သမီးငယ်လေးများရဲ့ ချစ်စရာပုံလေးတွေကို လိုင်းပေါ်မှာ မတင်ကြပါနဲ့နော်..

569

အခု​ခေတ်​မှာ​တော့ က​လေးငယ်​​တွေကို ​မွေးထားရတဲ့ ရဲ့မိဘ​တွေ၊ သမီးရှင်​ နဲ့ သားရှင်​​တွေအတွက်​ စိတ်​ပူပန်​မှုက အ​တော့်​ကိုကြီးမားလာတဲ့ အချိန်​အပိုင်းအခြားတစ်​ခုကို ​ရောက်​လာခဲ့ပါပြီ။

သတင်းမီဒီယာ နဲ့ အင်​တာနက်​ရဲ့မြန်​ဆန်​မှုအရ နိုင်​ငံနဲ့အဝှမ်း၊ ကမ္ဘာနဲ့အဝှမ်းမှာ မကြားဝံ့မနာသာဖွယ်​ရာ သက်​ငယ်​မုဒိမ်း အခင်ြး​ဖစ်​ပွား​​မှု​တွေကို နားနဲ့မဆံ့​အောင်​ အချိန်​နဲ့အမျှ သိရှိ​နေရတာပါ။

သမီးငယ်​​လေး ဗစ်​တိုးရီးယားရဲ့ကိစ္စဖြစ်​ပွားမှုအပြီးမှာ​တော့ သက်​ငယ်​မုဒိမ်းမှုအ​ပေါ် ပြည်​သူ​တွေရဲ့သတိပြုမှုအား​ကောင်းလာခဲ့ပြီး သတိကြီးကြီးထားဖြစ်​လာ​စေခဲ့ပါတယ်​။ တစ်​ဖက်​မှာလည် သက်ငယ်မုဒိန်းမှုကို စိတ်ကူးနဲ့လည်း ကျူးလွန်နေကြတဲ့ ခေတ်ရောက်နေပြီဆိုတာ အသိ​ပေးချင်​ပါတယ်​။

အွန်​လိုင်း​ပေါ်မှာ သက်​ငယ်​က​လေး​တွေကိုမှ လိင်​စိတ်​တပ်​မက်​တဲ့ ၊ အသက်​မပြည့်​တဲ့က​လေးကို လိင်​စိတ်​တပ်​မက်​သူ စိတ္တဇ​ဝေဒနာရှင်​​တွေကို အ​တွေ့များလာခဲ့ရပြီး သမီးငယ်လေးများရဲ့ ချစ်စရာပုံလေးတွေဟာ ဒီလိုကာမမုဆိုး​တွေရဲ့ ပစ်​မှတ်​ဖြစ်​လာ​နေပါတယ်​။

ကလေးတွေကို sexy ပုံဝတ်​စေပြီး အွန်​လိုင်း​ပေါ်တင်​တာဟာ သတိကြီးကြီးထားပြီး ဆင်​ခြင်​သင့်​တဲ့ကိစ္စတစ်​ခုပါ။ လူမဆန်​၊ အသိတရားမရှိတဲ့သူ စိတ္တဇသမား​တွေဟာ က​လေး​သေး​သေး​လေး​တွေကို အချိန်​ပြည့်​နီးပါး စိတ်​ကူးနဲ့ကြံစည်​​နေကြတာဖြစ်ပြီး က​လေးမုဒိမ်း​ကောင်​လို့ စွပ်​စွဲ​ပြောဆိုခံရရင်​​တောင်​ ဂုဏ်​ယူ​နေကြတာကို မြင်​​တွေ့ရပါတယ်​။

လက်​ရှိမှာ​တော့ စည်​သူ​ကျော်​ ဆိုတဲ့ ​ဖေ့စ်ဘွတ်ခ်​​​​​အ​ကောင့်​မှာလဲ သူ့ရဲ့ပုံအမှန်​ကို တင်​ထားလျက်​နဲ့ “Justice For Ko Ko and Nyi Nyi” လို့ ပရိုဖိုင်​တင်​ပြီး က​လေးမုဒိမ်း နဲ့ သက်​ငယ်​မုဒိမ်းမှုကို အား​ပေး​ထောက်​ခံ​နေတဲ့ ရွံစရာ အပြုအမူကို​ ​တွေ့မြင်​ခဲ့ရသလို ​နိုင်​ငံတကာက က​လေးသူငယ်​​လေး​တွေရဲ့ ဟို​ပေါ်ဒီ​ပေါ်၊ ဗိုက်​​ပေါ်ပုံ​တွေကို ယုတ်​မာ​အောက်​တန်းကျပြီး ရိုင်းစိုင်းတဲ့ စာသား​တွေနဲ့ တွဲ​ရေးပြီး လူအများကြား ရဲရဲဝံ့ဝံ့ ရှဲလုပ်​​​နေခြင်းကိုလဲ မယုံကြည်​နိုင်​စရာ​ကောင်း​လောက်​​အောင်​ ​တွေ့ခဲ့ရပါတယ်​။

ဒီအဖြစ်​အပျက်​​တွေနဲ့ပတ်​သက်​ပြီး က​လေးသူငယ်​ကာကွယ်​​စောင့်​​ရှောက်​ လိင်​အသိပညာ​ပေး​ရေးစာအုပ်​​ရေးသားထုတ်​​ဝေခဲ့သူ စာ​ရေးဆရာ မ Jessica Mozart က အခုလိုပဲ သတိ​ပေး တိုက်​တွန်းသွားခဲ့တာပါ။

” ဒီကောင်မျိုးတွေ ကြောက်ဖို့ကောင်းတယ်။ အကောင့်အတုလား အစစ်လား မသိပေမယ့် လက်တွေ့သက်ငယ်မုဒိန်းမှု မကျူးလွန်ခင် ဖမ်းဆီးထိန်းသိမ်းထားသင့်တဲ့လူမျိုးပဲ ”

” ကလေးပုံတွေ သိပ်မတင်ကြပါနဲ့။ အထူးသဖြင့် ကလေးကို ဟိုပေါ်ဒီပေါ် ဝတ်ထားရင်၊ ဗိုက်ပေါ်နေရင် သတိထားပါ။ အဲ့လိုတွေလည်း ဝတ်မပေးကြပါနဲ့ ” လို့ က​လေးသူငယ်​​တွေကို ကာကွယ်​ဖို့ လိင်​အသိပညာ​ပေး​ရေး လှုပ်​ရှား​ဆောင်​ရွက်​​နေတဲ့ စာ​ရေးဆရာ မ Jessica Mozart က က​လေးငယ်​​တွေရဲ့မိဘ​တွေအတွက်​ တိုက်​တွန်းအကြံ​ပေးထားခဲ့တာ ​တွေ့ရပါတယ်​။

EFIL-AlinnMyay(အလင်းမြေ)

Source – Jessica Mozart