မိခင်ထံ ဖုန်းမက်စေ့ဖြင့် စာတွေရေးပေးခဲ့ပြီး ဆွဲကြိုချ သေဆုံးသွားသူရဲ့ ဖြစ်ရပ်

599

အမျိုးသမီးသီးသန့် အိမ်သာခန်း အနီးရှိ သရက်ပင် အောက်တွင် ဆိုင်အလုပ်သမား တစ်ဦး ဆွဲကြိုးချ သေဆုံး ကြောင်း သိရှိသည်။

၂၀၁၉ ဇူလိုင် ၂၈ရက်နေ့ ၆နာရီခွဲ အချိန်ခန့်၊ အမြင့် (၈)ပေခန့်ရှိ သရက်ပင်ကိုင်းတွင် ဘားဆွဲလေ့ကျင်ရန် တပ်ဆင်ထားတဲ့ သံကိုင်းအား အဝါရောင် ပီနံကြိုးဖြင့် ချည်၍ အမြင့်ပေ(၁)ပေခွဲခန့်ရှိ အစိမ်းရောင် ပလတ်စတစ် ခုံပေါ်သို့ တက်ကာ ကြိုးကွင်းပြုလုပ်ပြီး ခုန်ချ၍ သေဆုံးခြင်းဖြစ်သည်။

ခန္ဓာကိုယ်မှာ ပြင်ပဒဏ်ရာမတွေ့ရှိဘူး၊ အတွင်းခံ ဘောင်းဘီအတွင်း သုတ်ရည်များ ထွက်နေသည် ကို စစ်ဆေးတွေ့ရှိရကြောင်း ဆေးစာအရ သိရှိရသည်။

ကြိုးဆွဲချ မသေဆုံးမှီ မိခင်ဖြစ်သူ ဒေါ်မဇင်းသူ ကိုင်ဆောင်ထားတဲ့ ဖုန်းနံပါတ်ကို ယနေ့ မနက်(၂)နာရီ (၂၆)မိနစ်အချိန်က “အမေ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်အမေ့ကိုသေတဲ့အထိ အလုပ် အကြွေး ပြုစုချင် ပါတယ်ဗျာ၊ကျနော်ခုလို့ လုတ်သွားတဲ့အတွက် ကျနော်ကို အမေစိတ်ဆိုးမနေပါနဲ့နော်၊ ကျနော် နောင်ဘဝတွေ ကျနော်အတွက် ထပ်ရှိနေသေးရင် ကျနော် အမေ့ရဲ့ ဗိုက်ထဲမှာ လူပြန်ဖြစ်ခွင့် ရချင်ပါတယ် အမေ၊ ကျနော်လုပ်နေတဲ့အလုပ်က ကျနော့်အတွက်တော့ အမေ့ကို ဖွင့်မပြော ခဲ့တာတွေ အများကြီးပါပဲ၊ အမေရယ် ဘယ်သူ့ကိုမှဖွင့်မပြောခဲ့ပါဘူးဗျာ၊ ကျနော်ကို ခင်တဲ့ လူတွေ သူငယ်ချင်းအပေါင်းအသင်းတွေ အားလုံးကို ကျနော် နုတ်ဆက်ပါတယ်ဗျာ၊ ကျနော်သေလို့ မငိုကြပါနဲ့ ကျနော်အမေကိုပဲ ကူညီစောင့်ရှောက်ပေးလိုက်ကြပါလို့ ပြောရင်းနဲ့ ကျနော်ကို သာခွင့်လွှတ်ပါ၊ နောင်ဘ၀ ဆက်တိုင်း ခုလိုမျိုးဘဝကိုဆင်းဆင်းရဲရဲနဲ့ မနေ့ရပါစေနဲ့ ဆုတောင်းပေးကြပါ”ဟု ပို့ထားခဲ့တယ်။

သေဆုံးသူ မောင်အောင်သန့်နိုင် နှင့် ပတ်သက်၍ ဓမ္မသာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ဇလွန်မြို့မရဲစခန်းမှ သေမှုသေခင်း(၁၂/၂၀၁၉)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သာခိုင်(မုနိမြီ) Real News Distribution Agency

ApannPyay(Mandalay)