ယောကျာ်းမယူချင်ပေမယ့် ကလေးမွေးချင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

336

ယောကျာ်းလေးတွေ အသည်းစွဲရတဲ့ မင်းသမီး တယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိချိန်မှာ သူ့အနေနဲ့ ယောကျာ်း မယူချင်သေးပဲ ရည်းစားတော့ ထားချင်သေးတယ်လို့ ပြောသွားပါတယ်။ ထို့နောက် သင်ဇာဝင့်ကျော်ကတော့ ကလေးလေးတွေ တခါတလေ မွေးကြည့်ချင်တယ် လို့ ပြောကြားသွား ခဲ့ပါတယ်။ ဒီအကြောင်းလေးကိုတော့ AlinnMyay ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာဝတ်စုံတွေဝတ်တော့ ကိုယ်ကိုတိုင်ကရော မင်္ဂလာဆောင်ချင် လားဆိုတဲ့အပေါ်မှာ” အဲ့လိုမျိုးဝတ်စုံဝတ်ရလို့လဲ မင်္ဂလာဆောင်ချင်လား ဆိုတော့လဲ မဆောင်ချင်ပြန်ဘူး ဘာလို့လဲဆိုတော့ ရည်စားထားပြီးရင် ရည်စားနဲ့ပျက်လို့ရတယ်လေ မင်္ဂလာဆောင် ပြီးရင်ကယောက်ျားနဲ့ကွဲရမှာလေ သိတယ်မှတ်လား ကိုယ်စိတ်အကြောင်းလဲ ကိုယ်သိတော့ မဆောင်ဖြစ်သေးဘူး တကယ်တမ်းကိုယ်ကို အရမ်းနားလည်ပြီး သီးခံနိုင်မှဖြစ်မှာ ရွေးနေတုန်းပေါ့ ”

တလောတုန်းက မောင်လေးရဲ့ ဓာတ်ပုံတွေ ပျံ့ပြီး လူစိတ်ဝင်စားနေတဲ့ အပေါ်မှာတော့ “သူ့ကိုပွဲမထုတ်ပါဘူး သူဟာသူမွေးနေ့ဓာတ်ပုံမှာ လူတွေသိသွားတာ သူကကလေးအဖေတောင်ဖြစ်နေပြီ ကိုယ်က Single သူကကျသားလေးမွေးထားတယ်”

ကိုယ်တိုင်တော့ တခါတလေ ကလေးမွေးချင်တယ်ဆိုတယ်လို့လဲ သင်ဇာဝင့်ကျော်က ပြောသွားပါသေးတယ်။ “သင်ဇာအစ်မက သမီးလေးတွေမွေးထားတဲ့အခါကျ ပြည့်စုံနေပြီလေ ကိုယ်ခလေးတွေနဲ့ဆော့ချင်ရင် သွားဆော့လိုက်တယ် ဒါပေမဲ့အမြဲခလေးတွေနဲ့ နေချင်လားဆိုရင်တော့ မနေချင်ပြန်ဘူး ဆော့ချင်ရင်တော့ ရှိနေတာဘဲလေ ခလေးတွေကအိမ်မှာ မွေးချင်စိတ်လဲမဖြစ်ပါဘူး ဒါပေမဲ့ တစ်ခါတလေကျရင်လဲ ခလေးမွေးချင်ပြန်ရော အဲ့လိုမျိုးပေါ့ ဘာမှန်းမသိသေးဘူး ကိုယ်စိတ်က အဲ့လို ဖြစ်နေတော့” ဆိုပြီး ပြောကြားသွား ခဲ့ပါတယ်။

AlinnMyay(အလင်းမြေ)