့ အမျိုးသမီး (ဗွီဒီယိုဖိုင်)

772

အ​မေရိကန်​နို​င်​ငံ မီယာမီက​နေ​ ​လော့စ်​အိန်​ဂျလိစ်​မြို့ကို ​လေယာဉ်နဲ့သွားမယ့်​ စုံတွဲတစ်​တွဲဟာ ​လေယာဉ်​​ပေါ်မှာ ​အော်​ကြီးဟစ်​ကျယ်​နဲ့ အကြီးအကျယ်​ ရန်​ဖြစ်​စကားများ​နေခဲ့ကြပါတယ်​။ ဖြစ်​ရတဲ့ အ​ကြောင်းက​တော့ ချစ်​သူအမျိုးသားက တခြား​ကောင်​မ​လေးကို ငမ်း​နေတာ မြင်​သွားတဲ့ အမျိုးသမီးက ဆူပူပြသနာရှာ​နေခဲ့တာပါ။

အဲ့ဒီ အမျိုးသမီးဟာ ​ပြော​ပြောဆိုဆိုနဲ့ စိတ်​မထိန်းနိုင်​​တော့ဘဲ ချစ်​သူအမျိုးသားရဲ့​ခေါင်း​ပေါ် လက်​ပ်​​တော့နဲ့ တစ်​ချက်​တည်း ထုချပစ်​လိုက်​ပါ​တော့တယ်​။ အနားက အခြားခရီးသည်​တစ်​ဦးနဲ့ ​လေယာဉ်​ဝန်​ထမ်းတစ်​ဦးက​ ဒီကိစ္စမှာ ကြားထဲက​မြေစာပင်​ဖြစ်​ခဲ့ရပြီး အထိအခိုက်​အနည်းငယ်ြ​​ဖစ်​သွားခဲ့ပါတယ်​။

ကံ​ကောင်းတာတစ်​ခုက ​လေယာဉ်​မထွက်​ရ​သေးခင်​အချိန်​ပိုင်း​လေးမှာပဲ ဒီကိစ္စဖြစ်​ပွားသွားခဲ့တာပါ။ ​လေယာဉ်​ချိန်​က​တော့ ၂ နာရီကြာ​ ​နှောင့်​​နှေးကြန့်​ကြာသွားခဲ့ရပြီး သူတို့နှစ်​ဦးကို​တော့ ဆက်​လက်​ပြီး ​လေယာဉ်​ လိုက်​ပာစီးနင်းခွင့်​မပြု​တော့ပါဘူး။

လေ​ကြောင်းလိုင်းက​တော့ ဒီပြသနာကို ​​​ဖြေရှင်းကိုင်​တွယ်​သွားနိုင်​ခဲ့ပြီး အမျိုးသမီးရဲ့​ ဝုန်းဆို ​ခေါင်း​ပေါ်ရိုက်​ခွဲပစ်​လိုက်​​တဲ့ ​ဒေါသကြီးမှု​ကြောင့်​ ​လေယာဉ်​စီးခရီးသည်​​တွေရဲ့ အာ​မေဋိတ်​သံ​တွေ အကျယ်​​လောင်​ဆုံး ထွက်​​ပေါ်လာခဲ့ပြီး တုန်​လှုပ်​ဖွယ်​ရာဖြစ်​သွားခဲ့ရတာလဲ မှတ်​မှတ်​သားသား ဖြစ်​ခဲ့ပါတယ်​။

ကဲ… ချစ်​သူနဲ့အတူသွားချိန်ဖြစ်​​​ရင်​​တော့ ကိုယ်​ဘယ်​လိုချစ်​သူရထားလဲဆိုတာကို သတိ​လေးထားပြီး ငမ်းတာ​လေး​တွေ​ ​လျှော့သင့်​တန်​​လျှော့ကြမယ်​​လေ​နော်​။ အခုလိုစိတ်​ကြီးတဲ့ချစ်​သူမျိုးရထားရင်​​တော့ ပို​တောင်​ဆင်​ခြင်​သင့်​ပါ​သေးတယ်​။ ငမ်းရတဲ့ အရသာက​ကောင်း​ပေမဲ့ ခံရရင်​မသက်​သာဘူးကိုးဗျ…..​နော့။

ရယ်​စရာဆို​ပေမဲ့ တစ်​ချိန်​မှာကိုယ်​လဲ ဒီလိုအထုခံနိုင်​ရတာလဲ သတိထားစရာပါ​နော်​။ လက်​တွဲ​ဖော်​ကို​တော့​သေချာစိစစ်​ပြီးမှ​ရွေးကြပါဗျို့လို့သာ သက်​ပြင်းချရင်း ​ပြောနိုင်​ပါ​တော့တယ်​။

EFIL-AlinnMyay(အလင်းမြေ)