လှိုင်သာယာမြိုနယ်တွင် ၁၄ နှစ်သမီးလေး မုဒိန်းကျင့်ခံရ

384

၁၄ နှစ်သမီးအား မုန့်ကျွေးမည် အဒေါ်နှင့် မိတ်ဆက်ပေးမည်ပြောဆိုခေါ်ဆောင် ၍ သားမယား ပြုကျင့်

RND – ဇူလိုင် ၂၇

လှိုင်သာယာမြို့နယ် ၌ အသက် ( ၁၄ ) နှစ်သမီးအား “မုန့်စားရအောင်လ္ဘက်ရည်လည်းတိုက်မည် အဒေါ်အိမ် အလည်သွားကြမည်” ဟု ပြောဆိုခေါ်ဆောင်ကာ သားမယား ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့ နေ့လည်(၂)နာရီအချိန်ခန်က မိခင်ဖြစ်သူမှာ လှိုင်သာယာမြို့နယ် (၁၅)ရပ်ကွက်ဈေး၌ သမီးဖြစ်သူနှင့်အတူ အလုပ်လုပ်နေစဉ် ဗိုက်ဆာကြောင်းပြော၍ နေအိမ်သို့ပြန်သွားခဲ့သူ သမီး မ———-(၁၄)နှစ်မှာ သွေးများနှင့် သတိမေ့နေကြောင်း ခင်ပွန်းမှ လာရောက်ပြောသဖြင့် နေအိမ်သို့ပြန်ပြီး သမီးအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရာမှ သမီးဖြစ်သူ သတိရလာသောအခါ ဖြစ်စဉ်အားမေးမြန်းခဲ့ရာ

၎င်းတို့နှင့် တစ်ဆောင်တည်း လိုင်ခန်းတွင်နေထိုင်သော အမည်မသိ အသက်(၂၀)ကျော်ခန့် အမျိုးသားမှ ၎င်းအား “မုန့်စားရအောင် လ္ဘက်ရည်လည်းတိုက်မယ် ငါ့အဒေါ်တွေလည်းမြင်ဖူးအောင် အိမ်လည်းပြမယ် ဟု ပြောပြီး လိုင်းကားစီး၍ ရိုးကြီးဘက် သွားမယ်” ဟုခေါ်ဆောင်ကာ တည်ခိုခန်းတစ်ခုသို့ ရောက်ရှိ၍ အခန်းထဲသို့ ခေါ်ဆောင် စဉ် သမီးဖြစ်သူမှ အဒေါ်ကဘယ်မှာလဲမေးစဉ် အပြင်သွားနေကြောင်းပြောကာ အခန်းတံခါးပိတ်ပြီး

သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ ပြီး မည်သူကိုမှပြန်မပြောရန် ပြောလျှင်သတ်ပြစ်မည်ဟု ခြိမ်းခြောက်၍ သမီးဖြစ်သူအား ၁၂၄ မှတ်တိုင်ဘက် ရောက်သည့်ကားဖြင့် တင်ပေးလိုက်ကြောင်း ပြောပြသိရှိရသဖြင့် သမီးဖြစ်သူအား သားမယားပြုကျင့်သူအား ဇူလိုင် ၂၆ ရက်နေ့ ၌ လှိုင်သာယာရဲစခန်းသို့ ဥပဒေအရအရေးယူပေးပါရန် မိခင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ် နှင့်ပတ်သက်၍ မိဘအုပ်ထိန်းမှုအောက်ရှိ (၁၄)နှစ် သမီးအား ဖြားယောင်းသွေးဆောင်ခေါ်ယူ ၍ သားမယားပြုကျင့်သူ(စုံစမ်းဆဲ) အား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၄၃၄၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ / ၃၆၃ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ညီညီ – (လှိုင်သာယာ)

Real News Distribution Agency