မျက်ရည်ကျခဲ့ရပါတယ် ကလေးရယ်.. မြဝတီတံတားထိပ်ပလက်ဖောင်းပေါ်မှ မြန်မာစကားမတတ်တဲ့ ကရင်မလေးတို့ သားအမိတွေ

539

ည (၁၂) နာရီမှာ မျက်ရည်တွေ ကျခဲ့ရပြီ ကလေးရယ်.. ဒီည၈:၃၀လောက်မှာကျမထံ မိတ်ဆွေအကိုကဗိုက်ဘာနဲ့ ပို့လာတယ် ညီမတဲ့ မြဝတီတံတားထိပ်ပလက်ဖောင်းပေါ်မှာ မြန်မာစကားလည်းသိပ်မတတ်တဲ့ ကရင်လင်မယား ခလေး ကိုပွေ့ပြီးဒုက္ခဖြစ်နေတယ်တဲ့.. ခလေးက ဝမ်းဗိုက်တွေဖောရောင်ပြီး ဆီးပိုက်တပ်ထားတာ သွေးတွေကျနေတယ် ကူပါအူန်းတဲ့..

ကျမလည်းပုံကြည့်မိတာနဲ့ချက်ချင်းပြေးသွားခဲ့တဲ့အခါ ဦးလှထွန်း လူမှူကူညီရေးအဖွဲ့ကားရောက်နေပြီး ခလေးကို ခလေးမိဘတွေနေရပ်ပြန်ပို့ဖို့လုပ်နေတယ်.. အစကကျမစိတ်ထင် ခလေးကမိန်းခလေး မဒိန်းမှူဖြစ်လို့များ ဒီပုံသွေးတွေထွက်သလားပေါ့ လူလည်းထူပူပြီး ခလေးကို အောက်ပိုင်းလှန်လှောကြည့်တော့ ခလေးကယောင်္ကျားလေး ဗိုက်ကပူဖောင်းပြီး ဆီးစပ်မှာခွဲရာပလာစတာကြီးနဲ့..

မိဘတွေကိုမေးမြန်းတော့ လည်လည်ပတ်ပတ်ဘာမှမေးမရ ရွာက ထိဝါကလေးကရင်ရွာကတဲ့ ရွာပြန်မယ်ပဲပြောတယ် မဲဆောက်ဆေးရုံကပြန်သယ်လာတာတဲ့ ဆရာဝန်ဘာပြော လဲမေးတော့ လည်လည်ပတ်ပတ်ဘာမှသေချာမေးမရပဲ မရတော့ဘူးပြောတယ် ပြန်မယ်တဲ့.. ပိုက်ဆံမတတ်နိုင်လို့ဒီခလေးကိုပဲမခွဲသလား ဒီခလေးကို စကားပြန်တာပဲလွဲနေသလား ဘာပဲဖြစ်ဖြစ် ကောက်ရိုး တစ်မျှင်စာလောက်မျှော်လင့်ရရင်လည်း ကျမရအောင် ကူကြည့်အူန်းမယ်ဆိုပြီး လှေဆိပ်ကိုသယ်သွားပြီးတော့ မဲဆောက်ဆေးရုံဆီကားငှားပြေးခဲ့ကြတယ်..

မဲဆောက်ဆေးရုံရောက်တော့ အမဆိုင်ဒါမိတ်ဆွေ ထိုင်း ပုလိပ်ကြီး ဇနီးမောင်နှံထံအကူညီတောင်းကာ ဆရာဝန်နဲ့ စစ်ဆေးဆွေးနွေးကြည်တယ် ဒီခလေးကိုကယ်လို့လို့ရမယ်ဆိုရင်ခွဲစိတ်ပေးဖို့ ကုန်ကျစားရိတ်များမယ်ဆိုလည်း ကျမတို့ဘက်ကကျသင့်သလိုပေးချေပါ့မယ် ရအောင်ကယ်ပေးပါလို့ပြောကြည့်ကြတယ် ဆရာဝန်

ကပြောတယ် ခလေးက သွေးကင်ဆာဟာ အဆူတ် အသဲ ကျောက်ကပ်အားလူံး ပြန့်လို့ ကင်ဆာအဆင့်၎ကိုရောက်နေပြီမို့ကုမရတော့ပါဘူးတဲ့.. အလွန်ဆူံးနေရမှနောက်(၃)ရက်လောက်သာပဲမို့ ပြန်ခေါ်သွားခိုင်းတယ်..

အချိန်ကြည့်တော့ည၁၂နာရီထိုးလုပြီ.. ဆရာဝန်က ခလေးမိဘကို ဖြောင်းဖြတယ်.. ခလေးမိခင်ကခလေးကိုဖက်ဖက်ပြီးငိုနေတာမြင်ရတာ ရင်တွေနာလိုက်တာ.. ခလေးကိုပြန်လှေဆိပ်ကပဲပြန်သယ်ခေါ်လာပြီး သူတို့ထိဝါကလေးကရင်ရွာဆီ ဦးလှထွန်းလူမှူကူညီရေး အဖွဲ့ကားနဲ့ပြန်ချိတ်ဆက်ပြီးပို့ပေးလိုက်ကြပါတယ်..

ခလေးမိဘတွေအဖြစ်ကိုမြင်ပြီး ညသန်းခေါင်လှေနဲ့သောင်ရင်းမြစ်ကူး ကြောက်စရာကောင်းတဲ့ရေလယ်ကျွန်းဖြတ်ရတဲ့အကြောက်တောင် ဘယ်ရောက်ကုန်တယ်မသိတော့ဘူး.. ခလေးမိဘကိုနှစ်သိမ့်ပေးပြီး အလှူငွေ၁သိန်းကျပ်လိုရာသူံးဖို့လှူဒါန်းလိုက်ပါတယ်..

အင်မတန်စိတ်ထိခိုက်ရတဲ့အဖြစ်ပျက်ပါပဲ.. ခလေးလေးရေ မင်းကံဆိုးလိုက်တာ ကုသဖို့ကူညီကြသူတွေနဲ့တိုးတာတောင် ခလေးအသက်ကိုကယ်တင်လို့ငွေနဲ့လဲလို့မရခဲ့ဘူး.. Daw Nway Nway