မြေနုကျွန်း လူအစုလိုက် အသတ်ခံရမှုမှာ သေဆုံးခဲ့ရသူတစ်ဦး၏ သမီးဖြစ်သူရေးလိုက်တဲ့ ရင်တွင်း ပေါက်ကွဲစာ

338

ခံစားချက်​ပြင်းလွန်းလို့စာ​လေးတပုဒ်​​ရေးပာရ​စေ.

ကျမက​နေရာတကာမာပါ​နေတဲ့ မိန်းက​လေးတ​ယောက်​မဟုတ်​ပါဘူး ခပ်​စွာစွာမိန်းက​လေးတ​ယောက်​ရိုင်းဆိုင်းကြမ်းတမ်းတဲ့မိန်းက​လေးတ​ယောက်​လဲ မဟုတ်​ပါဘူး ကို့အလုက်​ကို လုပ်​ပီး ​အေး​ဆေး​နေတတ်​တဲ့ မိ​​ကေါင်း​ဖခင်​သမီးတ​ယောက်​ပါ ဒါမဲ့ခုကိစ္စမာ ဘယ်​လိုမှမ​နေနိုင်​လို့ ခံစားချက်​ပြင်းလွန်းလို့ တင်​ပါရ​စေ ရိုင်းဆိုင်းတဲ့စကားလုံးများပါခဲ့ရင်​လဲကြို​တောင်းပ​န်​ပါတယ်​တခါမှလဲရိုင်းဆိုင်းတဲ့စကားနဲ့ fb​ပေါ်မာ မ​ရေးဖူးပါဘူး ဒိတခါ​ရေမိခဲ့ရင်​လဲခွင့်​လွှတ်​ပါ.

ခုလူ​ပေါင်း၃၈​ယောက် ​​ရက်​ရက်​စက်​စက်​​အသတ်​ခံရတဲ့ကိစ္စမာ ကျမအ​ဖေတ​ယောက်​ပဲကံ​ကောင်းကြီးစွာ ဘာဒဏ်​ရာမှမပါပဲ​ ​သေရတာကျန်​တဲ့ သူ​တေအကုန်​ပြန်​​တွေ့တဲ့အ​လောင်း​တေမာဒဏ်​ရာပြင်းထန်​စွာ​တေနဲ့ကြည့်​ပဲ အများမြင်​​အောင်​ပုံ ​တေ​ရောတင်​​ပေးချင်ျယ်​ဒါမဲ့ကျမကိုယ်​တိုင်​ကို အဲ့ပုံ​တေမကြည့်​ရဲလို့မကြည့်​ရက်​လို့ တင်​မ​ပေးတာ သိချင်​ရင်​သတင်း​တေထဲ ပုံ​တေရှာကြည့်​ပါ ဓားမွှန်းရာ​တေလျှံထိုးရာ​တေ မျက်​လုံးမပါတာ​တေ နှာတဖက်ပျက်သူ​​တေလက်ပြတ်ထားတဲ့ သူ​​တေ လျှာတစ်​လစ်​​တေသံကြိုးတုတ်​ထားတာ​တေ ​လောက်​​လေးဒဏ်​ရာ​တေ က ရိုးရိုး​ရေနစ်​​သေတာဖြစ်​နိုင်​မလား စဉ်းစားကြည့်​ပါ

ကိုယ်​ကကို့အ​ဖေကသူများထက်​စာရင်​​တော်​ပါ​သေးတယ်​ဆိုတဲ့အ​တွေးနဲ့​ဖြေမယ်​ကြံရင်း ​ဘေးအိမ်​​တေကပူ​ဆွေးငို​ကြွေး​နေတာ ဒုက္ခ​ရောက်​​နေတာ​တေမြင်​​တွေ့ကြား​နေရ​တော့ ဘယ်​လိုမှ​ဖြေမရပြန်​ဘူး စိတ်​​တေကပြန်​ကြွကြွလာတယ်

ဒါကိုတချို့က​ပြောတယ် ​​လောဘ​ကြောင့်​သူများဟာမ​တော်​မတရားလိုချင်​လို့တဲ့😂�ကျမတို့က​လေ​လောဘရှိဖို့​နေ​နေသာကိုယ်​ပိုင်​တဲ့​မြေ​တေ​တောင်​မှသူများကိုတတ်​နိုင်​သမျှ​ပေးကမ်းလှူဒါန်းလုပ်​စားခိုင်း​နေတာဒါ​လောက်​​တော့​စောက်​​ရေးကိုမလုပ်​တာမက်​ကို မမက်​တာဒါမဲ့ရပ်​ရွာအတွက်​ရွာရန်​ပုံ​ငွေတွက်​​မြေ​ပေါ်မာခုလိုကျူး​ကျော်​​နေလို့ ရပ်​ကျိုးရွာကျိုးတွက်​လိုက်​သွားတာ​နောက်​ဆုံးအဆင့်​ ဘယ်​သူမှန်​တယ်​မှားတယ်​ခနဖယ်​ထားလိုက်

ခုလိုလူအများကိုရက်​ရက်​စက်​စက်​လူမဆန်​စွာသတ်​ခံရတာကိုရိုးရိုး​ရေနစ်​​သေတယ်​​ပြောချင်​​သေးလား​ ခုလိုမြန်​မာလူမျိုးအချင်းချင်းခုလိုရက်​စက်​စွာသတ်​တာဒိတခါ​တွေ့ဖူးတယ်​.ခု​သေသွားတာကို့အိမ်​ကကြက်ေ​တငှက်​​တေမဟုတ်​ဘူးမိသားစုတခုလုံး အားကိုးရတဲ့​ယောက်ျားသား​တေ. သူတို့​​သေ သွားရုံနဲ့မပီး​သေးဘူးအိမ်​မာကျန်​ခဲ့တဲ့မိသားစု​ရှေ့​ရေးဘယ်​​လောက်​ယိုင်​လဲသွားလဲသိလား.

ဒါကိုတချို့က ဒိဘက်​က အ​ပြောကြည့်​မယုံပါနဲ့​လောဘ​ကြောင့်​ဖြစ်​တာ ဝမ်းသာတးယ်​ ဘာတယ်​နဲ့ သူတို့မို့​ပြောထွက်​တယ်​တဖက်​စကားပဲ မယုံနဲ့ဆိုတာ သိချင်​ရင် ​ရွာထိလာပီးကြည့်​လိုက်​ဘယ်​လိုဖြစ်​ပျက်​​နေတယ်​ ဆိုတာမြင်​လိမ့်​မယ်​ ဘယ်​လိုခံစားချက်​မျိုး​တေခံစားရလဲသိချင်​​သေးလားကို့မိသားစုဝင်​တ​ယောက်​​လောက်​ခုလိုအဖြစ်​ဆိုးနဲ့​သေခိုင်းကြည့်​လိုက်​သိလိမ့်​မယ်​ခံစားတတ်​လာလိမ့်​မယ်​.
ရှင်းပီလား​စောက်​​ရေးမပါတာ​တေလာမ​ပြောနဲ့.

စကား​ပြောရိုင်းသွားရင်​ခွင့်​လွှတ်​ပါ​ဒေါသထွက်​လွန်းလို့ပါ 🙏🙏🙏

ရက်​စက်​လိုက်​ကြတာ.ရက်​စက်​လိုက်ကြတာ.

ကို့​ရောဂါနဲ့ကိုမ​သေဘူးသူများလုပ်​ကြံခံရလို့​သေတယ်​.

လူစိတ်​မှရှိကျရဲ့လားခံစားချက်​ပျင်းလိုက်​တာ.ရင်​နာလိုက်တာ.

နောက်​ဘဝဆက်​တိုင်းခုလိုအဖြစ်​ဆိုးနဲ့မကြုံ​တွေ့ရပါ​စေနဲ့အ​ဖေရယ်​.

စာရေးသူ– သေဆုံးခဲ့ရသူ ဖခင်တစ်ယောက်ရဲ့ သမီးတစ်ဦး

မှတ်ချက်။ ။ ဖခင်တစ်ယောက် နှင့် ရပ်ရွာဆွေမျိုးသားချင်း အများအပြားဆုံးရှုံးလိုက်ရမှုကြောင့် ရေးသားမိတဲ့ ခံစားမှုရင်တွင်းစာဖြစ်လို့ ဘယ်လောက်ပဲ အမှားပါပါစေ ခွင့်လွတ်နားလည်ပြီး ကိုယ်ချင်းစားခံစား ဝမ်းနည်းမိပါသည်။