တောင်ငူမြို့တွင် အမျိုးသားတစ်ဦး ရထားလာရာလမ်းကြောင်းတွင် ဦးခေါင်းထိုးခံ သေဆုံးမှုဖြစ်

89

တောင်ငူမြို့တွင် အမျိုးသားတစ်ဦး ရထားလာရာလမ်းကြောင်းတွင် ဦးခေါင်းထိုးခံ သေဆုးံမူဖြစ်ပွါး

တောင်ငူ ဇူလိုင် ၂၇

တောင်ငူမြို့ ( ၉ ) ရပ်ကွက် ၊ မီးရထား သံလမ်း မို်င်တိုင်အမှတ် ၁၆၇/၁၁ နှင့် ၁၂ အကြား တရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ရုးံအနီးတွင် ကုန်ရထားတစီးလာရာလမ်းကြောင်းတွင် အမျိုးသား တစ်ဦး ဦးခေါင်းထိုးခံ၍ တိုက်မိသေဆုးံခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၇ ရက် ည ၆ နာရီ ၄၀ အချိန်တွင် တောင်ငူမြို့ ( ၉ ) ရပ်ကွက် ၊ မီးရထား သံလမ်း မိုင်တိုင် ၁၆၇/၁၁ နှင့် ၁၂ အကြားတွင် စက်ခေါင်းမောင်း ဦးအောင်ဖေ (၅၆) နှစ်၊ (ဘ) ဦးရာမူး ၊မုတ္တမ စက်ခေါင်းရုံ ၊မုတ္တမ နေသူ မောင်းနှင်လာပြီး စက်ခေါင်းအမှတ် DF 1229 ၊ ရထားအမှတ် 206 အစုန်ရထားမှာ တရိစ္ဆာန်မွေးမြူရေး နှင့် ကုသရေး ဦးစီးရုးံ အနီးအရောက်တွင် ရထားသံလမ်းဘေး ( ရထားလမ်း၏ အနောက်ဘက်ခြမ်း ) ၌ အမျိုးသား တစ်ဦးရပ်နေသည်ကိုတွေ့ရှိသောကြောင့် ရထားဟွန်းတီးပြီး ဆက်လက်မောင်းနှင်ရာ ၄င်းအမျိုးသားမှာ ရထားစက်ခေါင်းရှေ့သို့ ဦးခေါင်းထိုးခံလိုက် သောကြောင့် ရထားဖြင့် ကြိတ်မိပြီးသေးဆုးံသွားခဲ့ကြောင်း စက်ခေါင်းမောင်း ဦးအောင်ဖေ ၏ ပြောပြချက်အရသည်။

သေဆုးံသူမှာ ဦးမြင့်နိုင် (၅၁ ) နှစ် ၊(ဘ) ဦးညွှန်မောင် ၊ ဖီလင်စားသာက်ဆို်င်ပိုင်ရှင် ၊စတီးလမ်း (၉)ရပ်ကွက် ၊ တောင်ငူမြို့နေသူ ဖြစ်ပြီး လွန်ခဲ့သည့် ၁နှစ်မှစ၍ မုန့်ချိုအိပ်ရောင်ရောဂါ ၊ ဆီးချို သွေးချိုရောဂါ အလွန်အ ကျွံခံစားနေရသူဖြစ်ပြီး ရန်ကုန် ဆေးရုံကြီး နှင့် နေပြည်တော် ဆေးရုံကြီး တို့တွင် မကြာခဏ သွားရောက် ကုသနေရသူဖြစ်ကြောင်း မိသားစု ဝင်များ၏ ပြောပြချက်အရသိရသည်။

အဆိုပါဖြစ်စဉ် နှင့် ပက်သက်ပြီး သေဆုးံသူ ဦးမြင့်နိုင်သည် ဓမ္မတာ အတိုင်း သေဆုးံခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ဒုရဲအုပ် ခင်ဝေမာထွန်းမှ တရားလို လုပ်တိုင်တန်းလာသဖြင့် တောင်ငူမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၉ အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

နေလင်းအောင် ( တောင်ငူ )

27.7.2019