အမေအရင်းက သားငယ်ကို သတ်ဖို့ကြိုးစားရာမှာ သားကြီးဖြစ်သူက ကာကွယ်ရင်း အမေကို သတ်မိတဲ့ဖြစ်ရပ်

181

အရက်မူးနေတဲ့အမေဖြစ်သူက ညီလေးကိုသတ်ဖို့ကြိုးစားနေတဲ့အတွက် ကာကွယ်ပေးတဲ့အနေနဲ့အမေကိုသေနတ်နဲ့ပစ်သတ်လိုက်တဲ့ အစ်ကိုကြီး

အသက် ၁၄နှစ်အရွယ် အစ်ကိုတစ်ယောက်ဟာ အသက် ၁၂နှစ်အရွယ်သာရှိသေးတဲ့ ညီဖြစ်သူကို အမေကအရက်မူးကာ သတ်ဖို့ကြိုးစားနေတဲ့အတွက် ညီလေးအတွက် အမေကိုသေနတ်နဲ့ပစ်သတ်လိုက်ရတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ တရားခံဟာ အမေဖြစ်သူဟာ ညီလေးကိုအရက်မူးပြီးသတ်ဖို့ကြိုးစားနေတဲ့အတွက် အမေဖြစ်သူရဲ့လည်ပင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ကာ ညီလေးကိုကယ်တင်ခဲ့တာဖြစ်တယ်လို့ တရားခံရဲ့ရှေ့နေဖြစ်သူကဆိုခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူနဲ့ ကွာရှင်းထားပြီး ကလေးတွေကို စိတ်ပိုင်းဆိုင်ရာအရကော ကိုယ်ထိလက်ရောက်ပါနှိပ်စက်ခဲ့တယ်လို့သိရပါတယ်။ မကွာရှင်းခင်ကတော့ မိခင်ဖြစ်သူဟာ တကယ်ကိုသားလေးတွေအပေါ်ဂရုစိုက်ပြီး ကြင်နာတတ်တဲ့မိခင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် ကွာရှင်းပြီးနောက်ပိုင်းမှာ အရက်စွဲသွားပြီး ဒီလိုပြသနာတွေဖြစ်ခဲ့ရတာဖြစ်တယ်လို့ ရှေ့နေကမီဒီယာတွေကိုပြောပြခဲ့ပါတယ်။

သေဆုံးသူမိခင်ရဲ့အလောင်းစစ်ဆေးချက်တွေအရ မိခင်ဖြစ်သူဟာ သေဆုံးခဲ့တဲ့အချိန်မှာ အရက်အလွန်အကျွံမူးနေခဲ့တယ်ဆိုတာမှန်ကန်ပြီး စစ်ဆေးချက်ထဲမှာ မိခင်ရဲ့အရက်မူးတဲ့ပမာဏဟာ ကားမမောင်းဖို့အစိုးရကသတ်မှတ်ထားတဲ့ အရက်ပမာဏထက်နှစ်ဆပိုများကြောင်းသိရှိခဲ့ရပါတယ်။ အခင်းဖြစ်တဲ့နေ့မှာမှမဟုတ်ပဲ အခြားနေ့တွေမှာလည်း မိခင်ဖြစ်သူဟာ ကလေးတွေကို ရိုက်နှက်နှိပ်စက်ဖူးကြောင်းသိရပြီး ကလေးတွေဟာ အရင်ကသူတို့အပေါ်ကြင်နာတတ်တဲ့မိခင်ဟာ အခုလိုပြောင်းလဲသွားတာကြောင့် စိတ်ဒဏ်ရာတွေအများကြီးရခဲ့တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့မှာ မိခင်ဖြစ်သူဟာ သားအကြီးဖြစ်သူ ဘေ့စ်ဘောကစားတဲ့ပွဲကိုသွားကြည့်ခဲ့ပြီး ကလေးတွေနဲ့အတူအိမ်ပြန်လာခဲ့တယ်လို့သိရပါတယ်။ အိမ်ပြန်ရောက်ပိုင်းနောက်ပိုင်းမှာ အသက် ၁၂နှစ်အရွယ် သားငယ်ကိုတိုက်ခိုက်နှိပ်စက်ခဲ့ပြီး အစ်ကိုဖြစ်သူကညီငယ်ကိုကယ်ဖို့ ကြံရာမရပဲမိခင်ကို သေနတ်နဲ့ချိန်ပြီး တစ်ချက်ပစ်ခတ်ခဲ့တာပါ။ သူ့ပစ်လိုက်တဲ့ကျည်ဆန်က မိခင်ဖြစ်သူရဲ့ လည်ပင်းကိုထိသွားခဲ့ပြီး လန့်ဖျပ်သွားတဲ့သားအကြီးဖြစ်သူဟာ အရေးပေါ်ကယ်ဆယ်ရေးကို ဖုန်းနဲ့ဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။

ရှေ့နေကတော့ အနှိပ်စက်ခံနေရတဲ့ညီဖြစ်သူကိုကယ်ဖို့ကြိုးစားခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့လုပ်ရပ်ဟာ အပြစ်ဒဏ်အကြီးကြီးခံရဖို့မသင့်ဘူးလို့ တရားရုံးမှာလျှောက်တင်ပေးခဲ့ပါတယ်။ သူတို့နေထိုင်တဲ့ပြည်နယ်ရဲ့ဥပဒေအရ အစ်ကိုအကြီးဖြစ်သူရဲ့လုပ်ရပ်ဟာ အသက်အန္တရာယ်ရှိတဲ့အခြေအနေကနေကာကွယ်မှု ဖြစ်တဲ့အတွက် လူသတ်မှု၊ လူသေမှုတွေနဲ့တော့ ပြစ်ဒဏ်အကျခံရမှာမဟုတ်ဘူးလို့သိရပါတယ်။

Yenin Phawah AlinnMyay (အလင်းမြေ)

Source:metro