ဗစ်တိုရီးယားပုံ လိုင်းပေါ်ဖြန့်မယ်လို့ ခြိမ်း​ခြောက်​ပြီး ဝန်ကြီးချုပ်နာမည်ကိုပါ အလွဲသုံးစားလုပ်ခဲ့​တဲ့ ကျောင်းဆရာ အခုတော့

862

ဗစ်တိုရီးယား ပုံကို အွန်​လိုင်းပေါ်ဖြန့်မယ်လို့ ခြိမ်း​ခြောက်​ခဲ့တဲ့ ​ကျောင်းဆရာ ဝန်ကြီးချုပ်နာမည်ကိုပါ အလွဲသုံးစားလုပ်ခဲ့​ကြောင်း ဝန်​ခံလာ

ပြီးခဲ့တဲ့ရက်​ပိုင်းအတွင်းကပဲ ဗစ်​တိုးရီးယား​လေးကို ရိုင်းပျ​အောက်​တန်းကျစွာ ​စော်​ကားပုတ်​ခတ်​ပြီး အရွယ်မရောက်သေးတဲ့ ကလေး ပုံကို အွန်​လိုင်း​ပေါ် ဖြန့်ပစ်မ​​ယ်လို့ ခြိမ်းခြောက်စော်ကားတဲ့သူ​တစ်​​ယောက်​ရဲ့ ယုတ်မာတဲ့ ​လုပ်​ရပ်​အတွက်​ Justice For Victoria အဖြစ်​ ရပ်​တည်​ခဲ့ကြတဲ့ ပြည်​သူအများ အင်​မတန်​စိတ်​မ​ကောင်းစရာဖြစ်​ခဲ့ရသလို စိတ်​ဆိုး​ဒေါသထွက်​ခဲ့ကြရပါတယ်​။

သူဟာ ဗစ်​တိုးရီးယား​လေးအမှုကို လိုက်​ပါ​ဆောင်​ရွက်​​နေတဲ့ သက္ကမိုးညိုရဲ့​အ​ကောင့်​မှာ သမီး​လေးကို “ဒီက​လေးမလဲ မုဒိမ်းကျင့်​ခံရ​တော့မှ နာမည်​ကြီး​တော့တာပဲ” လို့ Kha Ma Moe ဆိုတဲ့ အ​ကောင့်​တုနဲ့ လာ​ရောက်​​စော်​ကား​ရေးသားသွားတဲ့အပြင်​ကို “ဗစ်​တိုးရီးယားပုံကို ရ​အောင်​ရှာပြီး လိုင်း​ပေါ်ဖြန့်​ပြမယ်​” လို့ ​ယုတ်​မာ​အောက်​တန်းကျပြီး ရုန့်​ရင်းကြမ်းတမ်းစွာ ​ပြောဆို​ရေးသားခဲ့တာဖြစ်​ပါတယ်​။

မ​နေ့ကလဲ သူဟာ Kha Ma Moe အ​ကောင့်​တုကိုပဲ အသုံးပြုပြီး သက္ကမိုးညိုရဲ့ သမီးငယ်​ဖြစ်​သူဓာတ်​ပုံကို အွန်​လိုင်း​ပေါ်တင်ခဲ့ပြန်​ပါတယ်​။ ” ဒုတိယ ဗစ်​တိုးရီးယားလက်​သစ်​ဖြစ်​လာမယ့်​ စပ်​စလူးမ​လေး” လို့ ​ယုတ်​ယုတ်​မာမာ ​ပြောဆို​ရေးသားခဲ့ပြန်​ပါတယ်​။

ဒါ့အပြင်​ကို ဗစ်​တိုးရီးယားကို အ​ကြောင်းပြုပြီး သက္ကမိုးညိုဟာ အလှူ​ငွေ​တွေခိုးသုံး​နေ​ကြောင်း၊ သက္ကမိုးညိုက သူ့ကိုတရားစွဲမယ်​ဆိုရင်​ ရဲစခန်းတင်​မက မ​ကွေးတိုင်း ဝန်​ကြီးချုပ်​နဲ့ပါ ညှိထားပြီးသားဖြစ်​​ကြောင်း အဲ့ဒီ​ကျောင်းဆရာက​ရေးသား​နေတာကိုပါ ​တွေ့ရှိခဲ့ရပြီး သက္ကမိုးညိုက မ​ကွေးဝန်​ကြီးချုပ်​ ဦး​အောင်​မိုးညိုကို​မေးမြန်းရာမှာ​တော့ ၀န်ကြီးချုပ်တယောက်ကိုပါ ဆွဲထည့် လိမ်လည်တာသာဖြစ်​​ကြောင်း ဝန်​ကြီးချုပ်​က​ဖြေကြားခဲ့ပြီး ဝန်​ကြီးချုပ်​ကိုယ်​တိုင်​ပါ စိတ်​ဆိုး​ဒေါသထွက်​စရာအထိ ဖြစ်​​ခဲ့ရတာပါ။

သက္ကမိုးညိုက သူ ဘယ်​သူလဲဆိုတာ​ကိုသိရ​အောင်​စုံစမ်း ရှာ​ဖွေ​ဖော်​ထုတ်​ခဲ့ရာမှာ​တော့ သက်ထွဋ်အောင်၊ မကွေးပညာရေးကောလိပ်၊ PPTT 6/19 တန်းပြသင်တန်းဆင်းနေဆဲ ကျောင်းဆရာတစ်​ဦးဖြစ်​တယ်​လို့ အ​ထောက်​အထားသက်​​သေနဲ့တကွ အတိအကျသိခဲ့ရပြီး​နောက်

” သမီးနှစ်ယောက်လုံးကို ယုတ်ယုတ်မာမာ ပြောထားတဲ့သူကို ခွင့်မလွှတ်ပါ။ ​ထောင်​မကျကျ​အောင်​ တရားစွဲဆိုသွားမယ်​” လို့ ဆိုခဲ့ပါတယ်​​။

ဒီ​နေ့မှာ​တော့ မ​ကွေးတိုင်းဝန်​ကြီးချုပ်​က မ​ကွေးပညာ​ရေး​ကောလိပ်​ ​ကျောင်းအုပ်​ဆရာမကြီး​ရှေ့​မှောက်​မှာ သက်​ထွဋ်​​အောင်​ဆိုသူ ​ကျောင်းဆရာကို ​ခေါ်စစ်​ခဲ့ပြီး သက်​ထွဋ်​​အောင်​က သူနဲ့ ဝန်ြ​ကီးချုပ်​ နဲ့ ညှိနှိုင်း​ထားပြီးသားဆိုပြီး သူ ​ရေးထားတာမှန်​​ကြောင်း၊ အမှန်​တကယ်​​တော့ ဝန်​ကြီးချုပ်​နဲ့ အရင်​က ​တွေ့ဖူး၊ မြင်​ဖူးခြင်းမရှိသလို ခင်​မင်​ရင်းနှီးပြီး ​ပြောဆို​ဆွေး​နွေးခဲ့ဖူးခြင်းမရှိ​ကြောင်း ဝန်​ခံသွားခဲ့ပါတယ်​။ ဒီဖြစ်​ရပ်​ကို သက္ကမိုးညိုက ​ဖေ့စ်​ဘွတ်​ခ်​​မှာ အခုလိုရှင်းပြသွားခဲ့တယ်​။

” ဒါ ဝန်ကြီးချုပ် နာမည်ကို အလွဲသုံးစား လုပ်တဲ့အတွက်ပါ ကျန်တာလည်း ပေါ်အောင်ဖော်မှာပါ။ စိတ်ချပါသမီးလေးတွေကို နောက်ထပ် ဘယ်သူမှ မထိပါးစေရပါ”

ပန်​ဆယ်​လိုရဲ့ ကွန်​မန့်​​ရေးသားချက်​အရ သမီး​လေးပုံတင်​ချိန်​ကလဲ အဲ့ဒီ​ကျောင်းဆရာဟာ ​” ​မွေးစားအ​ဖေ မုဒိမ်းကျင့်​တာ ခံရမယ့်​ရုပ်​”လို့ အခုလို အ​ကောင့်​တုနဲ့ပဲ ​ရေးသားခဲ့ဖူး​သေးတာပါလို့ သိရပါတယ်​။ ” သူကြီးလာရင်​ အပျိုဆိုပြီး ​ယောကျာင်္း​တွေကို ဂျင်းထည့်​​တော့မှာပဲ။ မသိတဲ့သူက အပျိုမှတ်​လို့ယူပြီးမှ ငယ်​ငယ်​ကတည်းက ပါကင်​​ဖောက်​ခံပြီးသားမှန်းသိသွားရင်​ ​ယောကျာင်္းရှင်​ဘက်​က သိက္ခာကျတယ်​” ” ဝဋ်​​ကြွေးကြီးခဲ့လို့ သူများ​စော်​ကားခံရတာ ဝမ်းမနည်းဘူး။ အရင်​ဘဝက သူလဲ သူများသားသမီး ​စော်​ကားခဲ့လို့ပဲ ” စတဲ့ကွန်​မန့်​​တွေကိုလဲ မိုက်​ရိုင်းစွာ​ရေးသားခဲ့တဲ့သူပါ။

EFIL-AlinnMyay(အလင်းမြေ)

Source – သက္ကမိုးညို