ကျုံးဘေးက ကျူရှင်ဆရာကြီးအတွက် ကယ်တင်မယ့် တပည့်တဦး ဆက်သွယ်လာပါပြီ

596

ကျုံးဘေးမှာဖြစ်သလိုနေဖြစ်သလိုစားဒုက္ခရောက်နေရတဲ့ တစ်ချိန်ကရန်ကုန်ကနာမည်ကြီးအင်္ဂလိပ်စာ ကျူရှင်ဆရာကြီး မင်းစည်သူအတွက် ကူညီရေးလမ်းစများ

မန္တလေးကျုံးဘေးမှာထမင်းထုတ်ဝေရင်း တစ်ချိန်ကရန်ကုန်မြို့၃၅လမ်းမှာ ‘ Modern English’ ကျုရှင်သင်တန်းဖွင့်ခဲ့ဖူးတဲ့ B.E ( Civil ) ဘွဲ့ရ ဆရာကြီးမင်းစည်သူနဲ့ဆုံခဲ့ရပါတယ်။

ဆရာကြီးကအရက်ကြောင့်ဘဝပျက်ခဲ့ရကြောင်းကိုယ်တိုင် ရင်ဖွင့်ပါတယ်။အခုတော့မန္တလေးမြို့မှာလမ်းဘေးနေ၊လမ်းဘေးစားဘဝနဲ့ဘဝကိုချို့တဲ့ကြမ်းတမ်းစွာဖြတ်သန်းနေရပါတယ်။ ဒါကြောင့် ဆရာကြီးဆွေမျိုးအသိများ သိနိုင်ရန် fbကနေ live လွှင့်တင်ပေးခဲ့ပါတယ်။

ဒီနေ့ဆရာကြီးတပည့်တစ်ဦးမှ ဆက်သွယ်လာပါတယ်။ ဆရာကြီးရဲ့ဆွေမျိုးများနဲ့ အဆက်အသွယ်ရအောင် လုပ်ပေးပါမယ်လို့ပြောပါတယ်။ ဆရာကြီးဆွေမျိုးများမှပြန်ခေါ်ချင်ရင်တော့ ကျွန်တော်ရန်ကုန်ကိုပို့ပေး ပါမယ်။ ဒါမှမဟုတ်မခေါ်ချင်တော့ပါက စစ်ကိုင်းမှဘုန်းကြီး တစ်ပါးမှ သူ့ကျောင်းမှာနေပါက လက်ခံပေးမည်ဟု ဖုန်းဆက် ပြီးမိန့်ပါတယ်။

ကျုံပျော်မြို့ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းမှလဲ ဆရာကြီးစာသင်ချင်ပါက ဆရာအဖြစ်ခန့် ပေးပါမယ်လို့ ဖုန်းဆက်လာပါတယ်။ ကျွန်တော်အနေကတော့ဆရာကြီးကို ထုံးဘိုစိတ်ကျန်းမာရေးဆေးရုံပို့အရက် ဖြတ်ပြီးမှ တစ်ခုခုစီစဉ်ပေးရင်ပိုကောင်းမယ်လို့စဉ်းစားမိပါတယ် အမျိုးတွေရော ဘယ်လိုလုပ်ပေးစေချင်လဲဗျ ?

ONE TO ONE ကလေးလူနာကူညီရေး

ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉

မန္တလေးမြို့

ပထမတင်ခဲ့သော ဗွီဒီယိုဖိုင်

ဒီ ဆရာကြီးရဲ့ အသိ မိတ်ဆွေ ဆွေမျိုးသားချင်း တပည့်များ သိရှိပြီး ပြန်ခေါ်လိုပါက ဆက်သွယ်ပေးပါရန်

ဇူလိုင်(၂၇) AlinnMyay(အလင်းမြေ)

မန္တ​လေးအ​ခြေစိုက်​ One to One က​လေးလူနာကူညီ​ရေး ပရဟိတအဖွဲ့က​နေ မန္တ​လေး ကျုံးဘေး၂၆လမ်း၊ ၇၃-၇၄ လမ်းကြားမှာ ကျူရှင်ဆရာ ဦးမင်းစည်သူ ဆိုသူကို ​တွေ့ဆုံခဲ့ပါတယ်​။

ဆရာကြီး ဦးမင်းစည်​သူဟာ B.E ( Civil ) ဘွဲ့ရတစ်ဦး​ဖြစ်​ပြီး အရင်က ရန်ကုန်မြို့ ၃၅လမ်းမှာ ကျူရှင်ပြခဲ့သူ ကျူရှင်​ဆရာကြီးတစ်​ဦးလို့ သိရပါတယ်​။

နောက်ပိုင်းမှာ​တော့ သူဟာ အရက်နွံနစ်​လို့ ဘဝပျက်​ခဲ့ရပြီး မန္တလေးကို ​ရောက်လာတဲ့​နောက်​ အ​နေဆင်းရဲ ၊ အစားဆင်းရဲဘဝနဲ့ ကျုံးဘေးမှာနေေ​နရတယ်​လို့ သိရပါတယ်​။

ဆရာကြီးက မန္တလေးမှာ အသိအကျွမ်းအ​နေနဲ့ မြန်မာစာ ကျူရှင်ဆရာ ဆရာဦးမျိုးအောင်နဲ့ ရင်းနှီးခဲ့ဖူးတာကိုလဲ သိရသလို ဒီဆရာကြီးရဲ့ ဘဝကိုကယ်​တင်​​ပေးနိုင်​ဖို့အတွက်​ ဆရာကြီးရဲ့ အသိ မိတ်ဆွေ ဆွေမျိုးသားချင်း တပည့်များ သိရှိ​စေနိုင်​ဖို့ အခုလိုသတင်း​ပေးလိုက်​ရပါတယ်​။

ဆရာကြီးရဲ့ အသိဆွေမျိုးများက ​ဆရာကြီးကိုပြန်​​ခေါ်ပြီး ​စောင့်​​ရှောက်​ကြမယ်​ဆိုရင်​ အတိုင်းထက်​အလွန်​ ဝမ်းသာစရာဖြစ်​သလို ​ဆရာကြီးကို ​စောင့်​​ရှောက်​ကူညီ​ပေးမယ့်​သူ ရှိလာခဲ့ရင်​ One to One အဖွဲ့က ဦး​ဆောင်​သူ ကိုဝမ်းက ဆရာကြီးအတွက်​ တာဝန်ယူ​​စီစဉ်​ပြီး ​နေရပ်​ကို ပြန်​လည်​ပို့​ဆောင်​​ပေးသွားမှာဖြစ်​တယ်​လို့ One to One အဖွဲ့ရဲ့​​ ​ကြေငြာချက်​အရ သိရှိရပါတယ်​။

ဆရာကြီးကို ကူညီ​စောင့်​​ရှောက်​လိုသူ​ အသိမိတ်​​ဆွေ​ ​ဆွေမျိုးသားချင်း​တွေအ​နေနဲ့ ONE TO ONE ကလေးလူနာကူညီရေးက တစ်​ဆင့်​ဆက်​သွယ်​ပြီး ဆရာကြီးအတွက်​ ကူညီ​ပေးနိုင်​ကြပါတယ်​ခင်​ဗျာ။

ONE TO ONE ကလေးလူနာကူညီရေး

ကိုဝမ်း ဖုန်း – 09765765179

မန္တလေးမြို့ သို့ ဆက်​သွယ်​နိုင်​ပါတယ်​ခင်​ဗျာ။

EFIL-AlinnMyay(အလင်းမြေ) Source – ONE TO ONE ကလေးလူနာကူညီရေး