သားလေးရဲ့မျက်နှာကိုမြင်တိုင်း အဖေဖြစ်ကို သတိရလွန်းလို့ သားလေးကို လိင်အဂါင်္ဖြတ်ပြီး သတ်ခဲ့တဲ့မိခင်

364

လောကကြီးမှာရက်စက်တတ်တဲ့သူတွေ အများကြီးရှိပေမယ့် ဒီမိခင်ရဲ့သားဖြစ်သူအပေါ်ရက်စက်မှုကတော့ ကြက်သီးထစရာကောင်းလောက်အောင် ဆိုးဝါးလွန်းလှပါတယ်။ ဘရာဇီးနိုင်ငံမှာနေထိုင်တဲ့ မိခင်တစ်ယောက်ဟာ သူမရဲ့သားလေးဖြစ်သူကို သတ်ဖြတ်ပြီးအလောင်းမဖျောက်ခင်မှာ ကလေးငယ်နဲ့ ဦးခေါင်းနဲ့လိင်အဂါင်္ကိုဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သံသယ၀င်ကာဖမ်းဆီးချုပ်နှောင် တရားစွဲဆိုထားတာကိုခံနေရတာပါ။ သားဖြစ်သူရဲ့ဦးခေါင်းကိုဖြတ်တောက်ခဲ့ရာမှာလည်း ရိုးရိုးဖြတ်တောက်ခဲ့တာမဟုတ်ပဲ သားဖြစ်သူရဲ့မျက်နှာက အရေပြားတွေကို ကြည့်ချင်စရာမရှိလောက်အောင် စုတ်ဖြဲဖျက်ဆီးထားခဲ့တယ်လို့လည်းသိရပါတယ်။

တရားခံဖြစ်တဲ့မိခင်ဟာ မိန်းမချင်းစိတ်ဝင်စားသူတစ်ယောက်လည်းဖြစ်ပြီး ကြံရာပါအနေနဲ့ မိခင်ရဲ့ ချစ်သူအမျိုးသမီးပါ ပါဝင်နေတာပါ။ တရားခံဖြစ်သူဟာ သားဖြစ်သူကလေးငယ်ကို ဖခင်နဲ့ရုပ်ချင်းဆင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာဖြစ်ပြီး ပြစ်မှုကို ကလေးငယ်နဲ့သူတို့နှစ်ယောက်နေထိုင်တဲ့အိမ်မှာပဲ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

တရားခံဖြစ်သူမိခင်နဲ့ ကြံရာပါဖြစ်တဲ့ သူမရဲ့ချစ်သူအမျိုးသမီးတို့ဟာ ကလေးငယ်ကိုနှိပ်စက်သတ်ဖြတ်ပြီး အလောင်ဖျောက်ဖျက်ခဲ့တာကို ၀န်ခံထားပါတယ်။ ဘရားဇီးနိုင်ငံကမီဒီယာတွေရဲ့သတင်းထုတ်ပြန်ချက်အရ သူတို့နှစ်ယောက်ဟာ ကလေးငယ်လေးကိုသတ်ဖြတ်ပြီး အလောင်းဖျောက်တဲ့အချိန်မှာ မတော်တဆကလေးငယ်ရဲ့အလောင်းကို တစ်ယောက်ယောက်တွေ့သွားတဲ့အဟာ ကလေးငယ်ဟာ မည်သူမည်ဝါဖြစ်မှန်းမသိနိုင်အောင်လို့ ဓားနဲ့ ကလေးငယ်ရဲ့အလောင်းက မျက်လုံးတွေကိုပါ ကလော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ ကလေးငယ်ရဲ့အလောင်းအကြွင်းအကျန်တွေကို အသားကင်ပုံစံနဲ့ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ကြတယ်လို့ဆိုပါတယ်။

အသားကင်ပုံစံနဲ့အလောင်းဖျောက်တာအဆင်မပြေတဲ့နောက်မှာ တရားခံဖြစ်သူမိခင်နဲ့ ကြံရာပါအမျိုးသမီးဟာ အလောင်းအပိုင်းအစတွေကို ခရီးဆောင်အိတ်တဲ့ အသားကင်တုတ်ထိုးတွေနဲ့သီထားတဲ့ သားဖြစ်သူရဲ့အကြွင်းအကျန်တွေကိုပါထည့်ကာလွင့်ပစ်ခဲ့ပါတယ်။ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတော့ သူတို့အိမ်မှာရှိတဲ့ ကျောပိုးအိတ် ၂လုံးထဲထည့်ကာ ဖွက်ထားခဲ့တာလို့လည်းသိရပါတယ်။

လက်ရှိမှာသူတို့နှစ်ယောက်ကို လူသတ်မှုနဲ့တရားစွဲဆိုထားပြီးဖြစ်ပါတယ်။ ရဲတွေရဲ့စစ်ဆေးချက်အရ ကလေးငယ်ကိုမသတ်ခင် တစ်နှစ်အလိုမှာသူတို့နှစ်ယောက်ဟာ ကလေးငယ်ရဲ့အမျိုးသားလိင်အဂါင်္ကိုဖြတ်တောက်ခဲ့ကြပြီး သူတို့ကတော့ ကလေးငယ်ကမိန်းကလေးဖြစ်ချင်ခဲ့တဲ့အတွက် အိမ်မှာပဲခွဲစိတ်မှုပြုလုပ်ပေးခဲ့တာလို့ဆိုပါတယ်။

Yenin Phawah AlinnMyay (အလင်းမြေ)

Resource:Metro