သီချင်းထဲက နွယ်နီက အခုကလေး နှစ်ယောက်ရနေပါပြီ ဆိုတဲ့ နွယ်နီသီချင်းရေး ဆို သူ ညီမင်းခိုင်

353

“ငယ်​ရွယ်​စဉ်​ဆုံလာခဲ့ကြ… နာမည်​ပညတ်​ထားတာ…နွယ်​နီတဲ့​လေ… ဟိုအရင်​​ကျောင်းသားဘဝ ရင်​ခုန်​စိတ်​လှုပ်​ရှားခဲ့တာ ” ဆိုတဲ့ စာသား​လေးကို ကြားလိုက်ရုံနဲ့ ​ကျောင်းသားဘဝကိုပြန်​​မြင်​​ယောင်​သွား​စေပြီး ငယ်​ချစ်​ကို တန်းခနဲ​ပြေးမြင်​တဲ့အထိ လူကြီး​ရော လူငယ်​​တွေကြားမှာပာ ထိုး​ဖောက်​ခဲ့တဲ့ နွယ်​နီသီချင်းကို မသိတဲ့ရှားကြပါလိမ့်​မယ်​။

နွယ်နီ​သီချင်းကို ဖန်​တီးခဲ့သူက​တော့ ငယ်​ချစ်​ နွယ်​နီ နဲ့ကိုယ်​​တွေ့ခံစားမှုအစစ်​ကို ကိုယ်​တိုင်​​ရေး၊ ကိုယ်​တိုင်​သီဆိုခဲ့သူ အဆို​တော်​ညီမင်းခိုင်​ဖြစ်​ပါတယ်​။ နွယ်​နီဟာ သီချင်းချစ်​သူတိုင်းရဲ့ ရင်​ထဲကို ကိုယ့်​ဖြစ်​ရပ်​နဲ့အတိုက်​ဆိုင်​ဆုံး၊ အနီးစပ်​ဆုံး တိုးဝင်​လာခဲ့တဲ့ သီချင်းတစ်​ပုဒ်​ဖြစ်​သလို ငယ်​ချစ်​ကို​​မ​မေ့နိုင်​သူတိုင်းအတွက်​ ပြန်​လည်းလွမ်းဆွတ်​စရာ နွယ်​နီလဲဖြစ်​ခဲ့ပါတယ်​။

တိုက်​ဆိုင်​မှု​တွေရှိလွန်းလို့ ငယ်​ချစ်​အလွမ်း​ပြေ သီချင်းအဖြစ်​သာမက ရင်​ထဲကနွယ်​နီကိုပါ ပြန်​အသက်​သွင်း​ပေးခဲ့တဲ့ သီချင်းပါ။ နွယ်​နီကအပြင်​မှာတကယ်​ရှိခဲ့သလားဆိုတဲ့ သူ့ပရိသတ်​​တွေရဲ့​မေးခွန်းကို​တော့ ညီမင်းခိုင်​ကအခုလိုပဲ ​ဖြေကြားရင်း နွယ်​နီနဲ့ပတ်​သက်​သမျှ ရင်​ဖွင့်​​ပြောပြခဲ့တာကို AlinnMyay ချစ်​ပရိသတ်​ကြီးရဲ့ ရင်​ထဲကငယ်​ချစ်​​ဟောင်း​ ဘဝအမှတ်​တရ​တွေအတွက် ​အလွမ်း​ဖြေနိုင်​​စေဖို့်​ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

” နွယ်​နီက ၂၀၀၄ မှာ အကို ရခိုင်​မှာ သစ်​​တောထဲ အလုပ်​လုပ်​​နေတဲ့အချိန်​မှာ​ ​ရေးဖြစ်​တာပါ။ ၂၀၀၁ မှာ အကိုကကိုးတန်း….ကိုးတန်းတုန်းက ​ကြွေခဲ့ရတဲ့​ကောင်​မ​လေးတစ်​​ယောက်​​ပေါ့။ သူ့အ​ကြောင်းကို မ​မေ့နိုင်​ဘဲနဲ့​ရေးထားပါ။ ”

” သူ့သူငယ်​ချင်းနဲ့​တွေ့​တော့ သူ့အ​ကြောင်း​မေးဖြစ်​ပါတယ်​။ လွမ်းဆွတ်​တမ်းတပြီးမဟုတ်​ဘဲ ကိုယ့်​ရဲ့ဘဝအမှတ်​တစ်​ခုအ​နေနဲ့​ပေါ့​လေ။ သူက အခုက​လေး​တောင်​နှစ်​​ယောက်​ရ​နေပြီတဲ့ ”

” ကျွန်​​တော်​က အချစ်​ကံ​ခေတယ်​ပဲ​ပြောရမှာ​ပေါ့။ အခုထိလူပျိုကြီး…​ကြေငြာလိုက်​ဦးမယ်​။ ရည်းစားလဲမရှိဘူး။ ဒါက ကိုးတန်းတုန်းက နွယ်​နီ့ကိုမရခဲ့လို့လားဆိုရင်​​တော့ မဟုတ်​ပါဘူး။ ကိုယ်​ကအချစ်​ကိုလိုက်​ပြီးရှာတယ်​​ပေါ့။ တကယ်​တမ်း ကိုယ်​လိုချင်​တဲ့အချစ်​ကို မ​ပေးနိုင်​တဲ့သူ​တွေနဲ့ပဲ ထိ​တွေ့ခဲ့ရတယ်​နဲ့တူပါတယ်​။

” အမှန်တိုင်း​ပြောရရင်​ ရည်းစားထားတိုင်း အကို့ဘဝမှာ တစ်​ခါမှနှစ်​လမပြည့်​ဘူး။ အဆင်​မ​ပြေဘူး​ပေါ့​လေ။ အကိုကသီချင်းပဲ​ရေး​နေတာ… အပြင်​မှာ​တော့လက်​​တွေ့က အဲ့​လောက်​မရှိဘူး”

” အကိုက ကိုးတန်း… နွယ်​နီကဆယ်​တန်း…. ​ကျောင်းမှာအ​ပေါ်ထပ်​​အောက်​ထပ်​​ပေါ့။ သူလဲအကိုချစ်​တာကိုသိပုံ​ပေါ်ပါတယ်​။ အချစ်​ဆိုတာက တကူးတက ​ဖော်​ပြစရာမလိုဘူး။ ကိုယ်​ချစ်​တာကိုမျက်​လုံးမှာ​ပေါ်​နေမှာပဲ။ ကိုယ့်​ရဲ့အမူအရာက​နေ သူကသိနိုင်​တယ်​​ပေါ့။ တကယ်​တမ်း​ပြောရင်​​တော့ သူသိခဲ့ပါတယ်​။ ဘဝမှာအမှတ်​တရ​ပေါ့​လေ။ ” လို့ သူက​ပြောပြသွားခဲ့ပါတယ်​။ ညီမင်းခိုင်​ရဲ့နွယ်​နီသီချင်းဟာ သူ့ရဲ့လက်​ခံမလား ​တေးအယ်​လ်​ဘမ်​မှာပါဝင်​ခဲ့တာပါ။

EFIL-AlinnMyay(အလင်းမြေ)

ApannPyay(Mandalay)