ပိုက်​ဆံအိတ်​​ပျောက်​ပြီး ရွာပြန်​ဖို့ဒုက္ခ​ရောက်​​နေတဲ့ ပ​လောင်​ကိုရင်​သုံးပါး

159

ဇူလိုင်​လ ၂၆ ရက်​​နေ့၊ ည​နေ​ခြောက်​နာရီ​လောက်​မှာ ပလောင်လူမျိုး ကိုရင်လေးသုံးပါးဟာ ကန့်​ဘလူ ကျွန်းလှမြို့က​နေ မန္တ​လေးမြို့ကို​ရောက်​ရှိလာခဲ့ပြီး သီရိမန္တလာကားဝင်းတွင်းမှာ ဒုက္ခ​ရောက်​​နေခဲ့ကြပါတယ်​။

အ​ကြောင်းက​တော့ ပ​လောင်​ကိုရင်​​လေး​တွေမှာ ပါလာတဲ့ ပိုက်​ဆံအိတ်​ လမ်းမှာ​​ကျ​ပျောက်​သွားတာ​ကြောင့်​ ခရီးမဆက်​နိုင်​​တော့ဘဲ ဇာတိရွာကိုပြန်​ဖို့အခက်​​တွေ့​နေခဲ့ကြတာပါ။ ဒါကိုသိရှိသွားခဲ့တဲ့ ကားဝင်းတာဝန်​ရှိသူ ဦ​ပေါ်ဦးက​နေ မန္တ​လေးအ​ခြေစိုက်​ One to One က​လေးလူနာကူညီ​ရေးပရဟိတအဖွဲ့ကို ဆက်​သွယ်​ပြီးအကူအညီ​တောင်းခံခဲ့ပါတယ်​။

ကိုရင်​​လေး​တွေရဲ့ ဇာတိရပ်​က ကွတ်​ခိုင်​မြို့နယ်​၊ မန်​လွယ်​ရွာလို့ သိရပြီး ရွာက သာသနာ့ပါလ​ကျောင်းကို ပြန်​နိုင်​ဖို့ အကူအညီလိုအပ်​​နေခဲ့တာပါ။ One to One အဖွဲ့က​နေ ဦး​ဆောင်​လို့ ကိုရင်​​လေး​တွေအတွက်​ ကားလက်​မှတ်​သုံး​စောင်​ဖြတ်​​ပေးခဲ့ပြီး ဝတ္ထု​ငွေ ၂၅၀၀၀ ကျပ်​ ကပ်​လှူ​ပေးခဲ့တယ်​လို့ သိရပါတယ်​။

ဒီအလှူအတွက်​ ​စေတနာအလှုရှင်က​တော့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ တောင်ကြီးကေလာသ ဘုရားတောင်ခြေက ဦးသောင်းညွှန့် နဲ့ ဇနီး ​ဒေါ်ဝင်းဝါ၊ သမီး မနန္ဒာအောင်​ မိသားစုက ပာဝင်လှူဒာန်း​ပေးခဲ့တာြ​​ဖစ်​ပါတယ်​။

ဒုက္ခ​ရောက်​​နေသူ၊ အကူအညီအ​ရေး​ပေါ်​နေသူ​တွေအတွက်​ ONE TO ONE ကလေးလူနာကူညီရေးက ဦး​ဆောင်​ကူညီ​ပေး​နေတာဖြစ်​ပြီး ​စေတနာရှင်​များအ​နေနဲ့ ပါဝင်​လှူဒါန်းလိုပါက အခုလို ဆက်​သွယ်​နိုင်​​ကြောင်းအသိ​ပေးလိုက်​ပါရ​စေ။

ONE TO ONE ကလေးလူနာကူညီရေး

ကိုဝမ်း ဖုန်း – 09765765179

မန္တလေးမြို့ သို့ ဆက်​သွယ်​နိုင်​ပါတယ်​ခင်​ဗျာ။

EFIL-AlinnMyay(အလင်းမြေ)

Source – ONE TO ONE ကလေးလူနာကူညီရေး