မြမြ ကို မုဒိမ်းကျင့်တဲ့ မုဒိမ်းသမား နေရာမှာ သရုပ်ဆောင်ဖို့ လူ (၃) ဦး အလိုရှိ

281

မုဒိန်းသမားအဖြစ်သရုပ်ဆောင်ရန် အမျိုးသားသရုပ်ဆောင်သုံးဦးအလိုရှိနေကြောင်း ဒါရိုက်တာ ညိုမင်းလွင်မှ သူ့ရဲ့ လူမှုကွန်ယက် ဖေ့ဘုတ်အကောင့်တွင် တင်ပြထားကြောင်းတွေ့ရပါသည်။

ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးမှရိုက်ကူးမည့် ” မြ ” ဇာတ်ကားတွင် ရုပ်ရှင်လောကမှမည်သူမှသရုပ်မဆောင်ရဲသော မုဒိန်းသမားတရားခံသုံးဦးအဖြစ်သရုပ်ဆောင်ရန် အသက်သုံးဆယ်မှလေးဆယ်ကြားအမျိုးသားသုံးဦးရှာဖွေလျက်ရှိပါသည်၊

***မုဒိန်းမှုကိုအခြေခံသောဇာတ်လမ်းဖြစ်၍ အချို့သောအပြများတွင် ရက်စက်ကြမ်းကြုတ်မှုများပါဝင်နိုင်ပါသည်၊***

မိမိကိုယ်မိမိယုံကြည်မှုရှိသော၊ သရုပ်ဆောင်ကိုသရုပ်ဆောင်အဖြစ်ဖြင့်သာမြင်သော ဝါသနာရှင်အမျိုးသားများအနေဖြင့် မိမိတို့၏ကိုယ်ရေးအကျဉ်းကိုပြည့်စုံစွာဖော်ပြလျက် မျက်နှာပေါ်လွင်သောဓါတ်ပုံသုံးပုံနှင့်အတူ မြမြ Page Messenger သို့ သြဂတ်လ ၃၁ ရက်နေ့ထက်နောက်မကျစေပဲ ပေးပို့၍လျှောက်ထားနိုင်ကြပါသည်၊

မြမြ ရုပ်ရှင်ဇာတ်ကား၏ Official Page Link အား Comment တွင်ကြည့်ရှူနိုင်ကြပါသည်

Source – Nyo Min Lwin