မလှိုင်​ဆည်​အတွင်းစက်​​လှေနစ်​မြုတ်​မှု နောက်ဆက်တွဲနှင့် ဂုဏ်ပြုထိုက်သူများ

159

ည (10:00)နာရီ ဇီးတောဆည်ကနေ ပြန်ရောက်ပါတယ်

ဒေသခံ ရွာသူရွာသားတွေက “အကိုကျွန်တော်တို့တကယ်လုပ်ရတဲ့ အဖွဲ့မလို့ လိုင်းပေါ်တင်ပြီး ဂုဏ်ပြုပေးပါဆိုလို့” ဂုဏ်ပြုပေးလိုက်ပါတယ်ဗျာ

မနက် 8:30 လောက်ထဲက စက်လှေမှောက်တယ်ကြားလို့ ဘေးနားရွာတွေကလှေတွေနဲ့ လှေသမား လေးဆယ်ကျော်လောက် အပြေးလာကြတယ် တစ်ချို့လှေသမားတွေကလှော်တက်တွေကျိုးအောင်ကိုလှော်လာကြတယ် တစ်ချိုလဲလှေသုံးလေးစီးကို စက်လှေနဲ့ဆွဲလို့ တစ်ချို့ကလဲ ဖိနပ်မပါပဲပြေးလာကြတယ် အသက်ဘေးမှလွတ်ခဲ့သူ ဆယ်ဦးထဲက တစ်ဦးကတော့ မလှိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်

ပျောက်ဆုံးနေတဲ့ အလောင်း14 လောင်းကို လေတိုက်ထဲ နေပူပူလှေလှော်ပြီး ဒေသခံ လှေသမား လေးဆယ်ကျော် တစ်နေကုန် ချိတ်တွေချပြီးရှာကြပါတယ် တစ်နေကုန် 13 လောင်းရှာဖွေဆယ်ယူပေးနိုင်ခဲ့ပြီး ကျန်တဲ့တစ်လောင်းကိုတော့ ညနေမှောင်လာပြီမလို့ မနက်ဖြန်မှဆက်ရှာကြမယ်လို့ ဒေသခံ လှေသမားတွေကပြောပါတယ်

လက်ရှိစက်လှေ မှောက်တဲ့ရေအနက်ကိုမေးကြည့်တော့ ဒေသခံလှေသမားတွေက…

“ဟာ…အကိုကလဲဒီနေရာက အနက်ဆုံးဗျ အတောင်သုံးဆယ်နားပဲ ဒီထက်ပိုနက်ဖို့ပဲရှိမယ်…”တဲ့

မြစ်သားဘက်က ကျောင်းဆရာတစ်ဦးနဲ့ ဆရာမနှစ်ဦးလဲ ပါသွားတယ် လို့ပြောပါတယ်

“သေဆုံးခဲ့တဲ့ 14ဦးထဲမှ အဝေးကနေအလည်လာတဲ့ ဧည့်သည်တွေသေဆုံးတာပိုများတယ်” လို့လဲပြောပါတယ်

ဒီဘက်ကိုဘာလာလုပ်ကြတာလဲမေးတော့ ဆည်အနောက်ဘက်ကဘုရားမှာ ဘုရားလှူထားတာ ဒီနေ့အနေကဇာလာတင်တာတဲ့ စိတ်မကောင်းစရာပါပဲ

ဆည်နားနေတဲ့ ရွာသူရွာသားတွေပြောတာတော့ဟုတ်တယ်အရင်နေ့ထဲကဆည်ကြီးကမူမမှန်ဘူးတဲ့…

ညဘက်တွေ ဆည်ရေတွေ တအားစီးလို့ ဝေါ…ဝေါ…ဆိုတဲ့ ရေစီးသံအရှည်ကြီးတွေ လေတွေတအားတိုက်လို့ ဟင်းဟင်း ဟင်းဟင်းဆိုတဲ့ အသံဟိန်းဟိန်းကြီးတွေ အခုရက်ပိုင်းညဘက်တွေဆိုကြားကြားနေရတယ်တဲ့

ဘာတွေ ဘယ်လို အကြောင်းတရားရှိခဲ့ကြလဲမသိပေမဲ့ ဒေသခံတစ်ချို့ပြောစကားတွေက ကျောချမ်းစရာပါ…

သေဆုံးခဲ့ကြသော14ဦး၏ မိသာစုများနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။

[K3…]*** ကျော်ကိုကို( မိတ္ထီလာ)