ဒီ ဆရာကြီးရဲ့ အသိ မိတ်ဆွေ ဆွေမျိုးသားချင်း တပည့်များ သိရှိပြီး ပြန်ခေါ်လိုပါက ဆက်သွယ်ပေးပါရန်

283

မန္တ​လေးအ​ခြေစိုက်​ One to One က​လေးလူနာကူညီ​ရေး ပရဟိတအဖွဲ့က​နေ မန္တ​လေး ကျုံးဘေး၂၆လမ်း၊ ၇၃-၇၄ လမ်းကြားမှာ ကျူရှင်ဆရာ ဦးမင်းစည်သူ ဆိုသူကို ​တွေ့ဆုံခဲ့ပါတယ်​။

ဆရာကြီး ဦးမင်းစည်​သူဟာ B.E ( Civil ) ဘွဲ့ရတစ်ဦး​ဖြစ်​ပြီး အရင်က ရန်ကုန်မြို့ ၃၅လမ်းမှာ ကျူရှင်ပြခဲ့သူ ကျူရှင်​ဆရာကြီးတစ်​ဦးလို့ သိရပါတယ်​။

နောက်ပိုင်းမှာ​တော့ သူဟာ အရက်နွံနစ်​လို့ ဘဝပျက်​ခဲ့ရပြီး မန္တလေးကို ​ရောက်လာတဲ့​နောက်​ အ​နေဆင်းရဲ ၊ အစားဆင်းရဲဘဝနဲ့ ကျုံးဘေးမှာနေေ​နရတယ်​လို့ သိရပါတယ်​။

ဆရာကြီးက မန္တလေးမှာ အသိအကျွမ်းအ​နေနဲ့ မြန်မာစာ ကျူရှင်ဆရာ ဆရာဦးမျိုးအောင်နဲ့ ရင်းနှီးခဲ့ဖူးတာကိုလဲ သိရသလို ဒီဆရာကြီးရဲ့ ဘဝကိုကယ်​တင်​​ပေးနိုင်​ဖို့အတွက်​ ဆရာကြီးရဲ့ အသိ မိတ်ဆွေ ဆွေမျိုးသားချင်း တပည့်များ သိရှိ​စေနိုင်​ဖို့ အခုလိုသတင်း​ပေးလိုက်​ရပါတယ်​။

ဆရာကြီးရဲ့ အသိဆွေမျိုးများက ​ဆရာကြီးကိုပြန်​​ခေါ်ပြီး ​စောင့်​​ရှောက်​ကြမယ်​ဆိုရင်​ အတိုင်းထက်​အလွန်​ ဝမ်းသာစရာဖြစ်​သလို ​ဆရာကြီးကို ​စောင့်​​ရှောက်​ကူညီ​ပေးမယ့်​သူ ရှိလာခဲ့ရင်​ One to One အဖွဲ့က ဦး​ဆောင်​သူ ကိုဝမ်းက ဆရာကြီးအတွက်​ တာဝန်ယူ​​စီစဉ်​ပြီး ​နေရပ်​ကို ပြန်​လည်​ပို့​ဆောင်​​ပေးသွားမှာဖြစ်​တယ်​လို့ One to One အဖွဲ့ရဲ့​​ ​ကြေငြာချက်​အရ သိရှိရပါတယ်​။

ဆရာကြီးကို ကူညီ​စောင့်​​ရှောက်​လိုသူ​ အသိမိတ်​​ဆွေ​ ​ဆွေမျိုးသားချင်း​တွေအ​နေနဲ့ ONE TO ONE ကလေးလူနာကူညီရေးက တစ်​ဆင့်​ဆက်​သွယ်​ပြီး ဆရာကြီးအတွက်​ ကူညီ​ပေးနိုင်​ကြပါတယ်​ခင်​ဗျာ။

ONE TO ONE ကလေးလူနာကူညီရေး

ကိုဝမ်း ဖုန်း – 09765765179

မန္တလေးမြို့ သို့ ဆက်​သွယ်​နိုင်​ပါတယ်​ခင်​ဗျာ။

EFIL-AlinnMyay(အလင်းမြေ)

Source – ONE TO ONE ကလေးလူနာကူညီရေး