သင့်ရဲ့ရင်ဘတ်ပေါ်ကအရေးအကြောင်းတွေကို ဖယ်ရှားဖို့ လွယ်ကူတဲ့ နည်းလမ်း ၇ မျိုး

276

ရင်ဘတ်တစဝိုက်နားက အရေးအကြောင်းတွေဟာ အလှကြိုက်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေ အဖြစ်များတဲ့ လက္ခဏာတစ်မျိုးပါပဲ။ ဘာ့ကြောင့် ဒီလိုအရေးအကြောင်းတွေ ဖြစ်နေရတာလည်း၊ အရေးအကြောင်းတွေပျောက်အောင် ဘယ်လိုနည်းလမ်းတွေသုံးရမလည်းဆိုတာ AlinnMyay(အလင်းမြေ) ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေ။

၁။ တစောင်းမအိပ်ပါနဲ့

ဘေးကို စောင်းအိပ်တာဟာ အရမ်းသက်တောင့်သက်သာ ရှိလွန်းတယ်ဆိုပေမယ့် သင့်ရဲ့ ရင်ဘတ်က အသားရေတွေကို ကြုံ့ပြီး ညှစ်လိုက်သလိုဖြစ်သွားတာကြောင့် သင့်ရဲ့နူးညံ့တဲ့ အရေးပြားတွေ တွန့်လွယ်ပြီး အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ပက်လက်လှန်အိပ်စက်ခြင်းဟာ သင့်ကို အသက်ရှူရပိုလွယ်စေပြီး သွေးလည်ပတ်မှုအတွက် သင့်လျော်လွန်းတဲ့ အလေ့အကျင်းကောင်းတစ်ခုဖြစ်တာကြောင့် ဒီပက်လက်လှန်အိပ်တဲ့ အကျင့်လေးကို လုပ်ထားစေချင်ပါတယ်။

၂။ ရှားစောင်းလက်ပတ်လေးကို လိမ်းပေးပါ။

သင့်မျက်နှာလေးကို ပေါင်းတင်ဂရုစိုက်ပြီး ပေါင်းတင်းသလိုမျိုး သင့်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ သင့်ရဲ့ရင်ဘတ်နားတစ်ဝိုက်ကို ပေါင်းတင်ပေးသင့်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ရှားစောင်းလက်ပတ်ပင်ရှိရင်ကို အဆင်ပြေစေပါတယ်။ ရှားစောင်းလက်ပတ်ကို မိနစ်နှစ်ဆယ်ခန့် လိမ်းပြီး ရေဆေးချလိုက်ပါ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် သင့်အနေနဲ့ လည်ဟိုက်အဝတ်အစားမျိုးဝတ်ဆင်မယ်ဆိုရင်တောင် ယုံကြည်မှုရှိရှိ ဝတ်ဆင်နိုင်ပါတယ်။ သင့်ရဲ့ရင်ဘတ်တွေကို တင်းရင်းသွားစေပြီး တောက်ပပြီး ဝင်းလက်စိုပြေနေစေမှာပါ။

၃။ ရေပူချိုးရင် ရင်ဘတ်တည့်တည့်ကနေ လောင်းမချပါနဲ့

ယနေ့ခေတ်မှာဆိုရင်တော့ ရေပူရေအေးစနစ်နဲ့ ကိုယ်နှစ်သက်သလို ရေချိုးနိုင်နေပါပြီ။ တကယ်တော့ ရေပူကို အသုံးပြုခြင်းဟာ လူတိုင်းအတွက် မကောင်းတဲ့ အလေ့အကျင့် ဆိုလည်း မမှားနိုင်ပါဘူး။ ရေပူတွေဟာ အရေပြားတွေကို ခြောက်သွေ့စေပြီး ချွေးပေါက်ကျယ်စေပါတယ်။ ရေပူတွေကို ရင်ဘတ်ပေါ်တည့်တည့် လောင်းချမယ်ဆိုရင် သင့်ရဲ့ ရင်ဘတ်ပေါ်က သဘာဝအဆီတွေကို လိုအပ်တာထက် ဖယ်ရှားလိုက်ပြီး သင့်ရဲ့အရေပြားကို ခြောက်သွေ့စေကာ အရေးအကြောင်းတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။

၎။ ရင်ဘတ်က ကြွက်သားတွေ အမြဲတင်းရင်းနေအောင် ပုံပါအတိုင်းပြုလုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးကတော့ လွယ်ကူပြီး သင့်ရဲ့ရင်ဘတ်က ကြွက်သားတွေကို တင်းရင်းပြီး အရေးအကြောင်းဖြစ်ခြင်းမှ အဓိက ကာကွယ်ပေးနိုင်ပါတယ်။ သင့်လုပ်နိုင်သလောက် မိနစ်ကို မှတ်ပြီး နေ့စဉ်လုပ်ပေးခြင်းဖြင့် သင့်အနေနဲ့ ထူးခြားမှုတွေကို လက်တွေ့ ခံစားရမှာပါ။

၅။ မှန်ကန်တဲ့ ဘရာဆိုဒ်ကို ဝတ်ဆင်ပါ။

အမျိုးသမီးအများစုက သူတို့ရဲ့ရင်သားတွေ ကြီးထွားနေဟန်ဖြစ်စေဖို့ ကြပ်ထုပ်နေတဲ့ ဘရာဆိုဒ်တွေကို ဝတ်ဆင်လေ့ရှိကြပါတယ်။ တကယ်တော့ ဒီလိုလုပ်ခြင်းဟာ သူတို့ရင်သားကို လှပစေပေမယ့် ဒီလိုဝတ်ပါများလာရင် အရွယ်မတိုင်ခင် ရင်ဘတ်မှာအရေးအကြောင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်နဲ့ သင့်တော်မယ့် ဘရာဆိုဒ်တွေကိုသာ ဝတ်ဆင်ဖို့တိုက်တွန်းပါရစေ။

၆။ သွေးလည်ပတ်မှုကောင်းအောင် ရင်ဘတ်ကို အသာအယာ အပေါ်အောက် တွန်းပေးပါ။

ဒီလိုတွန်းပေးခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို သုံးကြိမ်လောက် ပွတ်သတ်ပေးခြင်းဖြင့် အရေးအကြောင်းဖြစ်လွယ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ။်

၇။ ရင်ကြားနေရာကို Sunscreen လိမ်းပေးပါ။

Sunscreen လိမ်းပေးခြင်းဟာ သင့်အသားအရေကို ထိန်းသိမ်းပေးရုံသာမက ဝင်းလက်တောက်ပပြီး အရေအကြောင်းတွေကို အဖြစ်နည်းစေတာကြောင့်ပဲဖြစ်ပါတယ်။

AlinnMyay ပရိတ်သတ်ကြီးလည်း ဒီလိုလွယ်ကူတဲ့ အိမ်တွင်းနည်းလမ်းလေးတွေကို လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနည်းလမ်းလေးတွေကိုသုံးပြီး သင့်ရဲ့ရင်ဘတ်က အရေးအကြောင်းတွေကို ဖယ်ရှားလိုက်ပါ။

San Htet Wai-AlinnMyay(အလင်းမြေ)

Source-Elite Readers